မာတိကာဆီ ကျော်သွား

ဩဂုတ် ၁၅၊ ၂၀၁၉
အမေရိကန်

အမေရိကန်နိုင်ငံ၊ ဖီးနစ်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

အမေရိကန်နိုင်ငံ၊ ဖီးနစ်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဩဂုတ် ၉-၁၁၊ ၂၀၁၉

  • နေရာ– အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ ချေ့ဖီလ်း အားကစားကွင်း

  • ဘာသာစကား– အင်္ဂလိပ်

  • အများဆုံးတက်ရောက်သူ– ၄၀,၂၃၇

  • နှစ်ခြင်းခံသူ အရေအတွက်– ၃၅၂

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၅,၀၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– ဩစတြေးလျအေးရှား၊ ဗြိတိန်၊ ကနေဒါ၊ ဗဟိုဥရောပ၊ ချီလီ၊ ပြင်သစ်၊ ဂရိ၊ အိန္ဒိယ၊ အီတလီ၊ ကိုရီးယား၊ မိုက်ခရိုနီးရှား၊ စကင်ဒီနေးဗီးယား၊ သီရိလင်္ကာ၊ တဟီတီ၊ ထိုင်း၊ ထရီနီဒက်နှင့် တိုဘာဂို၊ တူရကီ

  • ဒေသခံတွေ့ကြုံမှု– ဖီးနစ်မြို့တစ်ဝိုက်မှာရှိတဲ့ အစည်းအဝေးတွေ၊ ဟော်တယ်တွေ၊ အပန်းဖြေစခန်းတွေ ကြိုတင်မှာယူမှုတွေကို ကူညီပေးတဲ့ ဗစ်စစ် ဖီးနစ် ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအိုဖြစ်တဲ့ စတိမိုး ဒီလိုပြောတယ်– “ကျွန်တော် ဒီအလုပ်ကို လုပ်လာတာ တော်တော်ကြာပြီ။ ဒီတစ်ခုကတော့ ကျွန်တော် တွဲလုပ်ခဲ့သမျှမှာ ဖွဲ့စည်းစီစဉ်မှု အကောင်းဆုံးပဲ။ ခင်ဗျားတို့နဲ့ အလုပ်လုပ်ရတာ သိပ်သဘောကျတယ်။ အဲဒီအပြင် အားကစားကွင်းကို ပြန်မအပ်ခင် သန့်ရှင်းရေးလုပ်ပေးမယ်လို့ ခင်ဗျားတို့ ကတိပေးခဲ့တယ်။ ဘယ်သူမှ အဲဒီလို မလုပ်ဘူး။”

 

ဖီးနစ်မြို့က စကိုင်း ဟားဗား အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ဝမ်းသာအားရ ကြိုဆိုနေကြစဉ်

ကိုယ်စားလှယ်တွေကို ကြိုဆိုဖို့ ဖီးနစ်က ညီအစ်ကို၊ ညီအစ်မတွေ ဟော်တယ်တစ်ခုမှာ အသင့်စောင့်ကြိုနေကြစဉ်

သောကြာနေ့ မနက်ပိုင်း၊ ချေ့ဖီလ်း အားကစားကွင်းမှာ ရာနဲ့ချီတဲ့ ညီအစ်ကို၊ ညီအစ်မတွေက ကိုယ်စားလှယ်တွေကို အားတက်သရော ကြိုဆိုနှုတ်ဆက်နေကြစဉ်

ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ တခြားကိုယ်စားလှယ်တွေ အစီအစဉ် နားထောင်နေကြစဉ်

ညီအစ်ကို၊ ညီအစ်မအသစ် ၃၅၂ ယောက်ထဲက နှစ်ယောက် နှစ်ခြင်းခံနေကြစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဆမ်မြူအယ်လ် ဟာ့ဒ် အစည်းအဝေး ဒုတိယနေ့ နိဂုံးချုပ်ဟောပြောချက် ပေးနေစဉ်

ဥယျာဉ်တစ်ခုကို လည်ပတ်နေတဲ့ ကိုယ်စားလှယ်တွေ ဓာတ်ပုံရိုက်နေကြစဉ်

၁၉ ရာစု အမေရိကန် အနောက်ပိုင်းက မြို့တစ်မြို့အကြောင်း သမိုင်းဝင် ပြသထားမှုမှာပါတဲ့ မြင်းရထားကို ညီအစ်ကိုတွေ စီးနေကြစဉ်

တနင်္ဂနွေနေ့ နိဂုံးချုပ်အစီအစဉ်မှာ အထူးအချိန်ပြည့် အမှုဆောင်တွေ ကွင်းထဲ လမ်းလျှောက်ဝင်လာကြစဉ်