မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၇

သစ္စာရှိ အမျိုးသမီးများ

သစ္စာရှိ အမျိုးသမီးများ

(ရောမ ၁၆:၂)

  1. ၁။ ဧသတာ၊ မာရိ၊ စာရာ၊ ရုသနဲ့ အခြား

    စွမ်းရည်ရှိ မိန်းမများ၊ သစ္စာရှိ မယား။

    အသက်တာမှာ ဘုရားဝတ်ကို အဓိကထား။

    နာမည်နဲ့ တို့သိသော သစ္စာရှိသူများ။

    ယေဟောဝါ့မျက်နှာရ အခြားမိန်းမများ၊

    အမည်မပါသော်လည်း ယုံကြည်ခြင်း တူအလား။

  2. ၂။ သတ္တိ၊ မေတ္တာ၊ ကောင်းမြတ်မှု၊ ချစ်ခင်ကြင်နာ၊

    အဖိုးတန်နှစ်သက်ဖွယ် အရည်အသွေးများ၊

    ထူးကဲလှ ထိုမိန်းမများ သတိရစေ။

    တန်ဖိုးထားဖွယ် စံနမူနာကောင်းများဖြစ်။

    သူတို့နည်းကျင့် ခရစ်ယာန် ညီအစ်မများ၊

    သင့်ဝတ်ပြုမှု အဖိုးတန်၊ ပျော်မွေ့သင့် အမွေဥစ္စာ။

  3. ၃။ မုဆိုးမ၊ မယား၊ မိခင်၊ သမီး၊ ညီအစ်မ၊

    ကိုယ်ကျရာတာဝန်များ အားထုတ်ထမ်းဆောင်ကြ။

    ရိုးကုပ်မူရာ၊ နှလုံးမှ ကျိုးနွံနာခံ၊

    ဘုရား နှစ်သက်မှုရ၊ ကြောက်ဖို့ မလိုပါ။

    ဆုလာဘ် နီးပြီ ခရစ်ယာန် ညီအစ်မများ၊

    စွဲမြဲဖို့ ယေဟောဝါ စောင်မစေ သင်တို့အား။

(ဖိ. ၄:၃။ ၁ တိ. ၂:၉၊ ၁၀။ ၁ ပေ. ၃:၄၊ ၅ တို့ကိုလည်း ကြည့်ပါ။)