တမန်တော် ၁၅:၁-၄၁

  • အရေ​ဖျား​ဖြတ်​ခြင်း​နဲ့​ပတ်​သက်​ပြီး အန္တိ​အုတ်​မြို့​မှာ အငြင်း​အခုံ​ဖြစ် (၁၊ ၂)

  • ဂျေရု​ဆ​လင်​ဆီ လူ​လွှတ်​မေး​မြန်း (၃-၅)

  • အကြီး​အကဲ​တွေ​နဲ့ တမန်​တော်တွေ စည်းဝေး (၆-၂၁)

  • အုပ်​ချုပ်​ရေး​အဖွဲ့​မှ စာ (၂၂-၂၉)

    • သွေး​ကို ရှောင်​ကြဉ် (၂၈၊ ၂၉)

  • အသင်း​တော်တွေ​ကို အား​ပေး​စာ ရေး​ပို့ (၃၀-၃၅)

  • ပေါလု​နဲ့ ဗာ​န​ဗ လမ်း​ခွဲ (၃၆-၄၁)

၁၅  ယုဒ​ပြည်​က​နေ လူ​တ​ချို့​ရောက်​လာ​ပြီး  “မော​ရှေ​ပညတ်​အ​တိုင်း​ အရေ​ဖျား​မဖြတ်​ရင်+ ကယ်​တင်​ခြင်း မရ​နိုင်​ဘူး” ဆို​ပြီး ညီ​အစ်​ကို​တွေ​ကို သွန်သင်​ကြ​တယ်။ ၂  ပေါလု​နဲ့ ဗာ​န​ဗ​က သူတို့​နဲ့ သဘော​ထား​ကွဲ​လွဲ​ပြီး အကြီး​အကျယ် ငြင်း​ခုံ​ကြ​တယ်။ ဒါ​ကြောင့် အဲဒီ​ကိစ္စ​နဲ့​ပတ်​သက်​ပြီး မေး​မြန်း​ဖို့ ပေါလု၊ ဗာန​ဗ​နဲ့ ညီ​အစ်​ကို​တ​ချို့​ကို ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ တမန်​တော်တွေ၊ အကြီး​အကဲ​တွေ​ဆီ+ လွှတ်​ဖို့ စီ​စဉ်​လိုက်​ကြ​တယ်။ ၃  အသင်း​တော်​က ပေါလု​နဲ့ ဗာ​န​ဗ​ကို ခ​ရီး​တစ်​ထောက် လိုက်​ပို့​ပေး​တယ်။ ဒါ​နဲ့ သူတို့​က ဖို​နီး​ရှား​ပြည်​နဲ့ ရှ​မာ​ရိ​ပြည်​တစ်​လျှောက် သွား​ပြီး လူမျိုး​ခြား​တွေ ဘာ​သာ​ပြောင်း​ဝင်​လာ​တဲ့​အကြောင်း အသေး​စိတ်​ပြော​ပြတဲ့​အခါ ညီ​အစ်​ကို​တွေ အင်​မတန် ဝမ်း​မြောက်​ကြ​တယ်။ ၄  ဂျေရု​ဆ​လင်​မြို့​ကို သူတို့​ရောက်​လာ​တဲ့​အခါ အသင်း​တော်​နဲ့ တမန်​တော်တွေ၊ အကြီး​အကဲ​တွေ လက်ခံ​ကြို​ဆို​တယ်။ ပေါလု​နဲ့ ဗာ​န​ဗ​က မိမိ​တို့​က​တစ်ဆင့် ဘုရား​သခင် လုပ်​ဆောင်​ခဲ့​တာ​တွေ​ကို ပြန်​ပြော​ပြတယ်။ ၅  ဒါ​ပေမဲ့ ယုံ​ကြည်​သူ​တွေ​ဖြစ်​လာ​တဲ့ ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​တ​ချို့​က ထ​ရပ်​ပြီး “အဲဒီ​လူ​တွေ အရေ​ဖျား​ဖြတ်​ရ​မယ်။ မော​ရှေ​ပညတ်​ကို စောင့်​ထိန်း​ဖို့ သူတို့​ကို ပြော​ရ​မယ်” ဆို​ပြီး အကြံ​ပြု​ကြ​တယ်။+ ၆  ဒါ​ကြောင့် တမန်​တော်တွေ​နဲ့​အ​ကြီး​အကဲ​တွေ​က အဲဒီ​ကိစ္စ​ကို သုံးသပ်​ဖို့ စု​ဝေး​ကြ​တယ်။ ၇  အကြိတ်​အနယ် ဆွေး​နွေး​ပြီး​တဲ့​နောက် ပေတရု​က ထရပ်​ပြီး  “ညီ​အစ်​ကို​တို့၊  လူမျိုး​ခြား​တွေ သတင်း​ကောင်း​ကြား​နာ​ပြီး ယုံ​ကြည်​သူ​တွေ​ဖြစ်​လာ​ဖို့ ဘု​ရား​သခင်​က ကျွန်​တော်​တို့​ထဲ​က​နေ အရင်​ဆုံး ကျွန်​တော့်​ကို​ရွေး​ချယ်​ပြီး လူမျိုး​ခြား​တွေ​ကို ဟော​ပြော​စေ​ခဲ့​တာ ခင်​ဗျား​တို့ အသိ​ပဲ။+ ၈  စိတ်​နှလုံး​ကို သိ​မြင်​တဲ့+ ဘု​ရား​သခင်​က ကျွန်​တော်​တို့​ကို သန့်​ရှင်း​သော စွမ်းအား​တော်  ပေး​ခဲ့​သလို  လူမျိုး​ခြား​တွေ​ကို​လည်း ပေး​သနား​ခြင်း​အား​ဖြင့်+ သူတို့​ကို နှစ်​သက်​လက်ခံ​တယ်​ဆို​တာ သက်​သေပြလိုက်​တာ​ပဲ။ ၉  ဘု​ရား​သခင်​က ကျွန်​တော်​တို့​နဲ့ သူတို့​ကို မခွဲ​ခြား​တော့​ဘူး။+ သူတို့​ရဲ့ ယုံ​ကြည်​ခြင်း​ကြောင့် သူတို့​ရဲ့​စိတ်​နှလုံး​ကို စင်​ကြယ်​စေ​ပြီ။+ ၁၀  ဒီ​တော့ ကျွန်​တော်​တို့​ရော ဘိုး​ဘေး​တွေ​ပါ မထမ်း​နိုင်​ခဲ့​တဲ့ ထမ်း​ပိုး​ကို+ ဘာ​လို့ တ​ပည့်တွေ​ကို ထမ်း​ခိုင်း​ချင်​တာ​လဲ။+ ဘု​ရား​သခင်​ကို ဘာ​လို့ ဒီ​နည်း​နဲ့ အကဲ​စမ်း​နေ​ကြ​တာ​လဲ။ ၁၁  ကျွန်​တော်​တို့​က​တော့ သခင်​ယေရှု​ရဲ့ မဟာ​ကရု​ဏာ​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ရ​မယ်​လို့ ယုံ​ကြည်​တယ်။+ သူတို့​လည်း အဲဒီ​အတိုင်း ယုံ​ကြည်​တယ်”+ လို့​ပြော​လိုက်​တယ်။ ၁၂  အဲဒီ​အခါ သူတို့​အားလုံး နှုတ်​ဆိတ်​သွား​တယ်။ ဗာ​န​ဗ​နဲ့ ပေါလု​က မိမိ​တို့​က​တစ်ဆင့်​ လူမျိုး​ခြား​တွေ​ဆီ​မှာ ဘုရား​သခင် လုပ်​ဆောင်​ခဲ့​တဲ့ အံ့​ဖွယ်​အမှု​တွေ၊ ထူး​ဆန်း​တဲ့​အရာတွေ​အကြောင်း ပြော​ပြတဲ့​အခါ  အားလုံး  နား​ထောင်​ကြ​တယ်။ ၁၃  သူတို့ ပြော​လို့​ပြီး​သွား​တဲ့​အခါ ယာကုပ်​က “ညီ​အစ်​ကို​တို့၊ ကျွန်​တော်​ပြော​တာ နား​ထောင်​ပါ။ ၁၄  ဘုရား​သခင်​က လူမျိုး​ခြား​တွေ​ကို သတိ​ရ​ပြီး နာမ​တော်​အတွက် သူတို့​ထဲ​က​နေ လူ​တွေ​ကို ရွေး​ချယ်​လိုက်​တဲ့​အကြောင်း ရှု​မောင်*+ အသေး​စိတ် ပြော​ပြခဲ့​ပြီပဲ။+ ၁၅  အဲဒီ​အချက်​ဟာ ပရော​ဖက်​ကျမ်း​မှာ​ ပါ​တဲ့ စကား​တွေ​နဲ့​ ကိုက်​ညီ​ပါ​တယ်။ အဲဒီ​မှာ– ၁၆  ‘ဒါ​တွေ​ပြီး​တဲ့​နောက် ငါပြန်​လာ​ပြီး ပြို​ကျ​နေ​တဲ့ ဒါဝိဒ်ရဲ့​တဲ​ကို ပြန်​ထူ​မယ်။ အပျက်​အစီး​တွေ​ကို ပြု​ပြင်​ပြီး ပြန်​တည်​ဆောက်​မယ်။ ၁၇  ကျန်​ကြွင်း​သူ​တွေ​က ငါ့​နာမည်​နဲ့ မှည့်​ခေါ်​ထား​တဲ့ လူမျိုး​ခြား​တွေ​နဲ့​အတူ ယေဟောဝါ​ကို* အား​တက်​သရော ရှာဖွေ​ကြ​လိမ့်​မယ်။ ဒီ​အရာတွေ​ကို  လုပ်​ဆောင်​နေ​တဲ့ ယေဟော​ဝါ* ပြော​တဲ့​စကား​ပဲ။+ ၁၈  ဒီ​အ​ကြောင်း​တွေ​ကို ရှေး​အချိန်​က​တည်း​က ငါ​အသိ​ပေး​ခဲ့​တယ်’+  လို့ရေး​ထား​တယ်။ ၁၉  ဒါ​ကြောင့်  ကျွန်​တော့်​အမြင်​က​တော့  ဘုရား​သခင်​ကို​ ကိုးကွယ်​လာ​တဲ့ လူမျိုး​ခြား​တွေ အခက်​တွေ့​အောင်  မလုပ်သင့်​ဘူး။+ ၂၀  အဲဒီ​အစား  ရုပ်​တု​ကိုး​ကွယ်​ခြင်း​နဲ့​ ဆက်​စပ်​တဲ့  ညစ်​ညူး​တဲ့​အရာ၊+ လိင်​အကျင့်​ယို​ယွင်း​မှု၊*+ လည်​ညှစ်​သတ်​ထား​တဲ့* တိရစ္ဆာန်​နဲ့ သွေး​ကို+ ရှောင်​ကြဉ်​ဖို့​ပဲ​ စာရေး​မှာ​ကြား​ရင် ကောင်း​မယ်။ ၂၁  မော​ရှေ​ပညတ်​ကျမ်း​ကို ဖတ်​ပြီး ဟော​ခဲ့​တဲ့​သူ​တွေ ဟိုး​အရင်​က​တည်း​က မြို့​တိုင်း​မှာ ရှိ​တယ်။ ဥ​ပုသ်​နေ့​တိုင်း တ​ရား​ဇ​ရပ်တွေ​မှာ အဲဒီ​ကျမ်း​တွေ​ကို အသံ​ကျယ်​ကျယ် ဖတ်​ပြလေ့​ရှိ​တယ်”+ လို့​ပြော​တယ်။ ၂၂  အဲဒီ​အခါ  တမန်​တော်တွေ၊ အကြီး​အကဲ​တွေ​အပါ​အဝင်  အသင်း​တော်​တစ်​ခု​လုံး​က ပေါလု၊ ဗာ​န​ဗ​နဲ့ ညီအစ်​ကို​တ​ချို့​ကို ရွေး​ချယ်​ပြီး အန္တိ​အုတ်မြို့ဆီ  လွှတ်​ဖို့ ဆုံး​ဖြတ်​တယ်။ ဦးဆောင်​သူ​တွေ​ဖြစ်​တဲ့ ဗာ​ရှ​ဗ​လို့​ခေါ်​တဲ့ ယုဒ​နဲ့ သိ​လ​ကို+ လွှတ်​လိုက်​တယ်။ ၂၃  စာ​တစ်စောင် ရေး​ပြီး သူတို့​နဲ့ ပါး​လိုက်​တယ်– “ညီ​အစ်​ကို တမန်​တော်တွေ၊ အကြီး​အကဲ​တွေ​က အန္တိ​အုတ်​မြို့၊+ ဆီး​ရီး​ယား​ပြည်၊ ကိ​လိ​ကိ​ပြည်​မှာ​ရှိ​တဲ့ လူမျိုး​ခြား ညီ​အစ်​ကို​တွေ​ကို နှုတ်​ခွန်း​ဆက်​သလိုက်​ပါ​တယ်။ ၂၄  ကျွန်​တော်​တို့​ထဲ​က လူ​တ​ချို့ ညွှန်​ကြား​ချက် တစ်​စုံ​တစ်​ရာ​မရ​ဘဲ ခင်​ဗျား​တို့​ဆီ ရောက်​လာ​တဲ့​အကြောင်း၊ စိတ်​အနှောင့်​အယှက်​ဖြစ်​စေ​တဲ့ စကား​တွေ​ပြော​ပြီး+ ခင်​ဗျား​တို့​ရဲ့ ယုံ​ကြည်​ခြင်း  ပျက်​စီး​သွား​အောင်​လုပ်​ဖို့  ကြိုး​စား​တဲ့​အကြောင်း ကြား​သိ​ရ​ပါ​တယ်။ ၂၅  ကျွန်​တော်​တို့​ချစ်​ခင်​ရ​တဲ့ ဗာ​န​ဗ​နဲ့ ပေါလု​ကို ရွေး​ချယ်​ထား​သူ​တွေ​နဲ့​အတူ ခင်​ဗျား​တို့​ဆီ လွှတ်​ဖို့ ကျွန်​တော်​တို့​အားလုံး တ​ညီ​တ​ညွတ်​တည်း သဘော​တူ​ ဆုံး​ဖြတ်​ခဲ့​ပါ​တယ်။ ၂၆  ဗာ​န​ဗ​နဲ့ ပေါလု​ဟာ သခင်​ယေရှု​ခ​ရစ်ရဲ့ နာမည်​အတွက်  အသက်​စွန့်​ဝံ့​သူ​တွေ​ပါ။+ ၂၇  ခင်​ဗျား​တို့​ကို ဒီ​အကြောင်း ပြော​ပြဖို့ ယုဒ​နဲ့ သိ​လ​ကို​လည်း လွှတ်​လိုက်​ပါ​တယ်။+ ၂၈  လိုက်​နာ​ရ​မယ့် ဒီ​အရာတွေ​က​လွဲ​လို့ တ​ခြား​ဝန်​ကို ခင်​ဗျား​တို့​အပေါ် ထပ်​မတင်​ဖို့ သန့်​ရှင်း​သော စွမ်းအား​တော်​အကူ​အညီ​နဲ့+ ကျွန်​တော်​တို့ သဘော​တူ​ဆုံး​ဖြတ်​နိုင်​ခဲ့​တယ်– ၂၉  ရုပ်​တု​ရှေ့ ပူ​ဇော်​ထား​တဲ့​အရာ၊+ သွေး၊+ လည်​ညှစ်​သတ်​ထား​တဲ့* တိ​ရစ္ဆာန်၊+ လိင်​အကျင့်​ယို​ယွင်း​မှု​ကို*+ အမြဲရှောင်​ကြဉ်​ကြ​ပါ။ ဒါ​တွေ​ကို သတိ​ထား​ရှောင်​ကြဉ်​မယ်​ဆို​ရင်  ကောင်း​စား​ပါ​လိမ့်​မယ်။ ကျန်း​မာ​ကြ​ပါ​စေ။” ၃၀  သူတို့ ထွက်​ခွာ​လာ​ပြီး အန္တိ​အုတ်​မြို့​ကို  ရောက်​လာ​တယ်။ အဲဒီ​မှာ တပည့်​အားလုံး​ကို  စု​ဝေး​ပြီး  စာပေး​လိုက်​တယ်။ ၃၁  စာ​ဖတ်​ပြီး​တဲ့​အ​ခါ​ စာ​မှာ​ပါ​တဲ့  အား​ပေး​စကား​ကြောင့် ဝမ်းသာ​သွား​ကြ​တယ်။ ၃၂  ပရော​ဖက်​တွေ​ဖြစ်​တဲ့ ယုဒ​နဲ့ သိ​လ​လည်း ဟော​ပြော​ချက် အများ​ကြီး​ပေး​ပြီး ညီ​အစ်​ကို​တွေ​ကို အား​ပေး​တယ်၊ ခိုင်​ခံ့​မြဲမြံ​စေ​ကြ​တယ်။+ ၃၃  သူတို့​က ညီ​အစ်​ကို​တွေ​နဲ့ အတန်​ကြာ​နေ​ပြီး​တဲ့​နောက်  နှုတ်​ဆက်​ပြီး ဂျေရု​ဆ​လင်​ကို  ပြန်​လာ​ကြ​တယ်။ ၃၄  * ၃၅  ပေါလု​နဲ့ ဗာ​န​ဗ​က​တော့  အန္တိ​အုတ်​မြို့​မှာ  ဆက်​နေ​ပြီး ယေဟောဝါ​ရဲ့*  တ​ရား​စကား​နဲ့​ဆိုင်​တဲ့ သတင်း​ကောင်း​ကို တ​ခြား​သူ​တွေ​နဲ့​အတူ  ဟော​ပြော​သွန်သင်​ကြ​တယ်။ ၃၆  ရက်​အနည်း​ငယ်​ကြာ​ပြီး​တဲ့​နောက် ပေါလု​က “ယေဟောဝါ* ဘု​ရားရဲ့ တ​ရား​စကား​အကြောင်း ကျွန်​တော်​တို့ ဟော​ပြော​ခဲ့​တဲ့ မြို့​တွေ​မှာ ညီ​အစ်​ကို​တွေ ဘယ်​လို​အခြေ​အနေ​ရှိ​မှန်း သိရ​အောင်+ အခု* ပြန်​သွား​ပြီး လည်​ပတ်​ကြစို့”  လို့ ဗာ​န​ဗ​ကို​ပြော​တယ်။ ၃၇  ဗာန​ဗ​က မာကု​လို့​ခေါ်​တဲ့ ယောဟန်​ကို ခေါ်​သွား​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​တယ်။+ ၃၈  ပေါလု​ကျ​တော့ သူ့​ကို မခေါ်​သွား​ချင်​ဘူး။ ဘာ​လို့​လဲ​ဆို​တော့ ယောဟန်​က ပံ​ဖု​လိ​ပြည်​မှာ သူတို့​ကို ထား​ခဲ့​ပြီး အမှု​ဆောင်​ဖို့  အတူ​မလိုက်​ခဲ့လို့​ပဲ။+ ၃၉  အဲ​ဒီ​ကိစ္စ​နဲ့ သူတို့ အကြီး​အကျယ် အငြင်း​ပွား​ပြီး နောက်​ဆုံး​မှာ လမ်း​ခွဲ​လိုက်​ကြ​တယ်။ ဗာနဗ​က+ မာကု​ကို​ခေါ်​ပြီး ဆိုက်​ပရပ်​ကျွန်း​ဆီ ရွက်​လွှင့်​သွား​တယ်။ ၄၀  မဟာ​ကရု​ဏာ​တော် သွန်း​လောင်း​ပေး​ဖို့ ယေဟောဝါ​ဆီ* ညီ​အစ်​ကို​တွေ ဆုတောင်း​ပေး​ပြီး​တဲ့​နောက် ပေါလု​က သိ​လ​ကို ရွေး​ချယ်​ပြီး ထွက်​သွား​တယ်။+ ၄၁  ဆီး​ရီး​ယား​ပြည်၊ ကိ​လိ​ကိ​ပြည် တစ်​လျှောက်​လုံး​ကို သွား​ပြီး အသင်း​တော်တွေ​ကို အား​ပေး​တယ်။

အောက်ခြေမှတ်ချက်များ

ပေတရု​ကို ဆိုလို။
ဒါ​မှ​မဟုတ်၊ “သွေး​မထွက်​စေ​ဘဲ သတ်​ထား​တဲ့။”
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “သွေး​မထွက်​စေ​ဘဲ သတ်​ထား​တဲ့။”
“မပျက်​မကွက်” လည်း​ဖြစ်​နိုင်။