မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ဆုတောင်းဖို့ လိုသလား

လူတွေ ဘာကြောင့် ဆုတောင်းတာလဲ

လူတွေ ဘာကြောင့် ဆုတောင်းတာလဲ

သင် မှန်မှန် ဆုတောင်းသလား။ ဘုရားမရှိဘူးလို့ ယုံတဲ့သူတချို့တောင် ဆုတောင်းကြတယ်။ လူတွေ ဘာကြောင့် ဆုတောင်းကြတာလဲ။ ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ ဆန်းစစ်လေ့လာချက်အရ အဲဒီနိုင်ငံသားထက်ဝက်ဟာ “စိတ်သက်သာရာရဖို့လောက်ပဲ” ဆုတောင်းကြ၊ တရားထိုင်တတ်ကြတယ်။ ဥရောပတိုက်သားအများစုလိုပဲ သူတို့လည်း ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ ဆုတောင်းတာ မဟုတ်ဘူး။ ဘုရားကို ယုံတဲ့သူတချို့တောင် သူတို့လိုအပ်တဲ့အချိန်မှပဲ ဘုရားဆီ ဆုတောင်းပြီး ဖြေကြားချက်ကို ချက်ချင်း လိုချင်ကြတယ်။—ဟေရှာယ ၂၆:၁၆

သင်ကော။ ဆုတောင်းခြင်းဆိုတာ စိတ်သက်သာရာရဖို့လောက်ပဲလို့ ထင်သလား။ သင်ဟာ ဘုရားကို ယုံတဲ့သူဖြစ်တယ်ဆိုရင် သင့်ဆုတောင်းချက်တွေ ဖြေကြားခံရဖူးသလား။ ဒါမှမဟုတ် ဆုတောင်းချက်တွေ ဖြေကြားမခံရတဲ့ပုံ ပေါက်နေသလား။ ဆုတောင်းခြင်းက စိတ်သက်သာရာရစေတဲ့ နည်းလောက်ပဲမဟုတ်ဘဲ ဘုရားသခင်နဲ့ ရင်းနှီးစေတယ်။ သမ္မာကျမ်းစာမှာ အဲဒီအကြောင်းဖော်ပြထားတာကို သုံးသပ်ကြည့်ရအောင်။