မာတိကာဆီ ကျော်သွား

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ နယူးဘာ့ဂ်မြို့မှာ ကျင်းပခဲ့တဲ့ “စိတ်ရှည်ကြပါ” ၂၀၂၃ ခရိုင်အစည်းအဝေး

၂၀၂၃ ခုနှစ်၊ မေ ၁၅ ရက်
အမေရိကန်

“စိတ်ရှည်ကြပါ” ၂၀၂၃ ခရိုင်အစည်းအဝေး စတင် ကျင်းပနေပါပြီ

“စိတ်ရှည်ကြပါ” ၂၀၂၃ ခရိုင်အစည်းအဝေး စတင် ကျင်းပနေပါပြီ

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လကစပြီး လူကိုယ်တိုင် တက်ရောက်တဲ့ ခရိုင်အစည်းအဝေးတွေကို ရပ်နားခဲ့တယ်။ ဒီနှစ်မှာတော့ “စိတ်ရှည်ကြပါ” ခရိုင်အစည်းအဝေးကြီး ၆၀၀၀ ကျော်ကို ဘာသာစကား ၅၀၀ ကျော်နဲ့ ကမ္ဘာတစ်ဝန်းမှာ ကျင်းပသွားပါမယ်။ လူကိုယ်တိုင် တက်ရောက်ကြမယ့် ဒီအစည်းအဝေးကြီးတွေထဲက ပထမဆုံးတစ်ခုကို ၂၀၂၃ ခုနှစ်၊ မေ ၁၂ ကနေ ၁၄ ရက်မှာ ကျင်းပခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ နယူးဘာ့ဂ်မြို့ စည်းဝေးပွဲခန်းမမှာ ၁,၈၀၀ ကျော် တက်ရောက်ခဲ့တယ်။ တက်ရောက်သူ တစ်ဦးဖြစ်တဲ့ ညီအစ်မ ခရစ္စတင်း တောရက်စ် အခုလို ပြောပြတယ်– “သဘာပတိ ညီအစ်ကိုက ‘ကြိုဆိုပါတယ်’ လို့ ပြောတာနဲ့ ခန်းမတစ်ခုလုံး လက်ခုပ်ထတီးကြတယ်။ အတူတူ ရှိနေရတာ ပျော်လွန်းလို့ပါ။” တက်ရောက်သူ နောက်တစ်ယောက်ဖြစ်တဲ့ ညီအစ်ကို ဒဝိန်း စမစ်လည်း ဒီလိုပြောတယ်– “အားလုံးက စိတ်လှုပ်ရှားနေကြမှန်း သိသာတယ်။ ညီအစ်ကိုတွေ ဘယ်လောက် ပျော်နေကြသလဲဆိုတာ ခံစားရတယ်။”

ကပ်ရောဂါကာလမှာ နှစ်ခြင်းခံခဲ့တဲ့ ညီအစ်မ ဂျက်ဆီကာ ဒိုချေမာစကိုလိုအတွက်တော့ ဒါဟာ လူကိုယ်တိုင် တက်ရတဲ့ ဦးဆုံးအစည်းအဝေးကြီးပဲ။ သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြတယ်– “မတွေ့ရတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့လို့ ပျော်ရွှင်ဝမ်းမြောက်သလိုမျိုးကို ခံစားရတာ။” ဒီနှစ် နှစ်ဆန်းပိုင်းမှာ နှစ်ခြင်းခံခဲ့တဲ့ ဆယ့်ရှစ်နှစ်အရွယ် ညီအစ်မ နာအိုမီ ထီနာဟယ်ရို ဒီလိုပြောတယ်– “မိသားစုတွေလည်း ပျော်လို့ရွှင်လို့၊ သူငယ်ချင်းတွေလည်း ပျော်မြူးနေကြလို့ . . . ကမ္ဘာသစ်ကို ကြိုမြင်ခွင့်ရလိုက်သလိုပဲ။”

သောကြာနေ့ နံနက်ပိုင်းမှာ နယူးဘာ့ဂ် စည်းဝေးပွဲခန်းမကို ညီအစ်မတွေ ရောက်ရှိလာ

အစည်းအဝေးရဲ့ အဓိကအကြောင်းအရာနဲ့ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း ပြောကြတယ်။ ညီအစ်ကို ဆမ်ဟူက “ကျွန်တော်တို့တွေအတွက် စိတ်ရှည်ရတာ မလွယ်ဘူး။ ယေဟောဝါရဲ့ စိတ်ရှည်မှုကို တုပဖို့ အချိန်တန် သတိပေးချက်ပါပဲ” လို့ ပြောတယ်။ ညီအစ်မ ဖရန်ချီ စမစ် အခုလိုပြောတယ်– “ဘဝကဏ္ဍရပ်တိုင်းမှာ စိတ်ရှည်ဖို့ ဘယ်လောက်အရေးကြီးမှန်း သိလာရတယ်။ အစီအစဉ် အစအဆုံးက ကျွန်မနဲ့ ကွက်တိပဲ။”

နယူးယောက်ပြည်နယ်၊ နယူးဘာ့ဂ်မြို့မှာကျင်းပတဲ့ ဦးဆုံးအစည်းအဝေးကြီးကို တက်ရောက်ခဲ့ကြသူအားလုံး သိပ်အားရှိခဲ့ကြတယ်။ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ ညီအစ်ကို/မတွေလိုပဲ ကျွန်တော်တို့လည်း လာမယ့်လတွေမှာ ကျင်းပသွားမယ့် အစည်းအဝေးကြီးကနေ အကျိုးခံစားရဖို့ စောင့်မျှော်နေကြပါတယ်။—ဆာလံ ၁၂၂:၁