မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေ အဖွဲ့အစည်းကို တည်ထောင်တဲ့သူက ဘယ်သူလဲ။

ယေဟောဝါသက်သေ အဖွဲ့အစည်းကို တည်ထောင်တဲ့သူက ဘယ်သူလဲ။

 ခေတ်သစ်ယေဟောဝါသက်သေ အဖွဲ့အစည်းဟာ ၁၉ ရာစုအကုန်ပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့တယ်။ အဲဒီတုန်းက အမေရိကန်နိုင်ငံ၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့အနီးမှာ နေထိုင်ကြတဲ့ ကျမ်းစာကျောင်းသားအုပ်စုလေး တစ်စုဟာ သမ္မာကျမ်းစာကို စနစ်တကျ လေ့လာဆန်းစစ်ခဲ့ကြတယ်။ သူတို့ဟာ ခရစ်ယာန်အသင်းတွေက သွန်သင်တဲ့ အယူဝါဒတွေနဲ့ ကျမ်းစာအမှန်တကယ် သွန်သင်ထားရာတွေကို နှိုင်းယှဉ်ခဲ့ကြတယ်။ သူတို့သိရှိခဲ့ရာတွေကို စာအုပ်တွေ၊ သတင်းစာတွေနဲ့ အခု ကင်းမျှော်စင်—ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်း လို့ခေါ်တဲ့ ဂျာနယ်တွေမှာ စတင်ဖော်ပြကြတယ်။

 စိတ်ရင်းမှန်တဲ့ ကျမ်းစာကျောင်းသားအုပ်စုထဲမှာ အမျိုးသားတစ်ယောက်ရဲ့နာမည်က ချားလ်စ် တေ့ဇ် ရပ်စယ်လ် လို့ခေါ်တယ်။ ရပ်စယ်လ်ဟာ အဲဒီအချိန်က ကျမ်းစာပညာပေးလုပ်ငန်းကို ဦးဆောင်ခဲ့ပြီး ကင်းမျှော်စင်မဂ္ဂဇင်းရဲ့ ပထမဦးဆုံး အယ်ဒီတာဖြစ်ပေမဲ့ ဘာသာတရားအသစ်ကို တည်ထောင်တဲ့သူတော့ မဟုတ်ပါဘူး။ ရပ်စယ်လ်အပါအဝင် တခြားကျမ်းစာကျောင်းသားတွေရဲ့ ပန်းတိုင်က ယေရှုခရစ်ရဲ့ သွန်သင်ချက်တွေကို ထောက်ခံဖို့၊ ပထမရာစု ခရစ်ယာန်အသင်းတော်ရဲ့ လုပ်ဆောင်ချက်တွေကို လိုက်လျှောက်ဖို့ဖြစ်တယ်။ ယေရှုဟာ ခရစ်ယာန်ဘာသာကို တည်ထောင်တဲ့သူ ဖြစ်တဲ့အတွက် ယေရှုကို ကျွန်ုပ်တို့အဖွဲ့အစည်းရဲ့ တည်ထောင်သူအဖြစ် ရှုမြင်ပါတယ်။—ကောလောသဲ ၁:၁၈–၂၀