မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW.ORG ဝက်ဘ်ဆိုက်

ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’ ကို အသုံးပြုပါ

ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’ ကို အသုံးပြုပါ

 သီချင်းစာအုပ်ကို ကူးယူပါ

စာကြည့်တိုက် > တေးဂီတ ကိုနှိပ်ပါ။

ကူးယူရာမှာ ရွေးချယ်စရာများ ပေါ်လာအောင် Text Options ကို နှိပ်ပါ။ ကူးယူပါ စာမျက်နှာ ပွင့်လာပါလိမ့်မယ်။

ကူးယူပါ စာမျက်နှာမှာ ယေဟောဝါကို ရွှင်လန်းစွာ တေးသီကျူးကြ  ဒီဂျစ်တယ်ပုံစံ အားလုံးကို တွေ့ရမယ်။

သီချင်းစာအုပ်ခေါင်းစဉ်အောက်မှာ ကူးယူနိုင်တဲ့ပုံစံတွေပါတဲ့ အကွက်ကို နှိပ်ပါ။ ဥပမာ၊ “PDF” ကို နှိပ်မယ်ဆိုရင် PDF ဖိုင်တွေကို တွေ့ရမယ်။

ကူးယူချင်တဲ့ ဖိုင်ဘေးက ကူးယူပါကို နှိပ်ပါ။ ဖိုင်အရွယ်အစားကို ဖော်ပြထားတယ်။

 သီချင်း အသံဖိုင်တွေကို ဖွင့်ပါ ဒါမှမဟုတ် ကူးယူပါ

သင့်ဘာသာစကားနဲ့ သီချင်းစာအုပ်ရဲ့ တေးဂီတအယ်လဘမ်ကိုပါ ရနိုင်တယ်ဆိုရင် စာကြည့်တိုက် > တေးဂီတ မှာ သီချင်းစာအုပ်နဲ့အတူ ဖော်ပြပေးထားပါတယ်။

ကူးယူဖို့အတွက် အော်ဒီယို ဒါမှမဟုတ် ဗီဒီယိုကို နှိပ်ပါ။ ဖွင့်ပါ & ကူးယူပါ စာမျက်နှာ ပွင့်လာပါလိမ့်မယ်။

ဖွင့်ပါ & ကူးယူပါ စာမျက်နှာကနေ သီချင်းတစ်ပုဒ် ဒါမှမဟုတ် သီချင်းတွေရဲ့အသံဖိုင် ဒါမှမဟုတ် ဗီဒီယိုကို ဖွင့်နိုင်တယ်။

  • သီချင်းစာအုပ် အစကနေ နားထောင်ချင်တယ်ဆိုရင် Audio Bar မှာရှိတဲ့ ဖွင့်ပါ ခလုတ်ကို နှိပ်ပါ။

  • ကိုယ်နားထောင်ချင်တဲ့ သီချင်းရဲ့ ခေါင်းစဉ်ဘေးက ဖွင့်ကို နှိပ်ပါ။

  • အဲဒီသီချင်း ဗီဒီယိုကို ဖွင့်ချင်ရင် ပုံဒေါင့်က ဖွင့်ဆိုတဲ့ အကွက်ကို နှိပ်ပါ။

သီချင်းတစ်ပုဒ်ပြီးသွားတိုင်း နောက်တစ်ပုဒ်ကို ကူးသွားမှာ ဖြစ်တယ်။

ဖွင့်ပါ & ကူးယူပါ စာမျက်နှာကနေ သီချင်းစာအုပ် တစ်အုပ်လုံးကိုဖြစ်စေ၊ သီချင်းတစ်ပုဒ်ကိုဖြစ်စေ ကူးယူနိုင်ပါတယ်။

  • သီချင်းစာအုပ်မှာပါတဲ့ အသံဖိုင်အားလုံးကို ကူးချင်ရင် ZIP ကို နှိပ်ပါ။ အော်ဒီယိုဖိုင် အရွယ်အစားကို ဖော်ပြထားတယ်။

  • သီချင်းတစ်ပုဒ် အသံဖိုင်ကို ကူးယူချင်ရင် ဘေးမှာရှိတဲ့ MP3 အကွက်ကို နှိပ်ပါ။ ဖိုင်အရွယ်အစား ပေါ်နေလိမ့်မယ်။

  • အဲဒီသီချင်း ဗီဒီယိုကို ကူးချင်ရင် သီချင်းဘေးက ကူးယူပါ အကွက်ကို နှိပ်ပါ။

 သီချင်းတွေကို ရှာပါ၊ ဖွင့်ပါ၊ ကြည့်ပါ

စာကြည့်တိုက် > တေးဂီတ ကို သွားပါ။

ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’ စာမျက်နှာကို သွားဖို့ သီချင်းစာအုပ် ဒါမှမဟုတ် တေးဂီတအယ်လဘမ် ခေါင်းစဉ်ကို နှိပ်ပါ။

အဲဒီစာမျက်နှာမှာ သင် ကြည့်ချင်တဲ့၊ နားထောင်ချင်တဲ့ သီချင်းကို ရှာနိုင်ပါတယ်။

အယ်လဘမ်ထဲမှာရှိတဲ့ သီချင်းအားလုံးကို ဖွင့်ချင်တယ်ဆိုရင် ဆက်တိုက်ဖွင့် ဆိုတာကို နှိပ်ပါ။ သီချင်းအားလုံး ဖွင့်ပြီးသွားရင် ရပ်သွားပါလိမ့်မယ်။

ကြုံရာဖွင့် ကို နှိပ်ရင် သီချင်းတွေကို အစဉ်လိုက်မဟုတ်ဘဲ ဖွင့်သွားပါမယ်။ သီချင်းအားလုံး ဖွင့်ပြီးသွားရင် ရပ်သွားလိမ့်မယ်။

Audio Bar မှာရှိတဲ့ ခလုတ်တွေကို အသုံးပြုနိုင်ပုံ-

  • ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’ ထဲက သီချင်းကို အစကနေ ဖွင့်ချင်တယ်ဆိုရင် ဖွင့်ပါ ကို နှိပ်ပါ။ ကိုယ်ဖွင့်ချင်တဲ့ သီချင်းခေါင်းစဉ် ညာဘက်မှာရှိတဲ့ ဖွင့်ကို နှိပ်ပါ။

  • သီချင်းကို ရပ်ချင်ရင် ခဏရပ် ကို နှိပ်ပါ။ ပြန်ဖွင့်ချင်ရင် ဖွင့်ကို နှိပ်ပါ။

  • Playhead ရွှေ့ပြီး သီချင်းကို ရှေ့တိုး နောက်ဆုတ်လုပ်နိုင်တယ်။

  • ဆက်တိုက်ဖွင့် ဒါမှမဟုတ် ကြုံရာဖွင့် ကိုသုံးပြီး ဖွင့်ထားချိန်မှာ ပြီးသွားတဲ့အပုဒ်ကို ပြန်ဖွင့်ချင်ရင် Previous Track ကိုနှိပ်ပါ။

  • ဆက်တိုက်ဖွင့် ဒါမှမဟုတ် ကြုံရာဖွင့် ကိုသုံးပြီး ဖွင့်ထားချိန်မှာ နောက်တစ်ပုဒ်ကို ဖွင့်ချင်ရင် Next Track ကိုနှိပ်ပါ။

  • အသံဖွင့်ဖို့၊ ပိတ်ဖို့ Volume ကို နှိပ်ပါ။

အောက်ကို ဆက်သွားပေမဲ့ Audio Bar က မျက်နှာပြင် အပေါ်ဆုံးမှာ အမြဲရှိနေမှာ ဖြစ်တယ်။ ဒါကြောင့် သီချင်းပိတ်တာ၊ ဖွင့်တာကို အလွယ်တကူ ပြုလုပ်နိုင်တယ်။

ယေဟောဝါကို ရွှင်လန်းစွာ တေးသီကျူးကြ  မှာပါတဲ့ သီချင်းတွေကို အကွက်ပုံစံ နဲ့ စာရင်းပုံစံ နှစ်မျိုး ကြည့်နိုင်ပါတယ်။

  • စာရင်းပုံစံကို နှိပ်မယ်ဆိုရင် သီချင်းတစ်ပုဒ်စီကို ခေါင်းစဉ်နဲ့တကွ အစဉ်လိုက် တွေ့နိုင်တယ်။

  • စာရင်းပုံစံမှာ သီချင်းဖွင့်ချင်ရင် ခေါင်းစဉ်ဘေးက ဖွင့်ကို နှိပ်ပါ၊ စာသားကြည့်ချင်ရင် ခေါင်းစဉ်ကို နှိပ်ပါ။

  • အကွက်ပုံစံကို နှိပ်ရင် သီချင်းနံပါတ်တွေ ဇယားကွက်ပုံစံနဲ့ ပေါ်လာမယ်။ စာသားကြည့်ဖို့ သီချင်းနံပါတ်ကို နှိပ်ပါ။

 သီချင်းစာသားတွေကို ကြည့်ပါ

အွန်လိုင်းမှာ သီချင်းစာသားတွေ တင်ထားရင် စာသားကြည့်ဖို့ သီချင်းနံပါတ် ဒါမှမဟုတ် ခေါင်းစဉ်ကို နှိပ်ပါ။

သီချင်းတစ်ပုဒ်ကို ရှာချင်ရင် Audio Bar အောက်မှာရှိတဲ့ ရှာဖွေအကွက်မှာ ရှာပါ။

  • သီချင်းနံပါတ်နဲ့ ခေါင်းစဉ်တွေကို ကြည့်ချင်ရင် ရှာဖွေအကွက်ကို နှိပ်ပါ။

  • ဆက်စပ်မှုရှိတဲ့ သီချင်းတွေ ရှာချင်ရင် သီချင်းနံပါတ် ဒါမှမဟုတ် စာသားကို ရိုက်ထည့်ပါ။

  • သီချင်းစာသားကို ကြည့်ချင်ရင် စာရင်းထဲက သီချင်းတစ်ပုဒ်ရွေးပါ။

သီချင်းစာသားတွေကို ကိုယ်ကြည့်ချင်တဲ့ ပုံစံနဲ့ ရွေးကြည့်နိုင်ပါတယ်-

  • စာသားကို နှိပ်ရင် သီချင်းစာသားတွေ ပေါ်လာမယ်။ ဒီပုံစံနဲ့ ကြည့်မယ်ဆိုရင် ကျမ်းချက်တွေကို နှိပ်ပြီး ကျမ်းစာသားတွေပါ ကြည့်နိုင်တယ်။ အသံဖိုင်ဖွင့်တဲ့အခါ ဘယ်စာကြောင်း ရောက်နေပြီဆိုတာ အရောင်နဲ့ပြပေးတယ်။

  • ပုံကို နှိပ်ရင် သီချင်းစာသားတွေ ပုံအနေနဲ့ ပေါ်လာမယ်။ ဒီပုံစံနဲ့ ကြည့်မယ်ဆိုရင် ဂီတသင်္ကေတတွေကို တွေ့ရပါလိမ့်မယ်။ ပုံအနေနဲ့ ကြည့်ဖို့ Image Viewer ကို နှိပ်ပါ။ Zoom In နဲ့ Zoom Out ကိုနှိပ်ပြီး ပုံကို ချုံ့နိုင်၊ ချဲ့နိုင်တယ်။

  • ဗီဒီယိုကို နှိပ်ရင် သီချင်းစာသားတွေ ဗီဒီယိုပြကွက်နဲ့ ပေါ်လာမယ်။