မာတိကာဆီ ကျော်သွား

လက်ရှိ ဗဟိုအမေရိက ဌာနခွဲရုံးဟာ မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုမြို့ရဲ့ အရှေ့ဘက် ၁၉ မိုင်အကွာ (ကီလိုမီတာ ၃၀) မှာတည်ရှိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်
မက္ကဆီကို

ယေဟောဝါသက်သေများ ဗဟိုအမေရိကဌာနခွဲကို ပြောင်းရွှေ့ဖို့ရှိ

ယေဟောဝါသက်သေများ ဗဟိုအမေရိကဌာနခွဲကို ပြောင်းရွှေ့ဖို့ရှိ

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုမြို့နားမှာရှိတဲ့ ဗဟိုအမေရိက ဌာနခွဲ ပြောင်းရွှေ့ဖို့အစီအစဉ်ကို အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုလိုက်ပါပြီ။ ဌာနခွဲ ပြောင်းရွှေ့မှုကို ဦးဆောင်ဖို့ ဆောက်လုပ်ရေး စီမံကိန်း ကော်မတီ (CPC) အဖွဲ့ဝင် ညီအစ်ကို ငါးယောက် တာဝန်ရတယ်။ အခု CPC အဖွဲ့က ဌာနခွဲရုံးသစ်အတွက် သင့်တော်တဲ့နေရာကို ရှာဖွေနေပါတယ်။

၁၉၇၄ ခုနှစ် ကတည်းကရှိခဲ့တဲ့ လက်ရှိဌာနခွဲကို ပြုပြင်မွမ်းမံ၊ တိုးချဲ့ဆောက်လုပ်ခဲ့တာ အကြိမ်ကြိမ်ပါ။ ၂၀၁၁ ခုနှစ်ကစပြီး ဘလိဇ်၊ ကော့စတာရီကာ၊ အယ်ဆာဗေးဒေါ၊ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွါနဲ့ ပနားမားနိုင်ငံတို့မှာ လုပ်ဆောင်နေတဲ့ အမှုဆောင်ခြင်းလုပ်ငန်းကို ဗဟိုအမေရိကဌာနခွဲက တာဝန်ယူ စီမံကွပ်ကဲခဲ့တယ်။ a ဒီနိုင်ငံအားလုံးရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးဖို့ လက်ရှိ ဌာနခွဲ အဆောက်အဦကို နောက်ထပ်တိုးချဲ့၊ အဆင့်မြှင့်တင်ဖို့ လိုအပ်နေတယ်။ ဒါကြောင့် ဗဟိုအမေရိက ဌာနခွဲရုံးမှာ တိုးများလာတဲ့ အလုပ်တွေကို ကောင်းစွာဆောင်ရွက်နိုင်ဖို့၊ နိုင်ငံတော်သတင်း ဟောပြောခြင်း လုပ်ငန်းကို ထောက်ပံ့နိုင်ဖို့ သင့်တော်တဲ့ နေရာအသစ်မှာ အဆောက်အဦအသစ် ဆောက်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။

ဌာနခွဲပြောင်းရွှေ့ဖို့ စီမံကိန်းကို အဆင့်ဆင့်ခွဲပြီး ဆောင်ရွက်သွားကြပါမယ်။ ပထမအဆင့်က မြေကွက်ရှာဝယ်ဖို့နဲ့ ဗေသလအိမ်သား ၃၀၀ အတွက် လူနေဆောင်၊ အလုပ်လုပ်မယ့် နေရာတွေ ဆောက်လုပ်ပေးဖို့ ဖြစ်တယ်။ အဲဒီနောက် ဗေသလမိသားစုအတွက် ကျန်တဲ့ လူနေဆောင်တွေ၊ အလုပ်နေရာတွေကို ဆောက်လုပ်သွားပါမယ်။

CPC အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ညီအစ်ကို ဂျိုးဇက် ရီ ဒီလိုပြောတယ်– “အခုလောလောဆယ် ကျွန်တော်တို့ ဗဟိုအမေရိက ဌာနခွဲကော်မတီနဲ့ အတူပူးပေါင်းပြီး မက္ကဆီကိုနိုင်ငံရဲ့ ဘယ်ပြည်နယ်ဟာ ဌာနခွဲအိမ်ရာအသစ်အတွက် အကောင်းဆုံးနေရာဖြစ်မလဲ ဆိုတာကို သုံးသပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ စီမံကိန်းကို ဘယ်ဒေသခံ အာဏာပိုင်တွေ၊ ဘယ်လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတွေ ကြည်ကြည်ဖြူဖြူ လက်သင့်ခံမလဲဆိုတာကိုလည်း ထည့်သွင်းသုံးသပ်ရတယ်။ ယေဟောဝါ ဘယ်လို လမ်းညွှန်မလဲဆိုတာကို ကျွန်တော်တို့ ဂရုစိုက်ကြည့်နေပါတယ်။”

ဒီဆောက်လုပ်ရေး စီမံကိန်းအသစ်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေကြတယ်။ ယေဟောဝါ ကောင်းချီးပေးဖို့လည်း ကျွန်တော်တို့ ဆုတောင်းပါတယ်။—ပညာအလိမ္မာ ၁၆:၃

a ၂၀၁၄ ခုနှစ်အထိ ဗဟိုအမေရိက ဌာနခွဲကို မက္ကဆီကို ဌာနခွဲလို့ ခေါ်ခဲ့ကြတယ်။