မာတိကာဆီ ကျော်သွား

ဩဂုတ် ၁၅၊ ၂၀၁၉
ပိုလန်

ပိုလန်နိုင်ငံ၊ ဝါဆောမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

ပိုလန်နိုင်ငံ၊ ဝါဆောမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဩဂုတ် ၉-၁၁၊ ၂၀၁၉

  • နေရာ– ပိုလန်နိုင်ငံ၊ ဝါဆောမြို့၊ လဲဂီယာ ဝါဆော မြူနီစီပယ် အားကစားကွင်းနဲ့ တိုဗာခန်းမ

  • ဘာသာစကား– အင်္ဂလိပ်၊ ပိုလန်

  • အများဆုံးတက်ရောက်သူ– ၃၂,၀၆၉

  • နှစ်ခြင်းခံသူ အရေအတွက်– ၁၉၀

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၆,၈၉၂

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– ဗဟို ဥရောပ၊ ချီလီ၊ အီကွေဒေါ၊ ဖင်လန်၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ဟန်ဂေရီ၊ ဂျပန်၊ ကိုရီးယား၊ မော်ဒိုဗာ၊ ရိုမေးနီးယား၊ ယူကရိန်း၊ အမေရိကန်

  • ဒေသခံတွေ့ကြုံမှု– သက်သေခံတွေတည်းခိုတဲ့ ဟော်တယ်တစ်ခုရဲ့ မန်နေဂျာ မစ္စတာ ကဲမီးလ် ကက်ဇ်မီးကီဗစ်ချ် ဒီလို ရေးခဲ့တယ်– “ခင်ဗျားတို့နဲ့ အလုပ်လုပ်ရတာ တကယ် အဆင်ပြေတယ်။ ဒီလို ကြင်နာတတ်ပြီး အကောင်းမြင်တတ်တဲ့ ဧည့်သည်တွေ ထပ်လိုချင်သေးတယ်။ ခင်ဗျားတို့အချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိတာ ကျွန်တော် တွေ့တယ်။ . . . ပြောစရာမရှိအောင် ကောင်းမွန်တဲ့ ဒီအခါသမယရဲ့ စီမံဖွဲ့စည်းမှုကို ကျွန်တော် တကယ် အထင်ကြီး လေးစားတယ်။”

    သယ်ယူပို့ဆောင်ရေးအတွက် စာချုပ်ချုပ်ထားတဲ့ ဘတ်စကား ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင် ကဲမီးလ် လူဘန်စကီကလည်း ဒီလိုပြောတယ်– “အလုပ် စလုပ်ကတည်းက ယေဟောဝါသက်သေတွေနဲ့ တွဲအလုပ်လုပ်ရတာ သိပ်ကောင်းတယ်ဆိုတာ သတိထားမိတယ်။ သူတို့က စနစ်ကျတယ်၊ ပညာရှင်ဆန်တယ်။ ဒီလောက်ကြီးတဲ့ပွဲကို သေချာ စီစဉ်၊ ပြင်ဆင်ထားတယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာ နိုင်ငံတော်အဆင့်နဲ့ ဥရောပအဆင့်ရှိတဲ့ အရေးကြီးတဲ့ပွဲတွေ၊ အစိုးရပွဲတွေမှာ ပါဝင်ကူညီခွင့်ရတယ်။ ဒါပေမဲ့ ဒီလောက် ပြင်ဆင်မှုကောင်းပြီး စနစ်ကျတဲ့သူတွေကတော့ ရှားတယ်။ အတိုချုပ်ရမယ်ဆိုရင် ကားဆရာတွေနဲ့ တခြားအလုပ်သမားတွေက ယေဟောဝါသက်သေတွေနဲ့ အလုပ်လုပ်ရတာနဲ့ ပတ်သက်လို့ ကောင်းတဲ့အချက်တွေပဲ ပြောကြတယ်။ နောက်နောင်လည်း ခင်ဗျားတို့နဲ့ တွဲအလုပ်လုပ်ဖို့ မျှော်လင့်ပါတယ်။”

 

လေဆိပ်မှာ ကိုယ်စားလှယ်တွေကို ဝမ်းသာအားရ ကြိုဆိုနေကြစဉ်

သောကြာနေ့မနက်ပိုင်းမှာ တက်ရောက်သူတွေ အစည်းအဝေး ကျင်းပတဲ့နေရာကို ဝင်လာကြစဉ်

အစည်းအဝေးကျင်းပတဲ့ လဲဂီယာ ဝါဆော မြူနီစီပယ် အားကစားကွင်းကို အပေါ်စီးကနေ မြင်ရစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂဲရစ် လော့ရှ် သောကြာနေ့ နိဂုံးချုပ်ဟောပြောချက် ပေးနေစဉ်

စနေနေ့မှာ နှစ်ခြင်းခံသူတွေထဲက သုံးယောက်

အစည်းအဝေး အစီအစဉ်ကို ညီအစ်ကို၊ ညီအစ်မတွေ အာရုံစိုက် နားထောင်နေကြစဉ်

ရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ ကိုယ်စားလှယ်တွေ အားကစားကွင်း အပြင်ဘက်မှာ ဓာတ်ပုံရိုက်နေကြစဉ်

တနင်္ဂနွေနေ့မှာ အထူးအချိန်ပြည့် အမှုဆောင်တွေ ပရိသတ်နဲ့အတူ နိဂုံးချုပ်သီချင်း ဆိုနေကြစဉ်

ညနေခင်း စုဆုံမှုမှာ ကိုယ်စားလှယ်တွေကို ညီအစ်မငယ်လေးတွေ သီချင်းဆိုပြနေစဉ်

ညနေခင်း စုဆုံမှုမှာ ညီအစ်ကို၊ ညီအစ်မတွေ ပိုလန်ရိုးရာအက ကပြနေစဉ်