မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ် စစ်မှုထမ်းဟောင်း အယောက် ၂၀ ကျော်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေနေကြတယ်။ စစ်မှုထမ်းဟောင်းအဖွဲ့က ထောက်ပံ့နေတဲ့ စစ်မှုထမ်းဟောင်းတွေထဲက အယောက် ၉၅၀ ခန့်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လစဉ် ကြံစည်နေကြတယ်။

တရုတ်

“ရပ်ဝေးမှာ အလုပ်သွားလုပ်တဲ့ အသက် ၃၀ အောက် အမျိုးသမီးထက်ဝက်လောက်က လက်မထပ်ခင် ကိုယ်ဝန်ရနေကြတယ်။ လွန်ခဲ့တဲ့မျိုးဆက်တစ်ဆက်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရေအတွက်က တစ်ဟုန်ထိုးတိုးများလာတယ်။” (China Daily) “လက်မထပ်ဘဲ အတူနေထိုင်တာကို ပိုလက်ခံလာကြတယ်” လို့ တရုတ်အသိုင်းအဝိုင်းက ဆိုတယ်။

ဂရိ

ဂရိမှာ ၁၉၇၄ ခုနှစ်ကတည်းက နိုင်ငံကနေ အမြစ်ပြတ်ချေမှုန်းလိုက်တဲ့ ငှက်ဖျားရောဂါဟာ တစ်ကျော့ပြန်ခေါင်းထောင်လာတယ်။ စီးပွားရေးကပ်ဆိုက်မှုနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေကြေးအသုံးမပြုတော့တာက ဒီရောဂါပြန်ပေါ်လာခြင်းရဲ့ တရားခံဖြစ်တယ်လို့ ဆိုကြတယ်။

အိန္ဒိယ

စစ်တမ်းတစ်ခုအရ လူမှုအဖွဲ့အစည်းတွေ လျင်မြန်စွာ ပြောင်းလဲလာပေမဲ့လည်း ၇၄ ရာခိုင်နှုန်းဟာ အချင်းချင်း ချစ်ကြိုက်လို့ယူတာထက် မိဘစီစဉ်ပေးတာကိုပဲ ပိုသဘောကျတယ်လို့ ဖော်ပြတယ်။ ၈၉ ရာခိုင်နှုန်းက အိမ်ခွဲမနေဘဲ မိသားစု တစ်စုတစ်စည်းတည်းနေတာကို ပိုသဘောကျတယ်။

အီတလီ

“ဥရောပမှာရော အမေရိကမှာပါ ချာ့ခ်ျက စိတ်ကုန်စရာကောင်းတဲ့အရာ ဖြစ်နေပြီ။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေက ခေတ်နောက်ကျနေပြီ၊ ချာ့ခ်ျတွေကတော့ ကြီးပါတယ်၊ ဒါပေမဲ့ တက်တဲ့သူမရှိသလောက်ပဲ။ ချာ့ခ်ျရဲ့ အုပ်ချုပ်မှုစနစ်ကလည်း ရှုပ်ထွေးတယ်၊ ကျွန်တော်တို့ရဲ့ ထုံးတမ်းတွေနဲ့ ဝတ်ရုံကြီးတွေကလည်း ဟိတ်ကြီးဟန်ကြီးဖြစ်လွန်းတယ်။ ချာ့ခ်ျက အနှစ် ၂၀၀ နောက်ကျကျန်ခဲ့ပြီ။”—Corriere della Sera သတင်းစာမှာပါတဲ့ ကာဒီနယ်ဘုန်းတော်ကြီး ကာလို မာရီးယာ မာတီနီ နဲ့ တွေ့ဆုံမေးမြန်းချက်။