မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အိုဘုရားသခင် ဤအမှုအရာအပေါင်းကို သတိရတော်မူပါ’

‘အိုဘုရားသခင် ဤအမှုအရာအပေါင်းကို သတိရတော်မူပါ’

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

‘အိုဘုရားသခင် ဤအမှုအရာအပေါင်းကို သတိရတော်မူပါ’

“ယေဟောဝါဘုရားသခင်က ကျွန်မအကြောင်း ကောင်းကောင်းသိထားတယ်ဆိုတော့ ကျွန်မကို ချစ်မှာမဟုတ်ဘူး၊ လက်ခံမှာမဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တာ” ဆိုပြီး သစ္စာတည်ကြည်တဲ့ ခရစ်ယာန်အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကရေးသားခဲ့တယ်။ သူဟာ တန်ဖိုးမရှိဘူးလို့ ခံစားနေခဲ့ရတာ။ သင်လည်း အဲဒီလိုခံစားဖူးပါသလား။ သင်ဟာ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ နှစ်သက်လက်ခံမှုကို မခံယူထိုက်ဘူးဆိုပြီး ခံစားဖူးပါသလား။ ခံစားဖူးတယ်ဆိုရင် နေဟမိ ၁၃:၃၁ [ခမ] ပါစကားတွေက သင့်အတွက် အားပေးမှုဖြစ်စေနိုင်ပါတယ်။

ဘီစီအီး ငါးရာစုက ဂျူးတွေရဲ့ မြို့ဝန်မင်း နေဟမိဟာ ဘုရားသခင့်စိတ်တော်နဲ့တွေ့ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ သူဟာ ရန်သူတွေ ဆန့်ကျင်နေတဲ့ကြားက ဂျေရုဆလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ဖို့ ဦးဆောင်ခဲ့တယ်။ ဘုရားသခင့်ပညတ်ကို လိုက်နာဖို့ အားပေးခဲ့တယ်၊ နိမ့်ကျတဲ့သူတွေကို ဂရုစိုက်ခဲ့တယ်၊ ဂျူးအမျိုးသားချင်းတွေရဲ့ ယုံကြည်ခြင်းခိုင်ခံ့အောင် ကြိုးပမ်းခဲ့တယ်။ သစ္စာတည်ကြည်တဲ့ ဒီအမျိုးသားရဲ့ ကောင်းတဲ့လုပ်ရပ်တွေကို ဘုရားသခင် သတိပြုမိပါသလား။ ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို နေဟမိ ရရှိခဲ့ပါသလား။ သူ့နာမည်တပ်ပြီး ရေးထားတဲ့ကျမ်းရဲ့ နိဂုံးပိုင်းမှာ အဖြေကိုတွေ့နိုင်ပါတယ်။

‘အိုဘုရားသခင် ဤအမှုအရာအပေါင်းကို သတိရတော်မူပါ’ လို့နေဟမိ ဆုတောင်းခဲ့တယ်။ * ဘုရားသခင်က သူ့ရဲ့ကောင်းမှုတွေကို သတိမပြုမိမှာ ဒါမှမဟုတ် သူ့ကို ဘုရားသခင် မေ့သွားမှာကို နေဟမိ စိုးရိမ်နေလို့လား။ မဟုတ်ပါဘူး။ ဘုရားသခင်ဟာ သစ္စာရှိဝတ်ပြုသူတွေနဲ့ သူတို့ရဲ့ကောင်းမှုတွေကို သတိပြုမိတယ်ဆိုတဲ့အကြောင်း အစောပိုင်းကျမ်းရေးသူတွေ ရေးသားခဲ့ရာကို နေဟမိ သိထားမှာ သေချာပါတယ်။ (ထွက်မြောက်ရာ ၃၂:၃၂၊ ၃၃; ဆာလံ ၅၆:၈) ဒါဆိုရင် ဘုရားသခင်ကို ဘာလုပ်ပေးဖို့ သူတောင်းဆိုနေတာလဲ။ “သတိရ” ဆိုတဲ့ ဟေဗြဲအသုံးအနှုန်းက “တစ်စုံတစ်ခုကို နှစ်သက်မြတ်နိုးပြီး အဲဒါကို အမှတ်တရအနေနဲ့ လုပ်ဆောင်ပေးခြင်း” ဆိုတဲ့အဓိပ္ပာယ်ရှိတယ်လို့ အကိုးအကားတစ်ခုမှာ ဖော်ပြထားတယ်။ ဆုတောင်းခြင်းရဲ့အစွမ်းကို နေဟမိ အပြည့်အဝ ယုံကြည်စိတ်ချတဲ့အတွက် သူ့ကို သတိရဖို့နဲ့ ကောင်းချီးပေးဖို့ ဘုရားသခင်ဆီမှာ တောင်းခံနေခြင်းဖြစ်ပါတယ်။—နေဟမိ ၂:၄

သတိရဖို့အတွက် နေဟမိ ဆုတောင်းခဲ့တာကို ဘုရားသခင် နားညောင်းပေးပါ့မလား။ ကိုယ်တော် နားညောင်းပေးခဲ့ပြီးပါပြီ။ ဘုရားသခင်ဟာ နေဟမိရဲ့ဆုတောင်းချက်ကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်စေခဲ့ပါတယ်။ အဲဒါက နေဟမိကို ဘုရားသခင် ချစ်ခင်မြတ်နိုးစွာ သတိရနေတယ်ဆိုတာ သိနိုင်တဲ့ နည်းတစ်နည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ‘ဆုတောင်းစကားကို နားထောင်တော်မူသော ဘုရားသခင်’ ဟာ နေဟမိရဲ့ စိတ်ရင်းမှန်နဲ့တောင်းတဲ့ ဆုတောင်းစကားကို နားညောင်းပေးရာမှာ အဲဒါထက်မက လုပ်ဆောင်ပေးဦးမှာဖြစ်တယ်။—ဆာလံ ၆၅:၂

စင်ကြယ်တဲ့ဝတ်ပြုရေးအတွက် နေဟမိလုပ်ဆောင်ခဲ့တဲ့ အမှုအရာအားလုံးအတွက် သူ့ကို ဘုရားသခင် ထပ်ပြီးဆုချပါဦးမယ်။ (ဟေဗြဲ ၁၁:၆) ဘုရားသခင် ကတိပြုထားတဲ့ လာမယ့်ကမ္ဘာသစ်မှာ နေဟမိကို အသက်ပြန်ရှင်ခွင့်ပေးခြင်းအားဖြင့် ကိုယ်တော် ကောင်းချီးပေးပါလိမ့်မယ်။ * (၂ ပေတရု ၃:၁၃; ဗျာ. ၂၁:၃၊ ၄) သာယာအေးချမ်းတဲ့ ဥယျာဉ်လိုဖြစ်မယ့် ဒီကမ္ဘာမြေကြီးမှာ ထာဝစဉ် အသက်ရှင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေဟမိဟာ သူ့ရဲ့ကောင်းမှုတွေအတွက် ဘုရားသခင် တကယ်ပဲ သတိရပေးတယ်ဆိုတာကို အဲဒီအချိန်ရောက်တဲ့အခါ တွေ့ရပါလိမ့်မယ်။

‘အိုထာဝရဘုရားသခင် ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းချီးပေး၍ ဒိုင်းလွှားနှင့်ကွယ်ကာသကဲ့သို့ ကျေးဇူးတော်အားဖြင့် ကွယ်ကာစောင်မတော်မူသတည်း’ ဆိုတဲ့ ဘုရင်ဒါဝိဒ်ရဲ့စကားတွေ မှန်ကန်တယ်ဆိုတာ နေဟမိရဲ့ဆုတောင်းချက်က ထောက်ခံတယ်။ (ဆာလံ ၅:၁၂သမ္မာ) ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကိုရဖို့ ကျွန်ုပ်တို့ စိတ်ရင်းမှန်နဲ့ ကြိုးစားနေမယ်ဆိုရင် ဘုရားသခင် သတိပြုမိပြီး တန်ဖိုးထားမှာဖြစ်တယ်။ ဘုရားသခင့်လုပ်ငန်းမှာ အတတ်နိုင်ဆုံး ကြိုးစားပါဝင်နေသမျှကာလပတ်လုံး သင့်ကို ဘုရားသခင် ချစ်ခင်တွယ်တာစွာ သတိရပြီး ကောင်းချီးများစွာ ပေးလိမ့်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

ဖေဖော်ဝါရီလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

နေဟမိ ၁-၁၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 နေဟမိသည် မိမိပြုခဲ့သော သစ္စာရှိလုပ်ရပ်များကြောင့် ထွက်ပေါ်လာသည့် ရလဒ်ကောင်းအတွက် ဘုရားသခင်ထံ လေးကြိမ် ဆုတောင်းခဲ့သည်။ ယင်းသည် နောက်ဆုံးအကြိမ် ဖြစ်ပါသည်။—နေဟမိ ၅:၁၉; ၁၃:၁၄၊ ၂၂၊ ၃၁ခမ။

^ အပိုဒ်၊ 5 သစ္စာတည်ကြည်သော လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း ပိုမိုသိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသည့် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၃ နှင့် အခန်း ၇ ကိုဖတ်ကြည့်ပါ။