မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေများရဲ့ အသင်းတော် အစည်းအဝေးများ

အစည်းအဝေးတွေအကြောင်း လေ့လာကြည့်ပါ။ သင်နဲ့ နီးတဲ့နေရာမှာ ကျင်းပတဲ့ အစည်းအဝေးကို ရှာပါ။

အနီးဆုံး တည်နေရာကို ရှာပါ (window အသစ် ဖွင့်နေပါတယ်)

ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေကို ဘယ်လို ကျင်းပသလဲ။

ယေဟောဝါသက်သေတွေဟာ အစည်းအဝေးတွေကို တစ်ပတ်မှာ နှစ်ကြိမ် ကျင်းပကြပါတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) လူတိုင်းတက်ရောက်နိုင်တဲ့ အဲဒီအစည်းအဝေးတွေမှာ ကျမ်းစာသွန်သင်ချက်တွေကို ဘဝမှာ ဘယ်လို ကျင့်သုံးနိုင်တယ်ဆိုတာကို လေ့လာဆန်းစစ်ကြပါတယ်။

ဝတ်ပြုစည်းဝေး အစီအစဉ်အများစုမှာ ပရိသတ်တွေကိုလည်း ပါဝင်စေတဲ့အတွက် စာသင်ခန်းမှာ ဆွေးနွေးတဲ့ပုံစံနဲ့ တူပါတယ်။ ပါဝင်သူတွေက စေတနာ့ဝန်ထမ်းတွေ ဖြစ်တယ်။ အစည်းအဝေးတွေကို သီချင်းဆို ဆုတောင်းခြင်းနဲ့ အဖွင့် အပိတ် လုပ်ပါတယ်။

ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေကို တက်ရောက်ဖို့ ယေဟောဝါသက်သေဖြစ်စရာ မလိုပါဘူး။ ကျွန်တော်တို့နဲ့အတူ တက်ရောက်ဖို့ လူတိုင်းကို ဖိတ်ခေါ်ပါတယ်။ အခမဲ့ တက်ရောက်နိုင်ပါတယ်။ အလှူငွေကောက်ခံခြင်း မရှိပါဘူး။