မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၂၊ ၂၀၂၂
မာဒါဂတ်စကာ

မဒါဂတ်စကာနိုင်ငံမှာ မိုးကြီးပြီး ရေလွှမ်းမိုး

မဒါဂတ်စကာနိုင်ငံမှာ မိုးကြီးပြီး ရေလွှမ်းမိုး

၂၀၂၂၊ ဇန်နဝါရီလအတွင်း အန်တာနာနာရီဗိုမြို့တော်မှာ သဲကြီးမည်းကြီး မိုးရွာလို့ ရေလွှမ်းမိုး၊ မြေပြို၊ အဆောက်အအုံတွေ ပြိုကျတယ်။ ဆက်ပြီး မိုးကြီးမယ်လို့ ကြေညာထားတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူ မရှိ

  • ကြေညာသူ ၆၉၃ ဦး နေအိမ်ကနေ ယာယီ စွန့်ခွာရ

  • နိုင်ငံတော်ခန်းမ တစ်ခုမှ မပျက်စီး

ကယ်ဆယ်ရေးလုပ်ငန်း

  • ဌာနခွဲ ကော်မတီက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) ကို ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ခန့်အပ်ထားပါတယ်။

  • ကယ်ဆယ်ရေး ကော်မတီ၊ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေက ညီအစ်ကို/မတွေကို ရုပ်ပစ္စည်းပိုင်း၊ ဘုရားရေးရာပိုင်းမှာ ဆက်ကူညီပေးနေပါတယ်။

ယေဟောဝါဟာ ဒီလိုခဲယဉ်းတဲ့အချိန်မှာ ညီအစ်ကို/မတွေအတွက် “ခံတပ် ဖြစ်” မှာ သေချာတယ်။—ဆာလံ ၃၁:၂