မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

ကျမ်းစာမှာ ဒါမှမဟုတ် စာပေမှာ ရှာဖွေခြင်း—Windows

ကျမ်းစာမှာ ဒါမှမဟုတ် စာပေမှာ ရှာဖွေခြင်း—Windows

ကျမ်းစာ ဒါမှမဟုတ် စာပေတစ်ခုမှာပါတဲ့ စကားလုံး ဒါမှမဟုတ် စကားစုကို ရှာနိုင်အောင် JW Library ကို ပြင်ဆင်ပေးထားပါတယ်။

အောက်ပါ ညွှန်ကြားချက်တွေအတိုင်း လုပ်ကြည့်ပါ-

 ကျမ်းစာမှာ ရှာပါ

သင် ဖတ်ရှုနေတဲ့ ကျမ်းစာထဲက စကားလုံး ဒါမှမဟုတ် စကားစုတစ်ခုကို ရှာနိုင်ပါတယ်။

ဖတ်နေတဲ့ ကျမ်းစာနေရာကနေ ရှာဖွေ လေးထောင့်ကွက်ကို နှိပ်ပါ။ သင်ရှာလိုတဲ့ စကားလုံး ရိုက်ထည့်ပါ။ သင် ရိုက်ထည့်နေတဲ့အချိန်မှာ အကြံပြုချက်တွေကို တွေ့ရပါလိမ့်မယ်။ အကြံပြုချက်တစ်ခုကို နှိပ်ပါ ဒါမှမဟုတ် ကီးဘုတ်မှာပါတဲ့ Enter ခလုတ်ကို နှိပ်ပါ။ ရှာဖွေတွေ့ရှိမှုရလဒ်တွေကို တွေ့ရပါလိမ့်မယ်။

အသုံးများတဲ့ အခန်းငယ်တွေ က သင်ရှာတဲ့စကားလုံးနဲ့ အကိုက်ဆုံး၊ အသုံးအများဆုံး ကျမ်းချက်တွေကို ဖော်ပြပေးပါတယ်။ အခန်းငယ်အားလုံး က ကျမ်းစောင်အားလုံးမှာ သင်ရှာနေတဲ့ စကားလုံးပါတဲ့ ကျမ်းချက်တွေကို အစဉ်လိုက် ဖော်ပြပေးပါတယ်။ ဆောင်းပါးများ က သင်ရှာနေတဲ့ စကားလုံးပါတဲ့ နိဒါန်းနဲ့ နောက်ဆက်တွဲ ဆောင်းပါးတွေကို ဖော်ပြပေးပါတယ်။

စကားလုံးအတွဲလိုက်ကို ရှာချင်တာဖြစ်ပြီး သင်ရိုက်ထည့်တဲ့ စကားစုနဲ့ အတိအကျကိုက်ညီတဲ့ ရလဒ်တွေကိုပဲ ပေါ်စေချင်တယ်ဆိုရင် စကားစုအတိုင်း အတိအကျရှာပါ အကွက်ကို အမှတ်လုပ်ထားပါ။

 စာပေတစ်ခုမှာ ရှာပါ

ဖတ်ရှုနေတဲ့ စာပေနေရာကနေ စကားလုံး ဒါမှမဟုတ် စကားစုတစ်ခုကို ရှာနိုင်ပါတယ်။

ဖတ်နေတဲ့ စာပေနေရာကနေ ရှာဖွေ လေးထောင့်ကွက်ကို နှိပ်ပါ။ သင်ရှာလိုတဲ့ စကားလုံး ရိုက်ထည့်ပါ။ သင် ရိုက်ထည့်နေတဲ့အချိန်မှာ အကြံပြုချက်တွေကို တွေ့ရပါလိမ့်မယ်။ အကြံပြုချက်တစ်ခုကို နှိပ်ပါ ဒါမှမဟုတ် ကီးဘုတ်မှာပါတဲ့ Enter ခလုတ်ကို နှိပ်ပါ။ ရှာဖွေတွေ့ရှိမှုရလဒ်တွေကို တွေ့ရပါလိမ့်မယ်။

စကားလုံးအတွဲလိုက်ကို ရှာချင်တာဖြစ်ပြီး သင်ရိုက်ထည့်တဲ့ စကားစုနဲ့ အတိအကျကိုက်ညီတဲ့ ရလဒ်တွေကိုပဲ ပေါ်စေချင်တယ်ဆိုရင် စကားစုအတိုင်း အတိအကျရှာပါ အကွက်ကို အမှတ်လုပ်ထားပါ။

 အကြောင်းအရာတစ်ခုကို ရှာပါ

သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် စာအုပ်ကို ကူးယူထားတယ်ဆိုရင် ထိုးထွင်းအမြင်ထဲက အကြောင်းအရာတစ်ခုကို ရှာနိုင်ပါတယ်။ ဒီ app ထဲက ဘယ်ကျမ်းစာ ဒါမှမဟုတ် ဘယ်စာပေကို ဖတ်နေပါစေ ထိုးထွင်းအမြင်ထဲက အကြောင်းအရာကို ရှာနိုင်ပါတယ်။

ရှာဖွေ လေးထောင့်ကွက်ကို နှိပ်ပါ။သင်ရှာလိုတဲ့ အကြောင်းအရာကို ရိုက်ထည့်ပါ။ သင် ရိုက်ထည့်နေတဲ့အချိန်မှာ အကြံပြုချက်စာရင်းမှာ သင်ရှာတာနဲ့ကိုက်ညီတဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် ထဲက အကြောင်းအရာတွေကို တွေ့ရပါလိမ့်မယ်။ သင်ဖတ်ရှုလေ့လာလိုတဲ့ အကြောင်းအရာကို နှိပ်ပါ။

အဲဒီအသွင်အပြင်တွေပါတဲ့ JW Library 1.3.4 ကို ၂၀၁၄၊ အောက်တိုဘာလမှာ တင်ထားပြီးဖြစ်ပါတယ်။ Windows 8.0 နဲ့ အဲဒီနောက်ပိုင်း အသစ်ထုတ်တဲ့ ဖုန်း၊ တက်ဘလက်တွေမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီအသွင်အပြင်တွေကို မရဘူးဆိုရင် “JW Library ကို စတင်အသုံးပြုခြင်း—Windows” ဆောင်းပါးထဲက “နောက်ဆုံးထုတ် အသွင်အပြင်များ ရယူပါ” ခေါင်းစဉ်ငယ်အောက်မှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပါ။