မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါဘုရားရဲ့ မိသားစု

ယေဟောဝါဘုရားရဲ့ မိသားစု

ကူးယူပါ–

  1. ၁။ တို့ရဲ့အနား အမြဲအသင့်ရှိနေမယ့်

    တမ်းတလိုက်ရုံလေးနဲ့ ပြေးလို့လာကူညီမယ့်

    ခင်မင်ရုံထက်မက မိသားစုအလား ချစ်မယ့်

    မိတ်စစ်ဆွေစစ်တို့ ရှာတွေ့ဖို့ အိပ်မက်လေး

  2. ၂။ တို့ အခု ရှာတွေ့ပြီ၊ တွေ့သွားပြီပဲ

    တို့အိပ်မက်လေး အတိုင်းပဲ နွေးထွေးမေတ္တာခံစား

    သူငယ်ချင်းထက်မက ခိုင်မြဲတဲ့ မိတ်စစ်များ

    ဘုရား မိသားစုပဲ၊ တကယ် ယေဟောဝါ ဘုရား လူမျိုး

    (ဆက်ဆိုရန်)

    မောင်နှမအများကြီး ကိုယ်ရနေပြီ၊ မိခင်တွေရောပဲ

    ဖခင်တွေနဲ့ ကလေးငယ်တွေ၊ ချစ်စရာ အစ်ကိုကြီးတွေ

    ကိုယ်စီ နောက်ခံ၊ ယဉ်ကျေးမှု၊ လူမျိုးတွေ မတူကြလည်း

    ဘုရားရဲ့ မိသားစု ဖြစ်ခွင့်ရလို့ ပျော်ရွှင်ကြ

  3. ၃။ တို့အချင်းချင်းမေတ္တာ မြဲခိုင်နှောင်ကြိုး

    တို့သိပ်လေးမြတ်တန်ဖိုးထား ကြီးမြတ်လှ ဒီခွင့်ထူး

    ညီကိုသင်းပင်း ကမ္ဘာချီ ဖြစ်ခွင့်ရထားလို့

    ဘုရားရဲ့ မိသားစု ဒီခွင့်ထူးတွက် ကျေးဇူးပဲ

    (ဆက်ဆိုရန်)

    ကိုယ်စီ နောက်ခံ၊ ယဉ်ကျေးမှု၊ လူမျိုးတွေ မတူကြလည်း

    ဘုရားရဲ့ မိသားစု ဖြစ်ခွင့်ရလို့ ပျော်ရွှင်ကြ

  4. ၄။ တို့အချစ် တည်မြဲဖို့၊ အဆုံးမရှိ ခိုင်မြဲဖို့

    ဘုရားရဲ့ အလိုတော်ပဲမို့ ဘုရားမေတ္တာ စဉ်တည်လို့

    မြင်ယောင်ကြည့်လိုက် ထာဝစဉ် တို့သက်ရှင်ရင်းလေ

    ဘုရားရဲ့ မိသားစု ထာဝစဉ် ဖြစ်ခွင့်ရမယ်လေ

    တို့တွေ ရှင်ယေဟောဝါ မိသားစု

    တို့ခွင့်ထူး

    တို့ခွင့်ထူး။