မာတိကာဆီ ကျော်သွား

မိုနာကိုတရားရုံးချုပ် အဆောက်အအုံ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်
မိုနာကို

မိုနာကိုမှာ ယေဟောဝါသက်သေတွေ တရားဝင် မှတ်ပုံတင်ခွင့်ရ

မိုနာကိုမှာ ယေဟောဝါသက်သေတွေ တရားဝင် မှတ်ပုံတင်ခွင့်ရ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်မှာ မိုနာကိုမှာရှိတဲ့ ယေဟောဝါသက်သေတွေ တရားဝင်မှတ်ပုံတင်နိုင်ခဲ့ပါပြီ။ အခုလို မှတ်ပုံတင်နိုင်ခဲ့တာက မိုနာကိုတရားရုံးချုပ်ရဲ့ စီရင်ချက်နှစ်ခုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) ရဲ့ စီရင်ချက်ကြောင့် ဖြစ်တယ်။

ဥရောပတရားရုံးဆီ ညီအစ်ကိုတွေ လျှောက်လွှာတင်သွင်းပြီး နှစ်နှစ်နီးပါးအကြာမှာ ဥရောပတရားရုံးက မိုနာကိုအစိုးရကို အမှုနဲ့ပတ်သက်ပြီး ဆက်သွယ်ခဲ့တယ်။ အကြောင်းပြန်ပေးဖို့လည်း တောင်းဆိုခဲ့တယ်။

အဲဒီနောက် မိုနာကိုအစိုးရနဲ့ ယေဟောဝါသက်သေတွေဟာ ပြေပြေလည်လည် ညှိနှိုင်းခဲ့ကြတယ်။ မိုနာကိုအစိုးရကလည်း ယေဟောဝါသက်သေတွေကို မှတ်ပုံတင်ပေးဖို့ သဘောတူခဲ့တယ်။ ၂၀၂၁၊ ဒီဇင်ဘာ ၉ ရက်တုန်းက၊ ဥရောပတရားရုံးက ယေဟောဝါသက်သေအဖွဲ့အစည်းကို ဝတ်ပြုရေးမှာ ပိတ်ပင်ကန့်သတ်ခြင်းမရှိဘဲ တရားဝင်မှတ်ပုံတင်ခွင့်ပြုဖို့ ညှိနှိုင်းသဘောတူပေးခဲ့တဲ့ မိုနာကိုအစိုးရရဲ့သဘောတူညီချက်အပေါ် အခြေခံပြီး စီရင်ချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။ မိုနာကိုအစိုးရက ကျွန်တော်တို့ကို အမှုအတွက် ကုန်ကျစရိတ် ယူရိုငွေ ၃၅,၀၀၀ (အမေရိကန်ဒေါ်လာ ၄၀,၀၀၀) ပေးဖို့လည်း သဘောတူခဲ့တယ်။

၂၀၂၂၊ နိုဝင်ဘာ ၁၆ မှာ မိုနာကိုအစိုးရက မိုနာကို၊ ယေဟောဝါသက်သေများ ဝတ်ပြုရေးအဖွဲ့ (the Association Monégasque pour le Culte des Témoins de Jéhovah) ကို မှတ်ပုံတင်စာရွက် ထုတ်ပေးခဲ့တယ်။ ၂၀၂၂၊ နိုဝင်ဘာ ၁၈ မှာ မှတ်ပုံတင်စာရွက်ကို အစိုးရထုတ် ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တယ်။

မိုနာကိုမှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေ အစိုးရရဲ့ကန့်သတ်ချက်မရှိဘဲ ဝတ်ပြုနိုင်ပြီဖြစ်လို့ ဝမ်းမြောက်ပါတယ်။ နှစ်ရှည်လများ စောင့်မျှော်ခဲ့ရတဲ့ ဥပဒေအသိအမှတ်ပြုမှု ရနိုင်ခဲ့လို့ ယေဟောဝါဘုရားကို ကျေးဇူးတင်ပါတယ်။—ဖိလိပ္ပိ ၁:၇