မာတိကာဆီ ကျော်သွား

ဆုတောင်းရင် ဘုရားသခင် ကူညီပေးမှာလား။

ဆုတောင်းရင် ဘုရားသခင် ကူညီပေးမှာလား။

သမ္မာကျမ်းစာအဖြေ

 ဘုရားသခင့်အလိုတော်နဲ့အညီ စိတ်ရိုးမှန်နဲ့တောင်းလျှောက်မယ်ဆိုရင် ဘုရားသခင် ကူညီပေးပါတယ်။ အရင်တုန်းက ဆုမတောင်းခဲ့ဘူးဆိုရင်ကော။ “ဘုရားသခင်၊ ကူညီပေးပါ” လို့ဆုတောင်းခဲ့ကြတဲ့ ကျမ်းစာပုံနမူနာတွေက ဆုတောင်းဖို့ သင့်ကိုတွန်းအားပေးနိုင်ပါတယ်။ ဥပမာ–

  •   “အို ဘုရားသခင် ယေဟောဝါ၊ ကျွန်တော့်ကို ကူညီလှည့်ပါ။ ကိုယ်တော်ရဲ့ခိုင်မြဲတဲ့မေတ္တာနဲ့ ကယ်တင်လှည့်ပါ။”—ဆာလံ ၁၀၉:၂၆ကဘ။

  •   “အိုထာဝရဘုရား နားထောင်၍ ကယ်မသနားတော်မူပါ။”—ဆာလံ ၃၀:၁၀

 အဲဒီစကားတွေကို ရေးခဲ့သူဟာ ဘုရားသခင်အပေါ် ခိုင်မြဲတဲ့ယုံကြည်ခြင်းရှိသူဖြစ်တယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ “ကျိုးပဲ့သောစိတ်၊” “နှလုံးကြေကွဲသောသူ” လိုမျိုး သဘောထားမှန်ရှိသူ ဘယ်သူမဆိုရဲ့ ဆုတောင်းချက်ကို နားထောင်ပေးပါတယ်။—ဆာလံ ၃၄:၁၈

 ဘုရားသခင်ဟာ ကျွန်ုပ်တို့နဲ့ဝေးကွာလွန်းပါတယ်၊ ကျွန်ုပ်တို့ရဲ့ပြဿနာတွေကို သတိပြုမိမှာမဟုတ်ပါဘူးဆိုပြီး မထင်ပါနဲ့။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်-“ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း စိတ်နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား အဝေးကသိတော်မူ၏။” (ဆာလံ ၁၃၈:၆) တစ်ခါက တပည့်တွေကို ယေရှုဒီလိုပြောခဲ့တယ်– “သင်တို့၏ဆံပင်များကိုလည်း အကုန်အစင် ရေတွက်ထား၏။” (မဿဲ ၁၀:၃၀) သင်သတိမထားမိတဲ့ အရာတွေကိုတောင် ဘုရားသခင် အသေးစိတ်သိတယ်ဆိုရင် သင့်ရဲ့စိုးရိမ်ပူပန်မှုတွေအတွက် ကိုယ်တော့်ထံအကူအညီတောင်းခံတာကို ကိုယ်တော် ပိုနားထောင်ပေးမယ်မဟုတ်လား။—၁ ပေတရု ၅:၇