မာတိကာဆီ ကျော်သွား

ဆေးပညာဆိုင်ရာကျင့်ဝတ်နဲ့ ဥပဒေ

ယေဟောဝါသက်သေတွေက အသက်ကိုတန်ဖိုးထားပြီး သူတို့ကိုယ်တိုင်နဲ့ သားသမီးတွေအတွက် အကောင်းဆုံးဆေးကုသမှုကို ရှာဖွေကြတယ်။ ခွဲစိတ်တာ၊ မေ့ဆေးသုံးတဲ့ ကုထုံး၊ ကိရိယာ၊ နည်းစနစ်တွေအပြင် သွေးတိတ်ဆေးစတဲ့ ဆေးဝါးကုသမှုအမျိုးမျိုးကို လက်ခံကြတယ်။ ဒါပေမဲ့ ပကတိသွေး၊ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား၊ သွေးရည်ကြည်တွေကို သွင်းတာနဲ့ နောက်ပိုင်းပြန်သွင်းဖို့အတွက် ခွဲစိတ်မှုမလုပ်ခင် ကိုယ့်သွေးကို ထုတ်ပြီးသိမ်းထား (PAD) တာကို ကျမ်းစာကတားမြစ်တယ်လို့ ယေဟောဝါသက်သေတွေ ယုံကြည်ကြတယ်။

ယေဟောဝါသက်သေဖြစ်တဲ့လူနာကို ကုသပေးတဲ့အခါ ဆရာဝန်တွေသုံးသပ်ရမယ့် ဆေးပညာဆိုင်ရာကျင့်ဝတ်၊ ဥပဒေရေးရာနဲ့ လူမှုရေးအချက်အလက်တွေ ဖြစ်ပါတယ်။