၁ တိမောသေ ၄:၁-၁၆

  • နတ်​ဆိုး​တွေရဲ့​သွန်​သင်​ချက်​ကို ရှောင်​ဖို့ သတိ​ပေး (၁-၅)

  • ခ​ရစ်​တော်​ယေရှု​ရဲ့ အမှု​ဆောင်​ကောင်း​ ဖြစ်နိုင်ပုံ (၆-၁၀)

    • ဘု​ရား​တ​ရား​ကိုင်း​ရှိုင်း​ခြင်း​နဲ့ ကာ​ယ​လေ့ကျင့်ခန်း ()

  • ကိုယ့်​ရဲ့​သွန်​သင်​ချက်​ကို​ပါ အမြဲဂရု​စိုက် (၁၁-၁၆)

 နောင်​တစ်​ချိန်​မှာ  လူ​တ​ချို့​က ဘုရား​ဆီ​က​လာ​တယ်​လို့ ထင်​ရ​တဲ့ မှား​ယွင်း​တဲ့​စ​ကား​တွေ၊+ နတ်​ဆိုး​တွေရဲ့ သွန်​သင်​ချက်​တွေ​ကို နား​ယောင်​ပြီး ယုံ​ကြည်​ခြင်း​ကို စွန့်​သွား​လိမ့်​မယ်​လို့ ဘု​ရား​သခင့် စွမ်း​အား​တော်​က ရှင်း​ရှင်း​လင်း​လင်း ဆို​ထား​တယ်။ ၂  သူ​တော်​ကောင်း ယောင်​ဆောင်​ပြီး လိမ်​ညာ​ပြော​ဆို​သူ​တွေရဲ့ စ​ကား​ကို+ သူ​တို့ နား​ထောင်​လိမ့်​မယ်။ သူ​တော်​ကောင်း ယောင်​ဆောင်​သူ​တွေရဲ့ အမှား​အမှန်​သိ​စိတ်​က​တော့ သံ​ပူ​ခတ်​ခံ​ရ​သလို ထုံ​ထိုင်း​နေ​တယ်။ ၃  သူ​တို့​က အိမ်​ထောင်​ပြု​တာ​ကို တား​မြစ်​တဲ့​အပြင်+ အစား​အစာ​တ​ချို့​ကို ရှောင်​ရ​မယ်​ဆို​ပြီး​တော့​လည်း ပညတ်​ထုတ်​တယ်။+ တ​ကယ်​တော့ ယုံ​ကြည်​ခြင်း​ရှိ​ပြီး အမှန်​တ​ရား​ကို ကောင်း​ကောင်း သိ​ထား​သူ​တွေ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး စား​သုံး​ကြ​ဖို့+ အဲ​ဒီ​အစား​အစာ​တွေ​ကို  ဘု​ရား​သခင်  ဖန်​ဆင်း​ပေး​ထား​တာ​ပါ။+ ၄  ဘု​ရား​သခင် ဖန်​ဆင်း​ထား​တဲ့​အရာ​အား​လုံး ကောင်း​ပါ​တယ်။+ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​တော့ စား​သုံး​မယ်​ဆို​ရင် ဘယ်​အစား​အစာ​ကို​မှ ရှောင်​နေ​စ​ရာ မလို​ဘူး။+ ၅  ဘာ​လို့​လဲ​ဆို​တော့  အစား​အစာ​တွေ​ဟာ ဘုရား​သခင်​ရဲ့ တ​ရား​စ​ကား​ကြောင့်​ရော ဆု​တောင်း​ခြင်း​ကြောင့်​ပါ သန့်​ရှင်း​စင်​ကြယ်​သွား​ပြီ။ ၆  ညီ​အစ်​ကို​တွေ​ကို အဲ​ဒီ​လို​အကြံ​ပေး​မယ်​ဆို​ရင်  မင်း​ဟာ  ခ​ရစ်​တော်​ယေရှု​ရဲ့  အမှု​ဆောင်​ကောင်း​တစ်​ယောက် ဖြစ်​လိမ့်​မယ်။ ယုံ​ကြည်​ခြင်း​နဲ့​ဆိုင်​တဲ့ တ​ရား​စ​ကား​တွေ၊ မွန်မြတ်​တဲ့ သွန်​သင်​ချက်​နဲ့​ဆိုင်​တဲ့ တ​ရား​စ​ကား​တွေ​နဲ့ မိမိ​ကိုယ်​ကို အား​ဖြည့်​ထား​သူ ဖြစ်​လိမ့်​မယ်။ အဲ​ဒီ​သွန်​သင်​ချက်​တွေ​ကို  မင်း​ကိုယ်​တိုင် အနီး​ကပ် လိုက်​လျှောက်​ခဲ့​တာ​ပဲ။+ ၇  အဘွား​အို​တွေ  ပြော​တတ်​တဲ့၊ ဘု​ရား​ကို မခန့်​လေး​စား​လုပ်​ရာရောက်​တဲ့ မဟုတ်​တမ်း​စ​ကား​တွေ​ကို နား​မထောင်​ပါ​နဲ့။+ အဲ​ဒီ​အစား ဘုရား​တ​ရား​ကိုင်း​ရှိုင်း​တတ်​ဖို့ ပန်း​တိုင်​ထား​ပြီး ကိုယ့်​ကိုယ်​ကိုယ် လေ့​ကျင့်​ပါ။ ၈  ကာ​ယ​လေ့​ကျင့်​ခန်း​လုပ်​တာ​က အနည်း​ငယ်​ပဲ အကျိုး​ရှိ​တယ်။ ဘု​ရား​တ​ရား ကိုင်း​ရှိုင်း​တာ​က​တော့ အရာရာ​မှာ အကျိုး​ရှိ​တယ်။ အခု​အသက်​တာ​မှာ​ရော   အနာ​ဂတ်​အသက်​တာ​မှာ​ပါ ကောင်း​ချီး​ခံ​စား​ရ​လိမ့်​မယ်​ဆို​တဲ့ က​တိ​ကို​ရ​လိမ့်​မယ်။+ ၉  ဒီ​အချက်​ဟာ မှန်​ကန်​ပြီး အပြည့်​အဝ လက်​ခံ​ထိုက်​တယ်။ ၁၀  ဒါ​ကြောင့် ငါ​တို့​က လူ​အမျိုး​မျိုး​ကို+ ကယ်​တင်​တဲ့​အရှင်၊+ အထူး​သဖြင့် သစ္စာ​ရှိ​သူ​တွေ​ကို ကယ်​တင်​တဲ့​အရှင် အသက်​ရှင်​နေ​တဲ့ ဘု​ရား​သခင်​ကို မျှော်​လင့်​တဲ့​အတွက် အား​သွန်​ခွန်​စိုက် လုပ်​ဆောင်​နေ​ကြ​တာ​ပေါ့။+ ၁၁  ဒီ​ညွှန်​ကြား​ချက်​တွေ​ပေး​ပြီး သူ​တို့​ကို အမြဲသင်​ကြား​ပေး​ပါ။ ၁၂  ငယ်​ရွယ်​သူ​ဖြစ်​နေ​လို့​ဆို​ပြီး မင်း​ကို ဘယ်​သူ​မှ အထင်​မသေး​ပါ​စေ​နဲ့။ အဲ​ဒီ​အစား အပြော​အဆို၊ အပြု​အမူ၊ ချစ်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ စင်​ကြယ်​ခြင်း​တွေ​မှာ သစ္စာ​ရှိ​သူ​တွေ​အတွက် စံ​န​မူ​နာ​ကောင်း ဖြစ်​ရ​မယ်။ ၁၃  ငါ​မရောက်​လာ​မချင်း လူ​တွေ​ရှေ့ ကျမ်း​စာ​ဖတ်​တာ၊+ အား​ပေး​နှိုးဆော်​တာ၊ သွန်​သင်​တာ​တွေ​ကို အမြဲကြိုး​စား​လုပ်​ဆောင်​ပါ။ ၁၄  ပရော​ဖက်​ပြု​ချက်​အရ အကြီး​အကဲ​အဖွဲ့​က မင်း​အပေါ် လက်​တင်​ပြီး ပေး​အပ်​ထား​တဲ့ ဆုကျေး​ဇူး​ကို  လျစ်​လျူ​မရှု​ပါ​နဲ့။+ ၁၅  အဲ​ဒီ​အရာတွေ​ကို ဆင်​ခြင်​သုံး​သပ်​ပါ။ လူ​အား​လုံး​ရှေ့ မင်း​ရဲ့​တိုး​တက်​မှု​ကို ထင်​ရှား​မြင်​သာ​စေ​ဖို့ အဲ​ဒီ​အရာတွေ​မှာ အာ​ရုံ​နှစ်​ထား​ပါ။ ၁၆  ကိုယ့်​ကိုယ်​ကိုယ်​ရော ကိုယ့်​ရဲ့​သွန်​သင်​ချက်​ကို​ပါ အမြဲဂရု​စိုက်​ပါ။+ အဲ​ဒီ​အရာတွေ​ကို မဆုတ်​မနစ် လုပ်​ဆောင်​ပါ။ အဲ​ဒီ​လို​လုပ်​မယ်​ဆို​ရင် ကိုယ်​တိုင်​သာ​မက ကိုယ့်​ရဲ့​သွန်​သင်​ချက်​ကို နား​ထောင်​သူ​တွေ​ပါ ကယ်​တင်​ခြင်း ရ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ