မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ဘုရားသခင့်နိုင်ငံတော်က​–သင့်အတွက် ဘာတွေလုပ်ပေးမှာလဲ

ဘုရားသခင့်နိုင်ငံတော်ကို ဘာဖြစ်လို့ စိတ်ဝင်စားသင့်တာလဲ

ဘုရားသခင့်နိုင်ငံတော်ကို ဘာဖြစ်လို့ စိတ်ဝင်စားသင့်တာလဲ

ကမ္ဘာတစ်ဝန်းက လူများစွာဟာ ဘုရားသခင့်နိုင်ငံတော်ကို မျှော်လင့်စောင့်စားနေကြပါတယ်။ “နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” လို့ ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့တဲ့အတိုင်း သူတို့ ထက်ထက်သန်သန် ဆုတောင်းနေပြီး ကိုယ်တော့်စံနမူနာကို ကြိုးစားတုပနေကြတယ်။—မဿဲ ၆:၁၀

ဘုရားသခင့်နိုင်ငံတော်ကို လူတော်တော်များများက စိတ်ဝင်စားကြပေမဲ့ ဘာသာတရားအများစုကတော့ အလေးမထားကြဘူး။ သမိုင်းပညာရှင် အိတ်ခ်ျ. ဂျီ. ဝဲလ်က ဒီလိုပြောခဲ့တယ်– ယေရှုက “ကောင်းကင်နိုင်ငံတော်အကြောင်း အလေးပေးဖော်ပြခဲ့ပေမဲ့ ခရစ်ယာန်အသင်းအများစုရဲ့ သွန်သင်ချက်မှာတော့ ဒီနိုင်ငံတော်အကြောင်းကို သိပ်အလေးမပေးကြဘူး။”

အဲဒီခရစ်ယာန်အသင်းတွေနဲ့မတူဘဲ ယေဟောဝါသက်သေတွေကတော့ ဘုရားသခင့်နိုင်ငံတော်ကို အထူးအလေးထားကြပါတယ်။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– ကျွန်ုပ်တို့ရဲ့အဓိကစာပေဖြစ်တဲ့ သင်အခုဖတ်နေတဲ့စာစောင်ကို ဘာသာစကားပေါင်း ၂၂၀ နဲ့ထုတ်ဝေထားပါတယ်။ တစ်လကို စောင်ရေ ၄၆ သန်းနီးပါး ထုတ်ဝေနေတဲ့ ဒီစာစောင်ဟာ ကမ္ဘာပေါ်မှာ အဖြန့်ဝေရဆုံး စာစောင်ဖြစ်တယ်။ ဒီစာစောင်ရဲ့ အဓိကအကြောင်းအရာက ခေါင်းစဉ်မှာဖော်ပြထားတဲ့ ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်း  ဖြစ်ပါတယ်။ *

ယေဟောဝါသက်သေတွေက ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ဘာဖြစ်လို့ ဒီလောက်တောင် ကြိုးစားပမ်းစား ကြေညာနေကြတာလဲ။ တစ်ချက်က၊ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးစာအုပ်ဖြစ်တဲ့ သမ္မာကျမ်းစာရဲ့ အဓိကအကြောင်းအရာဖြစ်တယ်လို့ ယုံကြည်ကြလို့ပါ။ နောက်တစ်ချက်က၊ ဒီနေ့ခေတ် လူသားတွေရဲ့ပြဿနာအားလုံးကို ဘုရားသခင့်နိုင်ငံတော်တစ်ခုတည်းကသာ ဖြေရှင်းပေးနိုင်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။

ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ကြေညာတဲ့နေရာမှာ ယေဟောဝါသက်သေတွေဟာ ယေရှုရဲ့ စံနမူနာကို ကြိုးစားတုပနေကြပါတယ်။ ယေရှု ကမ္ဘာပေါ်ရှိနေချိန် ကိုယ်တော့်ဘဝမှာ အရေးအကြီးဆုံးက ဘုရားသခင့်နိုင်ငံတော်ဖြစ်တဲ့အတွက် အဲဒီနိုင်ငံတော်အကြောင်းကိုပဲ ကိုယ်တော် အဓိကဟောပြောခဲ့တယ်။ (လုကာ ၄:၄၃) ဘုရားသခင့်နိုင်ငံတော်က ယေရှုအတွက် ဘာကြောင့် အဲဒီလောက်တောင် အရေးကြီးတာလဲ။ အဲဒီနိုင်ငံတော်ကနေ သင် ဘယ်လိုအကျိုးရရှိနိုင်မလဲ။ နောက်ဆောင်းပါးတွေမှာ ဖော်ပြထားတဲ့ ကျမ်းစာအဖြေတွေကို လေ့လာကြည့်ပါ။

^ စာပိုဒ်၊ 5 ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားရဲ့နာမည်ဖြစ်ပါတယ်။