မာတိကာဆီ ကျော်သွား

မီးသင်္ဂြိုဟ်ခြင်းအကြောင်း ကျမ်းစာအဆိုက ဘာလဲ

မီးသင်္ဂြိုဟ်ခြင်းအကြောင်း ကျမ်းစာအဆိုက ဘာလဲ

ကျမ်းစာအဖြေ

 မီးသင်္ဂြိုဟ်ခြင်းအကြောင်း ကျမ်းစာမှာ သတ်သတ်မှတ်မှတ် ဖော်ပြထားတာ မရှိဘူး။ သေဆုံးသွားသူကို မြေမြှုပ်သင်္ဂြိုဟ်ခြင်း၊ မီးသင်္ဂြိုဟ်ခြင်းတို့နဲ့ပတ်သက်တဲ့ ကျမ်းစာ မိန့်မှာချက်လည်း မရှိပါဘူး။

 ကွယ်လွန်သွားသူတွေကို ဘုရားသခင့် သစ္စာရှိကျွန်တွေ သင်္ဂြိုဟ်ခဲ့ကြပုံအကြောင်းကိုတော့ ဖော်ပြထားတယ်။ ဥပမာ၊ အာဗြဟံဆိုရင် ဇနီးစာရာကို သင်္ဂြိုဟ်ဖို့ သင်္ချိုင်းမြေတစ်ကွက် ရအောင် တော်တော်လေး ကြိုးစားခဲ့ရတယ်။​—ကမ္ဘာဦး ၂၃:၂-၂၀။ ၄၉:၂၉-၃၂

 အလောင်းတွေကို မီးသင်္ဂြိုဟ်ခဲ့ကြတဲ့ သစ္စာရှိသူတွေအကြောင်းလည်း ကျမ်းစာမှာ ပါတယ်။ ဥပမာ၊ အစ္စရေးဘုရင် ရှောလုနဲ့ သားသုံးယောက် တိုက်ပွဲမှာ ကျဆုံးသွားတဲ့အခါ အလောင်းတွေကို ရန်သူ့နယ်မြေမှာ အရှက်ခွဲတဲ့အနေနဲ့ ချိတ်ဆွဲထားကြတယ်။ ဒါကို ကြားတဲ့ သစ္စာရှိ အစ္စရေးစစ်သည်တွေက ရှောလုနဲ့ သားတွေရဲ့ အလောင်းတွေကို ပြန်အရယူပြီး မီးရှို့၊ ကျန်ကြွင်းတဲ့ အရိုးတွေကို မြေမြှုပ်လိုက်ကြတယ်။ (၁ ရှမွေလ ၃၁:၈-၁၃) အဲဒီလိုသင်္ဂြိုဟ်ခဲ့ကြတာကို လက်သင့်ခံစရာနည်းအဖြစ် ကျမ်းစာ ဖော်ပြထားတယ်။​—၂ ရှမွေလ ၂:၄-၆

မီးသင်္ဂြိုဟ်ခြင်းနဲ့ပတ်သက်လို့ လွဲမှားတဲ့ယူဆချက်များ

 ယူဆချက်အမှား။ မီးသင်္ဂြိုဟ်တာက သေဆုံးသူကို ဂုဏ်ဖျက်ရာရောက်တယ်။

 အမှန်။ လူသေရင် မြေကြီးကို ပြန်သွားတယ်လို့ ကျမ်းစာဆိုတဲ့အတိုင်း အလောင်း ဆွေးမြေ့သွားတဲ့အခါ မြေမှုန့်ပြန်ဖြစ်တယ်။ (ကမ္ဘာဦး ၃:၁၉) မီးသင်္ဂြိုဟ်လိုက်ရင် ပြာ ဒါမှမဟုတ် မြေမှုန့် ဖြစ်တာ မြန်တယ်။

 ယူဆချက်အမှား။ ကျမ်းစာခေတ်ကဆိုရင် ဘုရားမျက်နှာသာ မရသူတွေကိုပဲ သေတဲ့အခါ မီးရှို့ကြတယ်။

 အမှန်။ အာခန်နဲ့ မိသားစုတို့လို သစ္စာမဲ့သူတချို့ရဲ့ အလောင်းကို မီရှို့ခဲ့ကြတယ်။ (ယောရှု ၇:၂၅) ဒါက ခြွင်းချက် ဖြစ်တယ်။ စည်းမျဉ်းအရ လုပ်တာ မဟုတ်ဘူး။ (တရားဟောရာ ၂၁:၂၂၊ ၂၃) အစောပိုင်းမှာ ဖော်ပြခဲ့သလိုပဲ ရှောလုနဲ့ သားယောနသန်တို့လို သစ္စာရှိသူတချို့ရဲ့ အလောင်းတွေကို မီးရှို့သင်္ဂြိုဟ်ခဲ့ကြတယ်။

 ယူဆချက်အမှား။ မီးသင်္ဂြိုဟ်လိုက်ရင် သူ့ကို ဘုရား ရှင်ပြန်ထမြောက်ပေးတော့မှာ မဟုတ်ဘူး။

 အမှန်။ မြေမြှုပ်သင်္ဂြိုဟ်တာ၊ မီးသင်္ဂြိုဟ်တာ၊ ပင်လယ်မှာ သေဆုံးတာ၊ သားရိုင်းတိရစ္ဆာန် ကိုက်သတ်တာ၊ ဘယ်လိုနည်းနဲ့ သေဆုံးသွားပါစေ အသက်ပြန်ရှင်အောင် ဘုရား လုပ်ပေးနိုင်ပါတယ်။ (ဗျာဒိတ် ၂၀:၁၃) ခန္ဓာကိုယ်အသစ် ဖန်ဆင်းပေးပြီး အသက်ပြန်ရှင်စေဖို့ အနန္တတန်ခိုးရှင်အတွက် မခက်ပါဘူး။​—၁ ကောရိန္သု ၁၅:၃၅၊ ၃၈