မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုတောင်းချက်တွေကို နားထောင်တဲ့သူရှိသလား

ဆုတောင်းချက်တွေကို နားထောင်တဲ့သူရှိသလား

ဆုတောင်းချက်တွေကို နားထောင်တဲ့သူရှိသလား

“ဘုရားသခင် ရှိတယ်ဆိုတာ ဟုတ်ပါ့မလားလို့ ကျွန်မ သံသယရှိခဲ့ ဖူးတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ကျွန်မ ဆုတောင်းမိပါတယ်။ ဆုတောင်းချက်တွေကို နားထောင်တဲ့သူ ရှိသလား၊ မရှိဘူးလားဆိုတာကို အသေအချာ မသိပေမဲ့လည်း တစ်ယောက်ယောက်က နားထောင်နေမှာပါလို့ မျှော်လင့်မိတာကိုတော့ ဝန်ခံရမယ်။ အသက်ရှင်ရတာ မပျော်ဘူး၊ ကျွန်မရဲ့ဘဝက အဓိပ္ပာယ်မရှိသလိုပဲ။ ပျော့ညံ့တဲ့သူတွေပဲ ဘုရားသခင်ကို ယုံကြည်ကြတာလို့ ကျွန်မ ထင်ထားတဲ့အတွက် ဘုရားသခင်ကို မယုံရဲဘူး။”—ပက်ထရစ်ရှာ၊ * အိုင်ယာလန်နိုင်ငံ။

ပက်ထရစ်ရှာ ခံစားရသလိုမျိုး သင်လည်း ခံစားဖူးပါသလား။ ဘုရားသခင် ရှိသလား၊ မရှိဘူးလားဆိုတာနဲ့ပတ်သက်ပြီး သင် သံသယရှိနေရင်တောင် ဆုတောင်းပါသလား။ အဲဒီလိုဖြစ်နေတယ်ဆိုရင် သင့်လိုပဲ သံသယရှိနေတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ သတိရပါ။ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို သုံးသပ်ကြည့်ရအောင်။

▪ ဗြိတိသျှလူမျိုး ၂,၂၀၀ ကို သဘောထားစစ်တမ်း ကောက်ယူကြည့်တဲ့အခါ ကမ္ဘာကိုဖန်ဆင်းတဲ့၊ ဆုတောင်းချက်တွေကို နားထောင်တဲ့ ဘုရားသခင်တစ်ပါးရှိတယ်ဆိုတာကို ယုံကြည်တဲ့သူက ၂၂ ရာခိုင်နှုန်းပဲရှိတယ်ဆိုတာ တွေ့ရတယ်။ ၅၅ ရာခိုင်နှုန်းကျတော့ တစ်ခါတလေပဲ ဆုတောင်းကြတယ်ဆိုတာ သိရတယ်။

▪ နိုင်ငံအသီးသီးက လူ ၁၀,၀၀၀ ကို စစ်တမ်းကောက်ယူကြည့်တဲ့အခါ သူတို့ကိုယ်သူတို့ ဘာသာတရားမဲ့ဝါဒီလို့ ပြောပေမဲ့ သူတို့တွေထဲက ၃၀ ရာခိုင်နှုန်းနီးပါးက ဆုတောင်းကြတယ်ဆိုတာ သိရပါတယ်။

သူတို့ ဘာကြောင့် သံသယဖြစ်ရတာလဲ

အယ်လန်လို့ခေါ်တဲ့ အင်္ဂလန်နိုင်ငံက အမျိုးသားတစ်ဦး ဒီလိုပြောတယ်– “ဘာသာတရားဆိုတာ လူတွေကိုချုပ်ကိုင်ဖို့နဲ့ ငွေရှာဖို့ ဖန်တီးထားတာလို့ ကျွန်တော် ယူဆတဲ့အတွက် ဘုရားသခင်ကို အယုံအကြည်မရှိဘူးလို့ ပြောခဲ့ဖူးတယ်။ ဒါ့အပြင် ဘုရားသခင် ရှိတယ်ဆိုရင် မတရားမှုတွေ ဒီလောက်များလာစရာ အကြောင်းမရှိဘူးလို့လည်း ဆင်ခြင်မိတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ကျွန်တော် ငြိမ်ငြိမ်လေးထိုင်ပြီး တစ်ယောက်ယောက်ကို တိုင်တည်စကားပြောတယ်။ ‘ငါ ဒီကမ္ဘာပေါ် ဘယ်လိုလုပ် ရောက်လာတာလဲ’ ဆိုပြီးတော့လည်း တစ်ကိုယ်တည်း ပြောနေမိတယ်။”

ဆုတောင်းချက်တွေကို ဖြေကြားမဖြေကြားဆိုတာနဲ့ပတ်သက်ပြီး လူတစ်ဦးစီဟာ ကိုယ့်အယူအဆနဲ့ကိုယ် သံသယဝင်နေကြတာဖြစ်တယ်။ ဖြစ်ရပ်အတော်များများကိုကြည့်ရင် အောက်မှာဖော်ပြထားတဲ့ အဖြေမရတဲ့ မေးခွန်းတွေကြောင့် သံသယဝင်လာတာ ဖြစ်နိုင်ပါတယ်–

▪ ဖန်ဆင်းရှင်တစ်ပါး ရှိသလား။

▪ ဘာသာတရားတွေက ဘာဖြစ်လို့ မကောင်းမှုတွေ မကြာခဏ ဖြစ်ပေါ်စေနေရတာလဲ။

▪ ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲ။

အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို သင် သိထားမယ်ဆိုရင် ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး အရင်ကလောက် သံသယရှိတော့မှာ မဟုတ်ပါဘူး။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဒီဆောင်းပါးတွဲမှာပါတဲ့ နာမည်တွေကို ပြောင်းထားပါတယ်။