မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အမေရိကန်ပြည်ထောင်စု

စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားများအရ အမေရိကန်အိမ်ထောင်စု ၁၄.၅ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၄၉ သန်းဟာ ၂၀၁၂ ခုနှစ်အတွင်း “အစားအစာရဖို့၊ မိသားစုဝင်အားလုံးရဲ့ လိုအပ်တဲ့အစားအစာကို ဖြည့်ဆည်းပေးဖို့ မသေမချာဖြစ်ခဲ့ရတယ်” လို့ သိရတယ်။

စပိန်

တက္ကသိုလ်ကျောင်းသားတွေကို လေ့လာကြည့်တဲ့အခါ ကျောင်းသား ၄၁ ရာခိုင်နှုန်း၊ ကျောင်းသူ ၅၆ ရာခိုင်နှုန်းက အရက် အလွန်အကျွံသောက်တယ်လို့ ဝန်ခံကြတယ်။ ဒီလေ့လာချက်အရ ယောက်ျားလေးက ၈ ခွက်၊ မိန်းကလေးက ၆ ခွက် တစ်ထိုင်တည်းသောက်တာကို အရက်အလွန်အကျွံသောက်တယ်လို့ သိရပါတယ်။

ပစိဖိတ်သမုဒ္ဒရာ

မာရီယာနာချောက်ရဲ့ အနက်ပေ ၃၆,၀၀၀ (၁၁,၀၀၀ မီတာ) ကနေ ယူလာတဲ့ နမူနာတွေမှာ ဘက်တီးရီးယားနဲ့ တခြားအဏုဇီဝပိုးမွှားလေးတွေ ရှိတာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တယ်။ အဲဒီနေရာမှာ မှောင်မိုက်နေပြီး၊ ရေထုဖိအား ပြင်းထန်တဲ့အပြင် အေးခဲလုမတတ်ဖြစ်နေတာတောင် အဲဒီသက်ရှိတွေ ရှင်သန်နိုင်ကြတယ်။ အရင်တုန်းက ဒီလောက်နက်တဲ့နေရာမှာ သက်ရှိတွေ မရှိနိုင်ဘူးလို့ ယူဆခဲ့ဖူးတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု

မကြာသေးမီက အဝလွန်မှု တိုးများလာတာကို တိုက်ဖျက်ဖို့ ဒူဘိုင်းအာဏာပိုင်တွေက ခန္ဓာကိုယ်အလေးချိန် ၂.၂ ပေါင် လျှော့ချနိုင်တဲ့သူကို ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာနဲ့ ညီမျှတဲ့ ရွှေ တစ်ဂရမ် ဆုချခဲ့တယ်။ ဒီရွှေဆုရဖို့ လူတွေက နာမည်စာရင်းပေးသွင်းရပြီး အစ္စလာမ်ဥပုသ်လ (ရမ္မဇန်လ) အတွင်း အနည်းဆုံး ၄.၄ ပေါင် (၂ ကီလိုဂရမ်) လျှော့ချရမှာ ဖြစ်တယ်။