မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ

ဝမ်းနည်းပူဆွေးသူများအတွက် အကောင်းဆုံး အကူအညီ

ဝမ်းနည်းပူဆွေးသူများအတွက် အကောင်းဆုံး အကူအညီ

ချစ်ရသူ ဆုံးပါးသွားလို့ ကြေကွဲ​နာကျင်မှု​အကြောင်း​ကို မကြာသေးမီ​ကာလတွေမှာ များစွာ လေ့လာ​ခဲ့​ကြတယ်။ ဒါပေမဲ့​ အစပိုင်းမှာ ဖော်ပြခဲ့တဲ့​အတိုင်း အကောင်းဆုံး အကြံပြုချက်​တွေဟာ သမ္မာကျမ်းစာမှာ တွေ့ရတဲ့ ရှေးခေတ်​ပညာရှိ​စကား​တွေနဲ့ ကိုက်ညီတယ်။ ကျမ်းစာ အကြံပြုချက်​တွေဟာ အခု​ချိန်​အထိ အသုံးဝင်​နေဆဲ​ပါပဲ။ တကယ်တော့ ကျမ်းစာမှာ ပို​အားထား​နိုင်တဲ့ အကြံပြုချက်​တွေ ပါတယ်။ တခြား​နေရာတွေမှာ မ​တွေ့​နိုင်တဲ့ အချက်အလက်​တွေ​ကြောင့် ဝမ်းနည်းပူဆွေး​သူတွေကို အတိုင်းမသိ နှစ်သိမ့်​ပေး​နိုင်တယ်။

  • ချစ်​ရတဲ့ သေလွန်သူတွေ ဝေဒနာ မခံစား​ရ​ကြောင်း အာမခံ​ချက်

    “သေလွန်​သူကတော့ ဘာမှ​မသိ​ဘူး” လို့ ဒေသနာ ၉:၅ မှာ ဆိုထားတယ်။ “သူ့​အကြံအစည်​တွေ ပျက်စီး​သွားတယ်။” (ဆာလံ ၁၄၆:၄) ဒါကြောင့်​ ကျမ်းစာမှာ သေခြင်းကို အိပ်ပျော်ခြင်းနဲ့ ခိုင်းနှိုင်း​ထားတယ်။—ယောဟန် ၁၁:၁၁

  • မေတ္တာရှင် ဘုရား​သခင်​ကို အခိုင်အမာ ယုံကြည်ခြင်းက နှစ်သိမ့်​ပေး

    ဆာလံ ၃၄:၁၅ မှာ “ယေဟော​ဝါ *က ဖြောင့်မတ်​သူတွေကို ကြည့်ရှု​နေ​တယ်။ သူတို့ရဲ့ အော်ဟစ်​အကူအညီ​တောင်း​သံ​ကို နားထောင်​နေ​တယ်” လို့ ဆိုထားတယ်။ ဘုရား​သခင်​ဆီ ရင်ဖွင့်​ဆုတောင်း​ခြင်းက ကိုယ့်​ခံစား​ချက်တွေ ထိန်းချုပ်ခြင်း​ထက် ပို​ကောင်းတယ်။ ပို​ကောင်းတဲ့ ကုစားနည်းလည်း ဖြစ်တယ်။ နှစ်သိမ့်​ပေးနိုင်စွမ်း​ရှိတဲ့ ဖန်ဆင်း​ရှင်​နဲ့ ကောင်းတဲ့​ဆက်ဆံရေး ရှိဖို့ ကူညီ​ပေး​တယ်။

  • ပို​ကောင်းတဲ့ အနာဂတ် မျှော်လင့်ချက်

    သေလွန်သူတွေ ဒီ​ကမ္ဘာပေါ် အသက်ပြန်ရှင်​လာမယ့်​အချိန်​ကို မြင်ယောင်​ကြည့်ပါ။ အဲဒီ​အချိန်​အကြောင်း​ ကျမ်းစာမှာ မကြာခဏ ဖော်ပြ​ထားတယ်။ အဲဒီ​အချိန်​ကျရင် ဘယ်လို ဖြစ်မယ်​ဆိုတာကို ကျမ်းစာမှာ ဒီလို​ဖော်ပြ​ထားတယ်– “ဘုရား​သခင်​က [ကျွန်တော်​]တို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်​ပေး​လိမ့်မယ်။​ သေခြင်း​ရှိတော့မှာ မဟုတ်​ဘူး။ ငိုကြွေး​မြည်တမ်း​ခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်​ဘူး။”—ဗျာဒိတ် ၂၁:၃၊ ၄

ယေဟော​ဝါ​ဘုရား​ကို ယုံကြည်သူ​များစွာဟာ ချစ်​ရတဲ့ သေလွန်သူတွေကို တစ်နေ့​ ပြန်တွေ့​ရမယ်ဆိုတဲ့ မျှော်လင့်ချက်​ကြောင့် ပူဆွေးမှု​ကို ရင်ဆိုင်​ဖြေရှင်း​နိုင်ကြတယ်။ ဥပမာ၊ အသက် ၆၅ နှစ်အရွယ် ခင်ပွန်းသည်​ကို ဆုံးရှုံး​ခဲ့​တဲ့ အန်းက ပြော​တယ်– “ချစ်​ရတဲ့ သေလွန်​သူတွေ ဝေဒနာ မခံစား​ရဘူး၊ ဘုရား​သခင်​ အောက်မေ့​သတိရ​တဲ့​သူတွေကို အသက်ပြန်ရှင်​စေမယ်လို့ ကျမ်းစာက အာမခံ​ထားတယ်။ ဆုံးရှုံးမှု​အကြောင်း​ တွေးမိ​တိုင်း အဲဒီ​အချက်​တွေ ပြန်​သတိရ​လာတယ်။ ဒါကြောင့်​လည်း ကြုံခဲ့ဖူးသမျှမှာ အဆိုးဆုံး​အရာကို ရင်ဆိုင်​ဖြေရှင်း​နိုင်တာပေါ့။”

ဒီ​ဆောင်းပါး​တွဲ အစပိုင်းမှာ ဖော်ပြတဲ့ တီနာက ပြော​တယ်– “တီမို ဆုံးသွား​ကတည်းက ဘုရား​ရဲ့ ကူညီ​ထောက်မမှုကို ခံစား​ရတယ်။ စိတ်ဖိစီး​နေချိန်​တစ်လျှောက် ယေဟော​ဝါရဲ့ ကူညီ​ဖေးမ​မှု​ကို သိသိသာသာ ခံစား​ရတယ်။ ကျမ်းစာမှာ​ပါတဲ့ ရှင်ပြန်ထမြောက်ခြင်း​ကတိဟာ ကျွန်မ​အတွက်​ တကယ့်​အစစ်အမှန်​ပဲ။ တီမိုကို ပြန်တွေ့​ရမယ့်​နေ့​အထိ ရှေ့​ဆက်​ဖို့ အားရှိစေတယ်။”

ဒီ​စကား​တွေဟာ ကျမ်းစာကို ယုံကြည်​အားထား​တဲ့ လူ​သန်းချီရဲ့ စကား​နဲ့ ထပ်တူ​ကျတယ်။ ကျမ်းစာ​အဆို​တွေ လက်တွေ့​မကျ​ဘူး၊ စိတ်ကူးယဉ်​ဆန်တယ်လို့ ယူဆ​ရင် ကျမ်းစာ​အကြံပြုချက်​တွေ၊ ကတိ​တွေ လက်တွေ့ကျ​မကျ ကိုယ်တိုင် ဆန်းစစ်​ကြည့်ပါ။​ ကျမ်းစာဟာ ဝမ်းနည်းပူဆွေး​သူတွေ​အတွက်​ အကောင်းဆုံး အကူအညီ​ ဖြစ်ကြောင်း တွေ့ရှိ​ရပါမယ်။

သေလွန်သူတွေ​အတွက်​ မျှော်လင့်ချက်​အကြောင်း​ ထပ်​လေ့လာပါ

jw.org/my ဝက်ဘ်ဆိုက်၊ စာကြည့်တိုက် > ဗီဒီယိုများ ခေါင်းစဉ်အောက်က သက်ဆိုင်တဲ့ ဗီဒီယိုတွေ ကြည့်ပါ။

ချစ်ရတဲ့ သေလွန်သူတွေ ပြန်အသက်ရှင်လာတာကို ကြိုဆိုရမယ့်အကြောင်း ကျမ်းစာမှာ ကတိပြုထား

သေလွန်​သူတွေရဲ့ အခြေအနေ​က ဘယ်လို​ရှိသလဲ

လူသေရင် ဘာ​ဖြစ်သွား​သလဲ။​ ကျမ်းစာရဲ့ ရှင်းလင်း​တဲ့​အဖြေက​ နှစ်သိမ့်​အားပေးမှု ဖြစ်စေ

စာကြည့်တိုက် > ဗီဒီယိုများ ခေါင်းစဉ်​အောက်မှာ ကြည့်ပါ (ဗီဒီယို​အမျိုးအစား။ သမ္မာကျမ်းစာ > သမ္မာကျမ်းစာ သွန်သင်ချက်များ)

သတင်းကောင်း ကြား​ချင်​သလား

နေရာတိုင်းမှာ သတင်းဆိုး​တွေ​ မြင်နေ၊​ ကြားနေ​ရတဲ့​အတွက်​ သတင်းကောင်းကို ဘယ်​ကနေ ရှာတွေ့​နိုင်မလဲ။

သမ္မာကျမ်းစာ သွန်သင်ချက်များ > ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်း ခေါင်းစဉ်​အောက်မှာ ကြည့်ပါ

^ အပိုဒ်၊ 7 ယေဟော​ဝါဆိုတာ သမ္မာကျမ်းစာမှာ​ပါတဲ့ ဘုရား​သခင့် နာမတော် ဖြစ်တယ်။