၂ တိမောသေ ၃:၁-၁၇

  • အဆုံး​ပိုင်း​ကာ​လ​ဟာ အင်​မတန်​ခက်​ခဲ (၁-၇)

  • ပေါ​လု​ရဲ့ စံ​န​မူ​နာ​ကို အနီး​ကပ် လိုက်​လျှောက် (၈-၁၃)

  • “သင်​ယူ​ထား​တဲ့​အရာတွေ​အတိုင်း ဆက်​လုပ်​ဆောင်​ပါ” (၁၄-၁၇)

    • ကျမ်း​စောင်​အား​လုံး​ဟာ စွမ်း​အား​တော်​လမ်းညွှန်​မှု​နဲ့ ရေး (၁၆)

 နောက်ဆုံး​ကာလ​ဟာ+  အလွန် ခက်​ခဲ​ကျပ်​တည်း​မယ်​ဆို​တာ သိ​ထား​ပါ။ ၂  ဘာ​လို့​လဲ​ဆို​တော့  လူ​တွေ​ဟာ ကိုယ့်​ကိုယ်​ကိုယ်​ပဲ ချစ်​တဲ့​သူ၊ ငွေ​ကို​တပ်​မက်​သူ၊ ဝါ​ကြွား​သူ၊ မောက်​မာ​သူ၊ ဘု​ရား​ကို စော်​ကား​ပြော​ဆို​သူ၊ မိ​ဘ​စ​ကား  နား​မထောင်​သူ၊  ကျေး​ဇူး​ကန်း​သူ၊ သစ္စာ​မရှိ​သူ၊ ၃  ချစ်​ခင်​တွယ်​တာ​စိတ် မရှိ​သူ၊ ညှိ​နှိုင်း​လို့​မရ​သူ၊ သွား​ပုပ်​လေ​လွင့်​ပြော​သူ၊ မချုပ်​တည်း​နိုင်​သူ၊  ကြမ်း​ကြုတ်​သူ၊  ကောင်းမြတ်ရာ​ကို  မုန်း​တီး​သူ၊ ၄  သစ္စာ​ဖောက်​သူ၊ တ​ဇောက်​ကန်း​နိုင်​သူ၊ မာ​န​ထောင်​လွှား​သူ၊  ဘု​ရား​သခင်​ကို  မချစ်​ဘဲ​  အပျော်​အပါး​ကို​သာ​ နှစ်​သက်​သူ၊ ၅  ဘုရား​တ​ရား ကြည်​ညို​ဟန်​ရှိ​ပေမဲ့ တ​ရား​ကို လက်​တွေ့​မကျင့်​သူ​တွေ ဖြစ်​ကြ​လိမ့်​မယ်။+ အဲ​ဒီ​လူ​တွေ​ကို ရှောင်​ပါ။ ၆  အဲ​ဒီ​လူ​တွေ​ထဲ​က​နေ  လှည့်​ဖြား​သူ​တွေ ပေါ်​လာ​လိမ့်​မယ်။ သူ​တို့​က အပြစ်​ဝန်​ပိ​နေ​တဲ့၊ အညှာ​လွယ်​တဲ့ အမျိုး​သမီး​တွေရဲ့ အိမ်​ထဲ စဉ်း​လဲ​တဲ့​အကြံ​နဲ့​ဝင်​ပြီး စည်း​ရုံး​သိမ်း​သွင်း​တဲ့​အတွက် အဲ​ဒီ​အမျိုး​သမီး​တွေ​ဟာ အလို​ဆန္ဒ အမျိုး​မျိုး​နောက်​ကို ကောက်​ကောက်​ပါ​အောင် လိုက်​သွား​တတ်​တယ်။ ၇  အဲ​ဒီ​အမျိုး​သမီး​တွေ​ဟာ အမြဲသင်​ယူ​နေ​ပေမဲ့ အမှန်​တ​ရား​အကြောင်း တိ​ကျ​မှန်​ကန်​စွာ သိ​နား​လည်​နိုင်​စွမ်း မရှိ​ကြ​ဘူး။ ၈  ယ​န္နေ​နဲ့ ယံ​ဗြေက မော​ရှေ​ကို အတိုက်​အခံ လုပ်​ခဲ့​သလို အဲ​ဒီ​လူ​တွေ​ကလည်း အမှန်​တ​ရား​ကို အတိုက်​အခံ​လုပ်​ကြ​တယ်။  သူ​တို့​ရဲ့​စိတ်​ဟာ လုံး​ဝ​ယိုယွင်း​နေ​တဲ့​အပြင် ယုံ​ကြည်​ခြင်း​တ​ရား​နဲ့ ပတ်​သက်​လာရင်​လည်း ဘု​ရား​သခင်​ရဲ့ နှစ်​သက်​မှု​ကို မရ​ဘူး။ ၉  ဒါ​ပေမဲ့ ယ​န္နေ​နဲ့ ယံ​ဗြေလို​ပဲ သူ​တို့​ရဲ့ မိုက်​မဲ​ခြင်း​က​လည်း လူ​အား​လုံး​ရှေ့​မှာ ဘွင်း​ဘွင်း​ကြီး ပေါ်​လာ​မှာ​ဖြစ်​လို့ သူ​တို့ ရှေ့​ဆက်​တိုး​နိုင်​မှာ မဟုတ်​ဘူး။+ ၁၀  မင်း​က​တော့ ငါ့​ရဲ့ သွန်​သင်​ခြင်း၊  ဘ​ဝ​လမ်း​စဉ်၊+  ရည်​မှန်း​ချက်၊ စိတ်​ရှည်​ခြင်း၊ ချစ်​ခြင်း၊​ ခံ​နိုင်​ရည်တွေ​ကို  အနီး​ကပ် လိုက်​လျှောက်​ခဲ့​ပြီ။ ၁၁  အန္တိ​အုတ်​မြို့၊+ အိကော​နိ​မြို့၊+ လုတ္တရ​မြို့​တွေ​မှာ+ ငါ​ညှဉ်း​ဆဲ​ခံ​ရ​ပြီး ဒုက္ခရောက်ခဲ့​မှန်း မင်း​သိ​ပါ​တယ်။ အဲ​ဒီ​ညှဉ်း​ဆဲ​မှု​တွေ​ကို ငါ​ခံ​ရပ်​နိုင်​ခဲ့​တယ်၊ သခင်​က​လည်း ငါ့​ကို ကယ်​တင်​ပေး​ခဲ့​တယ်။+ ၁၂  တကယ်​တော့ ခရစ်​တော်​ယေရှု​ရဲ့ နောက်လိုက်​အနေ​နဲ့  ဘု​ရား​တ​ရား​ကိုင်း​ရှိုင်း​တဲ့​ အသက်​တာ​နဲ့ နေ​ချင်​သူ​တိုင်း​ဟာ ညှဉ်း​ဆဲ​ခံ​ရ​မှာ​ပဲ။+ ၁၃  ဆိုး​ညစ်​သူ​တွေ၊ အယောင်​ဆောင်​သူ​တွေ​ဟာ ဆိုး​သည်​ထက် ဆိုး​လာ​ပြီး သူ​တစ်​ပါး​ကို လှည့်​စား​တဲ့​အပြင် ကိုယ်​တိုင်​လည်း လှည့်​စား​ခံ​နေ​ရ​တယ်။+ ၁၄  မင်း​က​တော့  သင်​ယူ​ထား​တဲ့​အရာတွေ၊  လက်​ခံ​ယုံ​ကြည်​ထား​တဲ့  အရာတွေ​အတိုင်း  ဆက်​လုပ်​ဆောင်​နေ​ပါ။+ အဲ​ဒါ​တွေ​ကို ဘယ်​သူ​တွေ​ဆီ​က  သင်​ယူ​ခဲ့​မှန်း  မင်း​သိ​ပါ​တယ်။ ၁၅  သမ္မာကျမ်းစာ​ကို နို့​စို့​အရွယ်​က​တည်း​က+ မင်း​သိ​ရှိ​ခဲ့​တယ်။+ အဲ​ဒီ​ကျမ်း​စာ​ဟာ ဉာဏ်​ပညာ​ရှိ​စေ​နိုင်​တယ်။ ခ​ရစ်​တော်​ယေရှု​ကို မင်း​ယုံ​ကြည်​တဲ့​အတွက် ကယ်​တင်​ခြင်း​ရ​နိုင်​အောင် အဲ​ဒီ​ဉာဏ်​ပညာ​က ကူ​ညီ​ပေး​တယ်။+ ၁၆  ကျမ်း​စောင်​အား​လုံး​ဟာ ဘု​ရား​သခင့် စွမ်း​အား​တော်ရဲ့ လမ်း​ညွှန်​မှု​နဲ့ ရေး​ထား​တဲ့​အတွက်+ လူ​တွေ​ကို သွန်​သင်​တဲ့​အခါ၊+ အမှား​တွေ ဖော်​ထုတ်​တဲ့​အခါ၊ ပဲ့​ပြင်​တဲ့​အခါ၊ ဖြောင့်​မတ်​လာ​အောင် ဆုံး​မတဲ့​အခါ အကျိုး​ဖြစ်​ထွန်း​စေ​တယ်။+ ၁၇  အဲ​ဒီ​အခါ ဘု​ရား​သခင်​ရဲ့​လူ​က မွန်မြတ်​တဲ့​အလုပ် အမျိုး​မျိုး​ကို လုပ်​ဆောင်​ဖို့ အရည်​အချင်း​ပြည့်​ဝ​လာ​ပြီး လုံး​လုံး​လျား​လျား အသင့်​ဖြစ်​နေ​လိမ့်​မယ်။

အောက်ခြေမှတ်ချက်များ