မာတိကာဆီ ကျော်သွား

ဩဂုတ် ၈၊ ၂၀၁၉
နယ်သာလန်

နယ်သာလန်နိုင်ငံ၊ ယူထရက်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

နယ်သာလန်နိုင်ငံ၊ ယူထရက်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဩဂုတ် ၂-၄၊ ၂၀၁၉

  • နေရာ– နယ်သာလန်နိုင်ငံ၊ ယူထရက်မြို့၊ ယာဗစ် ဟော်ဟန်ကွန်ပလက်စ်

  • ဘာသာစကား– အာရဘစ်၊ ဒတ်ချ်၊ ဒတ်ချ် လက်သင်္ကေတပြစကား၊ အင်္ဂလိပ်၊ ပါပီမဲန်တို၊ ပိုလန်၊ ပေါ်တူဂီ၊ စပိန်၊ တွီ

  • အများဆုံး တက်ရောက်သူ– ၄၂,၃၃၅

  • နှစ်ခြင်းခံသူ အရေအတွက်– ၂၁၂

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၆,၀၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– ဩစတြေးလျအေးရှား၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ကနေဒါ၊ ကိုလံဘီယာ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ တောင်အာဖရိက၊ စူရီနမ်၊ အမေရိကန်

  • ဒေသခံတွေ့ကြုံမှု– ယာဗစ် ဟော်ဟန်ကွန်ပလက်စ်နဲ့ စာချုပ်ချုပ်ထားတဲ့ သန့်ရှင်းရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ ညီအစ်ကိုတစ်ယောက်ဆီ သူ့မန်နေဂျာက ဒီလို ဖုန်းဆက်ပြောတယ်– “အုပ်စုတစ်စုက အဆောက်အဦကို သူတို့ဘာသာသူတို့ သန့်ရှင်းရေးလုပ်ဖို့ သဘောတူထားတယ်။ အဆောက်အဦကို နဂိုထက် ပိုသန့်ရှင်းတဲ့ အခြေအနေနဲ့ ပြန်အပ်မယ်။ မယုံနိုင်စရာပဲ။ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ အခု မသုံးတော့တဲ့ စားသောက်ဆိုင်ကိုတောင် သန့်ရှင်းရေး လုပ်ပေးတယ်။ သန့်စင်ခန်းမှာ လူနှစ်ယောက် အမြဲ အဆင်သင့်ရှိနေတယ်။ တစ်နေရာရာမှာ တစ်ခုခုဖြစ်ရင် ဖြေရှင်းဖို့ ချက်ချင်း ရောက်လာတယ်။ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။”

 

ကိုယ်စားလှယ်တွေကို ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေ လေဆိပ်မှာ ကြိုဆိုနေကြစဉ်

နယ်သာလန်ဌာနခွဲကို လာလည်ပတ်တဲ့ ကိုယ်စားလှယ်တွေကို ဗေသလအိမ်သားတွေ ကြိုဆိုနေကြစဉ်

ကိုယ်စားလှယ်တစ်ယောက်နဲ့ ဒေသခံညီအစ်မတစ်ယောက် အမျိုးသမီးတစ်ယောက်ကို အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်နေစဉ်

ယာဗစ် ဟော်ဟန်ကွန်ပလက်စ်ရဲ့ ပင်မခန်းမမှာ ညီအစ်ကို၊ ညီအစ်မတွေ အစီအစဉ်ကို နားထောင်နေကြစဉ်။ နောက်ထပ် ခန်းမငါးခုနဲ့လည်း ချိတ်ဆက်ထား

နှစ်ခြင်းခံသူ ၂၁၂ ယောက်ထဲကတချို့ နှစ်ခြင်းခံနေကြစဉ်

အစီအစဉ်မှာ ညီအစ်ကို၊ ညီအစ်မတွေ အာရုံစိုက်နားထောင်ပြီး မှတ်စုယူနေကြစဉ်

အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်တွေ လက်ဆောင်လဲလှယ်နေကြစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂျက်ဖရီ ဂျက်ဆင် တနင်္ဂနွေနေ့ နိဂုံးချုပ် ဟောပြောချက် ပေးနေစဉ်

သာသနာပြုတွေနဲ့ အထူးအချိန်ပြည့် အမှုဆောင်တွေ အစည်းအဝေး နိဂုံးချုပ်မှာ ပရိသတ်အားလုံးကို လက်ဝှေ့ယမ်း နှုတ်ဆက်နေကြစဉ်