မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစု အတူတကွလေ့လာရန်

မိသားစု အတူတကွလေ့လာရန်

မိသားစု အတူတကွလေ့လာရန်

ဒီပုံမှာလိုနေတဲ့အရာက ဘာလဲ

ကမ္ဘာဦး ၁:၂၁-၂၈ ကိုဖတ်ပါ။ ဖတ်ပြီးတဲ့အခါ ရုပ်ပုံကိုကြည့်ပါ။ ပုံမှာဘာတွေလိုနေသလဲ။ အောက်မှာပါတဲ့ မျဉ်းကြောင်းတွေမှာ အဖြေတွေကို ချရေးပါ။ ရုပ်ပုံအပြည့်အစုံဖြစ်သွားအောင် အစက်တွေကို နံပါတ်အစဉ်အလိုက် မျဉ်းဆွဲပါ။ ပြီးရင်အရောင်ခြယ်ပါ။

၁။ ․․․․․

၂။ ․․․․․

[ပုံကြမ်း]

(စာစောင်တွင်ကြည့်ပါ)

ဆွေးနွေးရန်–

“ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” လို့ ဘုရားသခင်ပြောနေတာ ဘယ်သူ့ကိုလဲ။

သဲလွန်စ– ယောဟန် ၁၇:၁၊ ၅; ကောလောသဲ ၁:၁၅၊ ၁၆ တို့ကိုဖတ်ပါ။

ဘယ်လိုနည်းနဲ့ လူကို ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်နဲ့ဖန်ဆင်းခဲ့သလဲ။

သဲလွန်စ– ကောလောသဲ ၃:၁၀; ၁ ပေတရု ၁:၁၆ တို့ကိုဖတ်ပါ။

ယေဟောဝါဘုရားသခင်နဲ့ ယေရှုတို့ရဲ့ ဘယ်အရည်အသွေးကို သင်အနှစ်သက်ဆုံးလဲ။ အဲဒီအရည်အသွေးတွေကို သင်ဘယ်လိုတုပနိုင်မလဲ။

သဲလွန်စ– ဧဖက် ၄:၃၁၊ ၃၂; ၁ ယောဟန် ၄:၇၊ ၈ တို့ကိုဖတ်ပါ။

မိသားစုလုပ်ဆောင်နိုင်ရာ–

သင်ချစ်တဲ့ တိရစ္ဆာန် ငါးကောင်ကို ချရေးပါ။ ပြီးတဲ့နောက် အာဒံလုပ်ခဲ့သလို သူတို့ရဲ့ပုံစံ၊ သူတို့အသံနဲ့ အမူအရာကိုကြည့်ပြီး နာမည်အသစ် ပေးကြည့်ပါ။ အဲဒီနာမည်အသစ်တွေကို အသံထွက်ဖတ်ပြတဲ့အခါ သင် ဘာအကောင်ကိုပြောတာလဲဆိုတာ မိသားစုဝင်တွေ သိနိုင်သလား။

စုထားပါ၊ သင်ယူပါ

ဖြတ်ယူထားပြီး ခေါက်ချိုးခေါက်ကာ သိမ်းထားပါ

ကျမ်းစာကတ်နံပါတ် ၃ ပေါလု

ကွက်လပ်ဖြည့်ပါ

က။ ပေါလုဟာ ကိုယ့်ကိုယ်ကိုယ်ထောက်ပံ့ဖို့အတွက် ________ ချုပ်တဲ့အလုပ်ကို လုပ်ခဲ့တယ်။

ခ။ ပေါလုဟာ “လူထုရှေ့တွင်လည်းကောင်း၊ ________ လည်းကောင်း” သွန်သင်ပေးခဲ့တယ်။

ဂ။ ပေါလုရှင်ပြန်ထမြောက်ပေးတဲ့ လူငယ်လေးရဲ့နာမည်က ________ ဖြစ်ပါတယ်။

[ဇယား]

ဘီစီ ၄၀၂၆ အာဒံကို ဖန်ဆင်းခဲ့

အေဒီ ၁

အေဒီ ပထမရာစုမှာ အသက်ရှင်ခဲ့

အေဒီ ၉၈ သမ္မာကျမ်းစာရဲ့ နောက်ဆုံး ကျမ်းစောင်ကိုရေးသားပြီးစီးခဲ့

[မြေပုံ]

တာရှုမြို့မှာ မွေးဖွားခဲ့တယ်။ ဥရောပနဲ့ အာရှမိုင်းနားမှာ ခရစ်ယာန်သာသနာပြုတစ်ယောက်အဖြစ် အမှုဆောင်ခဲ့တယ်။

ဥရောပ

ရောမ

အာရှ မိုင်းနား

တာရှုမြို့

ဂျေရုဆလင်မြို့

ပေါလု

ကိုယ်ရေးအကျဉ်း

အရင်က ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်သူဖြစ်ပေမဲ့ ခရစ်ယာန်ဖြစ်လာတဲ့အခါ လူမျိုးခြားတို့နဲ့ဆိုင်တဲ့ တမန်တော်ဖြစ်လာတယ်။ ယေဟောဝါဘုရားသခင်က သူ့ကို ခရစ်ယာန်ဂရိကျမ်းစောင် ၁၄ စောင် ရေးသားစေခဲ့တယ်။ ပေါလုဟာ ဥရောပနဲ့ အာရှမိုင်းနားမှာ ခရစ်ယာန်သာသနာပြုတစ်ယောက်အနေနဲ့ မိုင်ထောင်နဲ့ချီသွားလာပြီး အသင်းတော်တွေကို တည်ထောင်ခဲ့တယ်။—ရောမ ၁၁:၁၃; ၁ တိမောသေ ၁:၁၂-၁၆

အဖြေများ

က။ တဲရှင်။—တမန်တော် ၁၈:၃-၅

ခ။ တစ်အိမ်မှတစ်အိမ်သွား၍။ —တမန်တော် ၂၀:၂၀

ဂ။ ဥတုခု။—တမန်တော် ၂၀:၇-၁၂

ညီအစ်ကို၊ ညီအစ်မတွေနဲ့ သူတို့နေထိုင်တဲ့ ဒေသတွေ

၃။ ကျွန်တော့်နာမည်က မာတီးဖြစ်ပြီးအသက်က ၇ နှစ်ပါ။ ကျွန်မနာမည်ကတော့ နီအာ ဖြစ်ပြီးအသက် ၈ နှစ်ပါ။ ကျွန်မတို့က ဂျော်ဂျီယာသမ္မတနိုင်ငံမှာ နေထိုင်ပါတယ်။ ဂျော်ဂျီယာမှာ ယေဟောဝါသက်သေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ သိပါသလား။ ၁၀,၀၀၀ လား၊ ၁၇,၀၀၀ လား ဒါမှမဟုတ် ၂၆,၀၀၀ လား။

၄။ ကျွန်တော်တို့နေတဲ့နေရာကို ထောက်ပြနိုင်မလား။ အဲ့ဒီနေရာကို ဝိုင်းပြပါ။ သင်နေတဲ့ နေရာကို အစက်တစ်ခုချပြီး ဂျော်ဂျီယာနိုင်ငံနဲ့ သင်တို့နိုင်ငံအကွာအဝေးကို ကြည့်ပါ။

က

ကလေးတွေ ရုပ်ပုံရှာကြည့်ပါ

ဒီရုပ်ပုံက ဒီစာစောင်ရဲ့ ဘယ်နေရာမှာ ပါသလဲ။ ဘာပုံလဲဆိုတာ ကိုယ်ပိုင်စကားနဲ့ ရှင်းပြပါ။

မိသားစုအတူတကွလေ့လာရန်” အတွက် နောက်ထပ်အကြောင်းအရာတွေကို www.ps8318.com ကနေကူးယူနိုင်ပါတယ်။

● “မိသားစုအတူတကွလေ့လာရန်” အတွက် အဖြေတွေ စာမျက်နှာ ၇ မှာပါတယ်။

စာမျက်နှာ ၃၀ နဲ့ ၃၁ အတွက် အဖြေများ

၁။ ပျံတတ်သော ငှက်မျိုး။

၂။ သားရဲတိရစ္ဆာန်။

၃။ ၁၇,၀၀၀။

၄။ ခ။