မာတိကာဆီ ကျော်သွား

ဇွန် ၇၊ ၂၀၁၇
သီရိလင်္ကာ

သီရိလင်္ကာ​နိုင်ငံမှာ ရေ​ကြီး၊ မြေ​ပြို​မှု​ကြောင့် အပျက်အစီး များပြား

သီရိလင်္ကာ​နိုင်ငံမှာ ရေ​ကြီး၊ မြေ​ပြို​မှု​ကြောင့် အပျက်အစီး များပြား

မေ ၂၆ ရက်မှာ သီရိလင်္ကာ​နိုင်ငံ တောင်ပိုင်း​နဲ့ အနောက်ပိုင်း​ဒေသ​တွေ​မှာ မိုး​သည်းထန်​စွာ ရွာသွန်း​မှု​ကြောင့် ရေ​ကြီး​ပြီး မြေ​ပြို​ခဲ့တယ်။ ယေဟောဝါသက်သေတွေ​က ဘေးဒဏ်သင့်​တဲ့ ယုံကြည်သူချင်းတွေ​နဲ့ တခြား​သူတွေကို ကူညီ​ပေးနေ​ကြတယ်။ လူ ၂၀၀ ကျော် သေဆုံး​ပြီး ၇၇,၀၀၀ ကျော်ဟာ ဘေးလွတ်​ရာ​ကို ရွှေ့​ပြောင်း​ခဲ့​ရတယ်လို့ သတင်းရ​တယ်။

သီရိလင်္ကာ​နိုင်ငံမှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး​က သဘာဝဘေး​ကယ်ဆယ်ရေး ကော်မတီ​နှစ်ခု ဖွဲ့စည်း​ပြီး ရေ​ဘေးသင့် သက်သေခံ ၁၀၀ ကျော်​ရဲ့ လတ်တလော လိုအပ်ရာတွေကို ဖြည့်ဆည်း​ပေးတယ်။ စားစရာ၊ နေစရာတွေ စီစဉ်​ပေးတယ်။ ရေ​ဘေး​ကြောင့် သေဆုံး​သူတွေထဲမှာ သက်သေခံ​တစ်ယောက်မှ မပါဘူး။

နယူးယောက်၊ ကမ္ဘာ့​ဌာနချုပ်​မှာ​ရှိတဲ့ ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေး​အဖွဲ့ဟာ သဘာဝဘေး ကယ်ဆယ်ရေး​လုပ်ငန်း​တွေကို ကမ္ဘာချီ ဟောပြောခြင်း​လုပ်ငန်း​အတွက် လှူဒါန်း​ထားတဲ့​ငွေတွေ​နဲ့ ပံ့ပိုးပေး​နေပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Sri Lanka: Nidhu David, +94-11-2930-444