မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ပါဝင်စားမှု ရှိပါ

စိတ်ပါဝင်စားမှု ရှိပါ

ဘယ်အလုပ်မှာမဆို လက်တွေ့ကျ တန်ဖိုးကို မြင်မှသာ စိတ်ဝင်တစား ကြိုးစားလုပ်ဆောင်နိုင်မှာ ဖြစ်တယ်။

ကျောင်းကနေရရှိတဲ့ လက်တွေ့ကျတန်ဖိုးက ဘာလဲ။ ကျောင်းက ဉာဏ်ပညာရရှိစေတယ်။ “ပညာသည် ကွယ်ကာတတ်၏” ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေ. ၇:၁၂) ဘယ်လိုနည်းနဲ့ ကွယ်ကာပေးသလဲ။ ဥပမာ၊ သင်က အန္တရာယ်များတဲ့ နယ်မြေမှာ လမ်းလျှောက်နေရတယ် ဆိုပါစို့။ သင်တစ်ယောက်တည်း လျှောက်ချင်သလား ဒါမှမဟုတ် လိုအပ်ရင် သင့်ကို ကာကွယ်ပေးနိုင်တဲ့ သူငယ်ချင်းတွေနဲ့အတူ လျှောက်ချင်သလား။ အခြေခံပညာရေး ကောင်းကောင်း ရှိထားခြင်းက “သူငယ်ချင်း” တွေလို အားကိုးရပြီး သင်နဲ့အတူ အမြဲရှိနေနိုင်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်စေတယ်။ အောက်ပါ အရည်အသွေးတွေဖြစ်တယ်–

  • စဉ်းစားချင့်ချိန်နိုင်စွမ်း။ ကျောင်းတက်ခြင်းက ‘ပညာဉာဏ်နဲ့ ထိုးထွင်းဉာဏ်’ ကို တိုးတက်လာစေတယ်။ (သု. ၃:၂၁ခမ) အဲဒီ အရည်အသွေးတွေက ပြဿနာတွေ ပေါ်လာတဲ့အခါ သူများကိုပဲ အားကိုးမယ့်အစား ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်စေတယ်။

  • လူမှုပေါင်းသင်းဆက်ဆံနိုင်စွမ်း။ စိတ်ရှည်ခြင်း၊ ချုပ်တည်းခြင်းစတဲ့ အရည်အသွေးတွေကို မွေးမြူကြဖို့ သမ္မာကျမ်းစာက တိုက်တွန်းတယ်။ (ဂလာတိ ၅:၂၂၊ ၂၃) ကျောင်းမှာ လူအမျိုးမျိုးရှိတဲ့အတွက် အဲဒီအရည်အသွေးအပြင် သည်းခံစိတ်၊ ရိုသေလေးစားမှု၊ စာနာမှုစတဲ့ အရည်အသွေးတွေကို တင်ပြနိုင်တဲ့ အခွင့်အရေးရစေတယ်။ အဲဒီအရည်အသွေးတွေက သင် လူကြီးဖြစ်လာတဲ့အခါမှာလည်း အထောက်အကူပြုတယ်။

  • လက်တွေ့အသုံးဝင်မယ့် လေ့ကျင့်မှု။ ကျောင်းကနေ အလုပ်ကြိုးစား လုပ်ဆောင်တတ်ဖို့ သင်ပေးတဲ့အတွက် အဲဒါက အလုပ်ရဖို့နဲ့ အလုပ်မြဲဖို့ အထောက်အကူပြုမှာ ဖြစ်တယ်။ အဲဒီအပြင် သင့်ဝန်းကျင် ကမ္ဘာလောကအကြောင်း ပိုသိလာတာနဲ့အမျှ သင်ဟာ ဘယ်လို လူစားလဲ၊ သင့်အတွက် အရေးအကြီးဆုံးက ဘာလဲဆိုတာတွေကို ပိုသိလာပါလိမ့်မယ်။ (သု. ၁၄:၁၅) ဒီအသိတွေကြောင့် သင့်ယုံကြည်ချက်အကြောင်းကို ပိုလေးစားစွာ ရှင်းပြနိုင်လာပါလိမ့်မယ်။—၁ ပေတရု ၃:၁၅

အဓိကအချက်– အခြေခံပညာရေးကို သင် လိုအပ်တဲ့အတွက် ကျောင်းနဲ့ ပတ်သက်ပြီး သင်မကြိုက်တဲ့ အကြောင်းတွေကို စဉ်းစားနေခြင်းက အကျိုးမရှိဘူး။ အဲဒီအစား ကျောင်းကို သင် စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးတဲ့ ဖော်ပြပါအချက်တွေကို စဉ်းစားပါ။ ကျောင်းတက်ခြင်းရဲ့ တခြား အကျိုးကျေးဇူးတွေကိုတောင် သင် စဉ်းစားမိပါလိမ့်မယ်။