မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ဖန်ဆင်းရှင်ရှိတယ်ဆိုတာ လူတွေ ဘာကြောင့် စဉ်းစားလာတာလဲ

အသက်ဖြစ်လာတာက ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲ

“အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံ” တယ်လို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၀၀၀ ခန့်က ကဗျာဆရာတစ်ယောက် ရေးခဲ့တယ်။ (ဆာလံ ၁၃၉:၁၄) ဆဲလ်တစ်ခုတည်းကနေ ကလေးအဖြစ် ဘယ်လို ကြီးထွားဖွံ့ဖြိုးလာသလဲဆိုတာ သင် စဉ်းစားတဲ့အခါ အံ့အားသင့်သွားတယ် မဟုတ်လား။ သက်ရှိတွေရဲ့ဒီဇိုင်းကို ပုံစံပြုရေးဆွဲထားတဲ့ ဖန်ဆင်းရှင်ရှိရမယ်လို့ လူများစွာ ယုံကြည်လာကြတယ်။—ဆာလံ ၁၃၉:၁၃–၁၇; ဟေဗြဲ ၃:၄ တို့ကိုဖတ်ပါ။

လူတွေနေထိုင်နိုင်ဖို့ ကမ္ဘာမြေနဲ့ စကြဝဠာကို ပြုလုပ်ပေးတဲ့အရှင်ဟာ အသက်ကိုလည်း ပေးနိုင်စွမ်းရှိပါတယ်။ (ဆာလံ ၃၆:၉) ကိုယ်တော်ဟာ လူတွေနဲ့ ဆက်သွယ်ပြီး မိမိနဲ့ပတ်သက်တဲ့အကြောင်းတွေကိုလည်း ပြောပြတယ်။—ဟေရှာယ ၄၅:၁၈ ကိုဖတ်ပါ။

ကျွန်ုပ်တို့ဟာ တိရစ္ဆာန်တွေကနေ ဆင်းသက်လာတာလား

ကျွန်ုပ်တို့ကိုယ်ခန္ဓာရဲ့ ဖွဲ့စည်းပုံတွေဟာ တိရစ္ဆာန်တွေနဲ့ အတော်များများ ဆင်တူပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေနဲ့ တိရစ္ဆာန်တွေကို ကမ္ဘာပေါ်မှာ နေထိုင်နိုင်ဖို့ ဖန်ဆင်းရှင်က ပုံစံပြုပြီး ဖန်ဆင်းထားလို့ပါပဲ။ ဘုရားသခင်က ပထမဆုံးလူသားကို မြေကြီးကနေ ဖန်ဆင်းခဲ့တဲ့အတွက် တိရစ္ဆာန်ကနေ ဆင်းသက်လာတာ မဟုတ်ပါဘူး။—ကမ္ဘာဦး ၁:၂၄; ၂:၇ ကိုဖတ်ပါ။

လူတွေနဲ့ တိရစ္ဆာန်တွေမှာ အဓိကကွာခြားချက် နှစ်ချက်ရှိပါတယ်။ ပထမ၊ လူတွေမှာ ဖန်ဆင်းရှင်ကို သိနားလည်နိုင်စွမ်း၊ ချစ်နိုင်စွမ်း၊ ဂုဏ်တင်နိုင်စွမ်းတွေ ရှိကြပါတယ်။ ဒုတိယ၊ တိရစ္ဆာန်တွေဟာ လူတွေလို ထာဝစဉ်အသက်ရှင်နိုင်ဖို့ ပုံစံပြုဖန်ဆင်းခံထားရတာ မဟုတ်ဘူး။ ဒါပေမဲ့ ဖန်ဆင်းရှင်ရဲ့လမ်းညွှန်မှုကို မနာခံခဲ့တဲ့ ပထမဆုံးလူသားကနေ သေခြင်းတရားကို အမွေရထားတဲ့အတွက် အခုချိန်မှာ လူတွေ သေဆုံးနေရတာဖြစ်တယ်။—ကမ္ဘာဦး ၁:၂၇; ၂:၁၅–၁၇ ကိုဖတ်ပါ။