မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

AspctStyle/stock.adobe.com

အောက်မေ့ရာကင်ပိန်း

စစ်ပွဲတွေကို ယေရှု ဆုံးခန်းတိုင်စေမယ်

စစ်ပွဲတွေကို ယေရှု ဆုံးခန်းတိုင်စေမယ်

 မြေကြီးပေါ်ရှိချိန်မှာ ယေရှု လူတွေကို မေတ္တာအများကြီးပြတယ်။ အသက်စွန့်တဲ့အထိ မေတ္တာပြခဲ့တာ။ (မဿဲ ၂၀:၂၈။ ယောဟန် ၁၅:၁၃) မကြာခင်မှာ ယေရှုက ဘုရားနိုင်ငံတော်ဘုရင်အနေနဲ့ “မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေ” ခြင်းအားဖြင့် လူတွေကို မေတ္တာထပ်ပြပါတော့မယ်။—ဆာလံ ၄၆:၉

 ယေရှု လုပ်ဆောင်ပေးမယ့်အရာအကြောင်း ကျမ်းစာ အခုလိုဆိုတယ်–

  •   “အော်ဟစ်အကူအညီတောင်းနေတဲ့ နွမ်းပါးသူတွေ၊နိမ့်ကျသူတွေ၊ ကူကယ်ရာမဲ့သူတွေကို မင်းကြီး ကယ်တင်လိမ့်မယ်။ နိမ့်ကျသူတွေ၊ နွမ်းပါးသူတွေကို သနားလိမ့်မယ်။ ဆင်းရဲသားတွေရဲ့အသက်ကို ကယ်တင်လိမ့်မယ်။ သူတို့ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကနေ ကယ်တင်လိမ့်မယ်။”—ဆာလံ ၇၂:၁၂-၁၄

 ကျွန်တော်တို့အတွက် ယေရှု လုပ်ဆောင်ပေးခဲ့ရာတွေ၊ လုပ်ဆောင်ပေးမယ့်အရာတွေအတွက် ကျေးဇူးတင်ကြောင်း ဘယ်လိုပြနိုင်သလဲ။ လုကာ ၂၂:၁၉ မှာ ယေရှုက မိမိရဲ့သေခြင်းကို သတိရအောက်မေ့ဖို့ နောက်လိုက်တွေကို မှာခဲ့တယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေက နှစ်စဉ်နှစ်တိုင်း ယေရှုရဲ့သေခြင်းနှစ်ပတ်လည်နေ့မှာ စုဆုံစည်းဝေးကြတာပါ။ ၂၀၂၄ ခုနှစ်၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ယေရှုရဲ့သေခြင်းအောက်မေ့ရာနေ့ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

အောက်မေ့ရာအစီအစဉ် ကျင်းပမယ့် အချိန်နဲ့နေရာကို ရှာပါ