ယေဟောဝါအား တေးသီကျူးကြ—သီချင်းသစ်များ

ယေဟောဝါဘုရားသခင်ကို ဝတ်ပြုချီးမွမ်းတဲ့ သီချင်းသစ်တွေကို ခံစားကြည့်ပါ။ တေးသံနဲ့ စာသားကို ကူးယူပြီး ဒီသီချင်းကောင်းလေးတွေကို လေ့ကျင့်ပါ။

သီချင်း ၁၃၆

နိုင်ငံတော် ရောက်ရှိပြီ—လာပါစေ

ဒီသီချင်းဟာ ခရစ်တော်ယေရှုအားဖြင့် နိုင်ငံတော်အုပ်ချုပ်နေပြီဆိုတာ အသိအမှတ်ပြုရင်း ယေဟောဝါဘုရားသခင်ကို ချီးမွမ်းထားတဲ့ သီချင်းဖြစ်တယ်။

သီချင်း ၁၃၇

ရဲစွမ်းသတ္တိ ပေးလှည့်ပါ

နာမတော်အကြောင်း သတ္တိရှိရှိဟောပြောနိုင်ဖို့ ယေဟောဝါဘုရားဆီ ရဲစွမ်းသတ္တိ တောင်းခံတဲ့ ဒီသီချင်းကို ပူးပေါင်းသီဆိုပါ။

သီချင်း ၁၃၈

နာမတော် ယေဟောဝါဖြစ်

ယေဟောဝါရဲ့ ဘုန်းကြီးနာမတော်ကို ချီးမွမ်းပြီး ကိုယ်တော်သာ အမြင့်မြတ်ဆုံးဘုရားဖြစ်ကြောင်း လူအားလုံးကို သိစေပါ။

သီချင်း ၁၃၉

ကြံ့ကြံ့ခံရပ်တည်နိုင်အောင် သူတို့ကို သင်ပေးပါ

ကာကွယ်စောင့်ရှောက်ပေးဖို့၊ အသက်ပြေးပွဲမှာ သစ္စာရှိရှိခံရပ်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဘုရားဆီ အသနားခံပါ။

သီချင်း ၁၄၀

ရှေ့ဆောင်ဘဝ

ယေဟောဝါအပေါ်ထားတဲ့ တည်မြဲတဲ့မေတ္တာ၊ ကျေနပ်ဖွယ်လုပ်ငန်းကရတဲ့ ပျော်ရွှင်မှု၊ ကိုယ်မြတ်နိုးတဲ့ဘဝအကြောင်း ဖော်ကျူးပြပါ။

သီချင်း ၁၄၁

ငြိမ်သက်ခြင်းမြတ်နိုးသူများကို ရှာဖွေခြင်း

လူတွေအပေါ်ထားတဲ့ မေတ္တာ၊ ဘုရားသခင့် အဖိုးတန်သိုးတွေကို ဝီရိယရှိရှိရှာဖွေခြင်းအကြောင်း စပ်ဆိုထားတဲ့ အားတက်ပျော်ရွှင်ဖွယ်သီချင်းဖြစ်တယ်။

သီချင်း ၁၄၂

လူအမျိုးမျိုးကို ဟောပြောခြင်း

ယေဟောဝါရဲ့ကောင်းမြတ်ခြင်းအကြောင်း၊ ဘုရားသခင့်မိတ်ဆွေဖြစ်ဖို့ လူအမျိုးမျိုးကို ကြိုဆိုရာမှာ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍအကြောင်း သီဆိုပါ။

သီချင်း ၁၄၃

မှောင်မိုက်လောကထဲက အလင်း

ညမှောင်မှာ ထိန်လင်းနေ၊ ထွန်းလင်းလှ သတင်းတရား။

သီချင်း ၁၄၄

အသက်ရေးဖြစ်

အချိန်မနှောင်းခင် ဘုရားသခင့် သတင်းတရားကို ဟောဖြစ်အောင် ဟောရမယ်။

သီချင်း ၁၄၅

ဟောပြောဖို့ ပြင်ဆင်ခြင်း

အိမ်ထဲမှာ နေရတာ ပိုဇိမ်ကျနိုင်ပေမဲ့ အောင်မြင်ဖို့ လိုအပ်တဲ့ခွန်အားကို ရရှိနိုင်ပါတယ်။

​သီချင်း ၁၄၆

ငါ့ကို မင်းတို့ ​ကူညီပေးနေတာ

ဘိသိက်ခံညီတွေကို မေတ္တာပြပြီး ​ကူညီ​ထောက်မတဲ့ ဘယ်လုပ်ရပ်ကိုမဆို ​မိမိကို မေတ္တာပြပြီး ​ကူညီ​ထောက်မတယ်လို့ ယေရှု ယူမှတ်တယ်။

သီချင်း ၁၄၇

အထူးပိုင်ဆိုင်မှု

စွမ်းအားတော်နဲ့ ဘိသိက်ပေးထားတဲ့ သားတွေကို ယေဟောဝါ ချစ်မြတ်နိုးတယ်။ ဘုရားအလိုတော်အတိုင်း သူတို့ လုပ်ဆောင်လိုကြတယ်။

​သီချင်း ၁၄၈

အချစ်ဆုံးသားကို ပေးခဲ့

ပေးခဲ့သမျှမှာ တန်ဖိုးအကြီးဆုံးလက်ဆောင်အတွက် ယေဟောဝါကို ကျေးဇူးတင်ပါ။ ​အဲဒီလက်ဆောင်ကြောင့် လူတိုင်း မျှော်လင့်ချက်ရှိလာတယ်။

သီချင်း ၁၄၉

ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်ပါ

အကြီးမားဆုံးမေတ္တာလုပ်ရပ်ဖြစ်တဲ့ ယေရှုရဲ့ လိုလိုလားလား စွန့်လွှတ်အနစ်နာခံမှုက ယေဟောဝါကို ထာဝရ ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်းဖြစ်တယ်။

​သီချင်း ၁၅၀

တက်လှမ်းပါ

ယေဟောဝါ အသုံးပြုချင်တဲ့ ဘယ်ကဏ္ဍမှာမဆို ရွှင်လန်းစွာ အမှုဆောင်လိုတဲ့ ဆန္ဒကို ဖော်ပြပါ။

သီချင်း ၁၅၁

ဘုရားသားများ ပေါ်ထွန်းခြင်း

ဘုရားသားများ ပေါ်ထွန်းကြမှာ၊ ခရစ်သခင်နဲ့အတူ။ အောင်ပွဲခံမှာ သခင်နဲ့အတူ၊ ဆုကျေးဇူးလည်း ဝေမျှ။

​သီချင်း ၁၅၂

ကိုယ်တော်သာ မျှော်လင့်အားထားရာ

စိုးရွံ့စိတ် ရှိနေလို့ ကြောက်ရွံ့စိတ် ဖြစ်ပွားနေတာ။ ကိုယ်တော်သာ မျှော်လင့်ရာ၊ ခွန်အား၊ အားထားရာ။

သီချင်း ၁၅၃

ဘယ်လို ခံစားရလဲ

ထိုက်တန်သူတွေကို အတတ်နိုင်ဆုံး ရှာဖွေတဲ့အခါ ဘယ်လို ခံစားရလဲ။

သီချင်း ၁၅၄

ခံရပ်နေမယ်

အခက်အခဲတွေကို ခံရပ်ပြီး ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်ဖို့ ကူညီပေးမယ့် သီချင်း။