မာတိကာဆီ ကျော်သွား

ယေရှုနဲ့ပတ်သက်တဲ့ ကျမ်းမှတ်တမ်းတွေကို ဘယ်အချိန်မှာ ရေးသားခဲ့သလဲ။

ယေရှုနဲ့ပတ်သက်တဲ့ ကျမ်းမှတ်တမ်းတွေကို ဘယ်အချိန်မှာ ရေးသားခဲ့သလဲ။

သမ္မာကျမ်းစာဖြေဆိုရာ

 တမန်တော်ယောဟန်က သူရေးတဲ့ ယေရှုရဲ့ဘဝအဖြစ်အပျက်မှတ်တမ်းနဲ့ပတ်သက်ပြီး ဒီလိုရေးခဲ့တယ်– “ထိုအမှုကို မြင်သောသူသည် သက်သေခံ၍ သူ၏သက်သေခံချက်သည် မှန်ပေ၏။ သင်တို့ယုံကြည်မည်အကြောင်း သူပြောသောစကားမှန်သည်ကို ကိုယ်တိုင်သိ၏။”—ယောဟန် ၁၉:၃၅

 မဿဲ၊ မာကု၊ လုကာ၊ ယောဟန်တို့ရေးတဲ့ ခရစ်ဝင်ကျမ်းမှတ်တမ်းတွေကို ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်းတစ်ခုက အဖြစ်အပျက်တွေကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခဲ့သူများစွာ အသက်ရှင်နေဆဲအချိန်မှာ ရေးခဲ့တဲ့အတွက်ဖြစ်တယ်။ တချို့အထောက်အထားတွေအရ မဿဲခရစ်ဝင်ကျမ်းကို ခရစ်တော်သေဆုံးပြီးနောက် ရှစ်နှစ်အကြာဖြစ်တဲ့ အေဒီ ၄၁ မှာရေးခဲ့ခြင်းဖြစ်တယ်။ အဲဒီထက်နောက်ကျပြီးမှရေးတယ်လို့ ကျမ်းပညာရှင်များစွာက ယူဆကြပေမဲ့ ခရစ်ယာန်ဂရိကျမ်းစာစောင်အားလုံးကို အေဒီပထမရာစုအတွင်းမှာ ရေးခဲ့ခြင်းဖြစ်တယ်လို့ အများလက်ခံထားကြတယ်။

 ယေရှု ကမ္ဘာပေါ်အသက်ရှင်စဉ် ကိုယ်တော့်ကို မြင်ဖူးသူတွေ၊ ယေရှုသေတာကို ကိုယ်တိုင်တွေ့ခဲ့သူတွေ၊ ယေရှုရှင်ပြန်ထမြောက်တာကို မြင်ခဲ့ကြသူတွေက ခရစ်ဝင်ကျမ်းမှတ်တမ်းတွေ မှန်မမှန် ဆန်းစစ်နိုင်ခဲ့ကြတယ်။ မမှန်တဲ့အချက်တွေပါမယ်ဆိုရင် သူတို့တွေ အလွယ်တကူ ဖော်ထုတ်နိုင်ခဲ့ကြမှာဖြစ်တယ်။ ပါမောက္ခ အက်ဖ်. အက်ဖ်. ဘရူးစ်က ဒီလိုပြောတယ်– “ယေရှုရဲ့တမန်တော်တွေ ဟောပြောတဲ့အခါ အားသာချက်တစ်ခုက နားထောင်နေတဲ့သူတွေသိရှိထားရာတွေကို ခိုင်မာစွာကိုးကားဖော်ပြခြင်းဖြစ်တယ်။ ‘ဤအရာများကို ငါတို့သက်သေခံ၏’ လို့ပြောရုံသာမက ‘သင်တို့ကိုယ်တိုင် သိကြ၏’ လို့လည်း တမန်တော်တွေ ပြောခဲ့ကြတယ် (တမန်တော် ၂:၂၂)။”