မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁

ထိရောက်တဲ့နိဒါန်း

ထိရောက်တဲ့နိဒါန်း

တမန်တော် ၁၇:၂၂

အကျဉ်းချုပ်– စိတ်ဝင်စားမှုကို နှိုးဆွပေးတဲ့၊ ပြောမယ့်အကြောင်းအရာကို သိမြင်စေတဲ့ နိဒါန်း ဖြစ်သင့်တယ်။ အဲဒီအကြောင်းအရာကို ဘာကြောင့် စိတ်ဝင်စားသင့်တယ်ဆိုတာ နားထောင်နေသူတွေကို သိမြင်စေပါ။

လုပ်ဆောင်နိုင်ပုံ–

  • စိတ်ဝင်စားမှုကို နှိုးဆွပါ။ နားထောင်နေသူတွေ စိတ်ဝင်စားမယ့် မေးခွန်းတစ်ခု၊ အကြောင်းအရာတစ်ခု၊ ဖြစ်ရပ်မှန်တစ်ခု၊ သတင်းတစ်ပုဒ်ကို ရွေးပြောပါ။

  • အကြောင်းအရာကို သတ်သတ်မှတ်မှတ် ဖော်ပြပါ။ သင်ပြောမယ့်အကြောင်းနဲ့ ရည်ရွယ်ချက်ကို နားထောင်နေသူတွေ ရှင်းရှင်းလင်းလင်း သိမြင်နိုင်တဲ့ နိဒါန်းဖြစ်စေပါ။

  • အကြောင်းအရာက ဘာကြောင့် အရေးကြီးတယ်ဆိုတာ သိမြင်စေပါ။ နားထောင်နေသူတွေရဲ့ လိုအပ်ရာတွေနဲ့အညီ ပြောဆိုပါ။ ပြောနေတဲ့အကြောင်းအရာက သူတို့အတွက် အကျိုးရှိကြောင်း ရှင်းရှင်းလင်းလင်း နားလည်စေသင့်တယ်။