မာတိကာဆီ ကျော်သွား

ရီယာအူကျွန်းစု၊ ဘာတမ်မြို့ နိုင်ငံတော်ခန်းမရှေ့မှာ ဒေနီယယ် ဟတ်တာဘရတ်နဲ့ ဝီလ်ဟင်စန် စီဟိုတန်

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀
အင်ဒိုနီးရှား

သက်သေခံ လူငယ်နှစ်ဦးရဲ့ ယုံကြည်ချက်အတွက် ရပ်တည်မှုကို ဒေသဆိုင်ရာ ပညာရေးဘုတ်အဖွဲ့က လေးစား

သက်သေခံ လူငယ်နှစ်ဦးရဲ့ ယုံကြည်ချက်အတွက် ရပ်တည်မှုကို ဒေသဆိုင်ရာ ပညာရေးဘုတ်အဖွဲ့က လေးစား

၂၀၂၀၊ ဇန်နဝါရီ ၂၂ မှာ အင်ဒိုနီးရှား၊ ဒေသဆိုင်ရာ ပညာရေးဘုတ်အဖွဲ့က သက်သေခံလူငယ် ဒေနီယယ် ဟတ်တာဘရတ်နဲ့ ဝီလ်ဟင်စန် စီဟိုတန်တို့ကို ချက်ချင်း ကျောင်းနေခွင့် ပြန်ပေးဖို့ အမိန့်ချလိုက်တယ်။ သူတို့က ယုံကြည်ချက်ကြောင့် အလံ အလေးမပြု၊ နိုင်ငံတော်သီချင်း မဆိုတဲ့အတွက် ၂၀၁၉၊ နိုဝင်ဘာ ၂၉ တုန်းက ကျောင်းထုတ်ခံလိုက်ရတယ်။ ၂၀၂၀၊ ဇန်နဝါရီ ၂၃ မှာ ကျောင်းတက်ခွင့် ပြန်ရကြတယ်။

အခြေအနေကို သုံးသပ်ပြီးနောက် ဒေသဆိုင်ရာ ပညာရေးဘုတ်အဖွဲ့က ညီအစ်ကိုတွေဟာ ကျောင်းအာဏာပိုင်တွေနဲ့ အစိုးရကို လေးစားကြောင်း ကောက်ချက်ချကြတယ်။ ကျမ်းစာနဲ့ ဆန့်ကျင်တဲ့ လုပ်ဆောင်မှုတွေမှာ မပါဝင်ရုံသက်သက်ပါ။ အင်ဒိုနီးရှား၊ လူထုသတင်းအချက်အလက်ဌာနမှာ တာဝန်ကျတဲ့ ညီအစ်ကို ယိုဂါ စူလစ်စတိုနိုက “အင်ဒိုနီးရှားက ယေဟောဝါသက်သေတွေဟာ အပြုသဘောဆောင်တဲ့ ဒီဆုံးဖြတ်ချက်အတွက်၊ ဘာသာရေး လွတ်လပ်ခွင့်ကို အာဏာပိုင်တွေ လေးစားတဲ့အတွက် အလွန် ကျေးဇူးတင်ကြပါတယ်” လို့ ပြောတယ်။

ဒီလို အကောင်းမြင် ဆုံးဖြတ်ချက်အတွက် မဟာသွန်သင်ပေးရှင် ယေဟောဝါကို ကျွန်တော်တို့ အတိုင်းထက်အလွန် ကျေးဇူးတင်ကြပါတယ်။—ဟေရှာယ ၃၀:၂၀