မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်–၁၉၄၆ ခုနှစ်၊ ဂျာမနီနိုင်ငံက ညီအစ်ကိုတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေကို ဆွစ်ဇလန်နိုင်ငံကနေ ပို့ပေးခဲ့၊ ညာ–၂၀၁၁ ခုနှစ်၊ ဂျပန်နိုင်ငံမှာ ဆူနာမီဖြစ်ပြီးနောက် နိုင်ငံတော်ခန်းမကို ပြန်ဆောက်နေကြ

အပိုင်း ၆

နိုင်ငံတော်လုပ်ငန်းကို ထောက်မပေးခြင်း —ဝတ်ပြုရာခန်းမများ ဆောက်လုပ်ခြင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်း

နိုင်ငံတော်လုပ်ငန်းကို ထောက်မပေးခြင်း —ဝတ်ပြုရာခန်းမများ ဆောက်လုပ်ခြင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်း

နိုင်ငံတော်ခန်းမ၀င်းထဲ ၀င်သွားတော့ ဒီနေရာကို မမှတ်မိနိုင်လောက်အောင်ပဲ။ တကယ်ဆို ဒီအဆောက်အအုံအတွက် အမြဲ ဂုဏ်ယူနေခဲ့တာ။ ခန်းမဆောက်တုန်းက ဝိုင်းကူညီခဲ့တာ မှတ်မိနေသေးတယ်။ သိပ်ပျော်စရာကောင်းတာပဲ။ အခုတော့ ခန်းမဝင်းက ယာယီကယ်ဆယ်ရေးစခန်းဖြစ်နေပါလား။ ဘာပဲဖြစ်ဖြစ်၊ ဒါက ပိုလို့တောင်ဂုဏ်ယူစရာ ကောင်းသေးတယ်။ မကြာခင်ကတိုက်ခတ်သွားတဲ့ မုန်တိုင်းကြောင့် ရေကြီးရေလျှံပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပြီးနောက် ဌာနခွဲကော်မတီက ဒုက္ခသည်တွေကို အစားအစာ၊ အဝတ်အထည်၊ ရေသန့်နဲ့ တခြားအကူအညီတွေပေးဖို့ ချက်ချင်း စီစဉ်ခဲ့တယ်။ လှူဒါန်းထားတဲ့ကယ်ဆယ်ရေးပစ္စည်းတွေကို စနစ်တကျစီထားတယ်။ ညီအစ်ကိုညီအစ်မတွေက တန်းစီပြီး သူတို့လိုအပ်တာတွေကို ယူကြတယ်။ အများစုရဲ့မျက်၀န်းမှာတော့ ၀မ်းသာမျက်ရည်တွေနဲ့ပေါ့။

ယေရှုက သူ့နောက်လိုက်တွေရဲ့ ထင်ရှားတဲ့အမှတ်အသားဟာ အချင်းချင်းချစ်တဲ့မေတ္တာဖြစ်တယ်လို့ ပြောခဲ့တယ်။ (ယော. ၁၃:၃၄၊ ၃၅) ယေဟောဝါသက်သေတွေရဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ခရစ်ယာန်မေတ္တာကို ဘယ်လိုတင်ပြနေသလဲဆိုတာ ဒီအပိုင်းမှာ ဆွေးနွေးပါမယ်။ အဲဒီမေတ္တာက ဘုရင်ယေရှုရဲ့အုပ်ချုပ်မှုအောက်မှာ ကျွန်တော်တို့ ရှိနေတယ်ဆိုတာ အခိုင်အမာသက်သေထူပါတယ်။

ဒီအပိုင်းမှာ

အခန်း ၁၈

နိုင်ငံတော်လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ပေးပုံ

ငွေကို ဘယ်ကရသလဲ။ ဘယ်လိုအသုံးပြုသလဲ။

အခန်း ၁၉

ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း

ဝတ်ပြုရာနေရာတွေက ဘုရားသခင်ကို ချီးမွမ်းဂုဏ်တင်မှုဖြစ်စေတယ်။ ဒါပေမဲ့ အဲဒါတွေထက် ဘုရားသခင်ပိုတန်ဖိုးထားတဲ့အရာ ရှိတယ်။

အခန်း ၂၀

ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်း

ကယ်ဆယ်ရေးလုပ်ငန်းက ၀တ်ပြုရေးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ ဘယ်လိုသိရသလဲ။