တမန်တော် ၁၉:၁-၄၁

  • ဧဖက်​မြို့​ကို ရောက်။ လူ​တ​ချို့ ထပ်​ပြီး​နှစ်ခြင်းခံ (၁-၇)

  • ပေါလု​ရဲ့ သွန်သင်​ခြင်း (၈-၁၀)

  • နတ်​ဆိုး​နှောင့်​ယှက်​မှု​ကြား အောင်​မြင် (၁၁-၂၀)

  • ဧဖက်​မြို့​မှာ ရုတ်​ရုတ်​သဲ​သဲ​ဖြစ် (၂၁-၄၁)

၁၉  ကော​ရိန္သု​မြို့​မှာ အာ​ပေါလု+ ရှိ​နေ​တုန်း ပေါလု​က​တော့ ကုန်း​တွင်း​ပိုင်း​ဒေ​သတွေ​ကို ဖြတ်​ပြီး ဧဖက်​မြို့​ကို+ ရောက်​လာ​တယ်။ အဲဒီ​မှာ တပည့်​တ​ချို့​ကို တွေ့​တော့၊ ၂  “ခင်​ဗျား​တို့ ယုံ​ကြည်​သူ​တွေ ဖြစ်​လာ​ချိန်​မှာ သန့်​ရှင်း​သော စွမ်းအား​တော် ရ​သလား” လို့​မေး​တယ်။+ သူတို့​က “သန့်​ရှင်း​သော စွမ်းအား​တော်​အကြောင်း တစ်​ခါ​မှ မကြား​ဖူး​ဘူး” လို့​ဖြေတယ်။ ၃  ပေါလု​က “ဒါ​ဆို​ရင် ဘယ်​လို​နှစ်ခြင်း​မျိုး​ကို ခံ​ခဲ့​ကြ​တာ​လဲ”  လို့​မေး​တော့  “ယောဟန်​ဟော​ခဲ့​တဲ့  နှစ်ခြင်း​ပါ”  လို့​ဖြေတယ်။+ ၄  “ယောဟန်​က  လူ​တွေ​ကို   နောင်​တ​ရ​တဲ့​ အထိမ်း​အမှတ်​အဖြစ်  နှစ်ခြင်း​ပေး​ပြီး+   သူ့​နောက်​မှာ လာ​မယ့်​သူ ယေရှု​ကို ယုံ​ကြည်​ဖို့ မှာ​ခဲ့​တယ်”+ ဆို​ပြီး ပေါလု ပြော​ပြတယ်။ ၅  ဒီ​စကား​ကို​ကြား​တော့ သူတို့​က သခင်​ယေရှု​ရဲ့ နာ​မည်​နဲ့ နှစ်ခြင်း​ခံ​ကြ​တယ်။ ၆  အဲဒီ​နောက် ပေါလု လက်​တင်​တဲ့​အခါ သန့်​ရှင်း​သော စွမ်းအား​တော်​ကို သူတို့ ရ​ရှိ​တဲ့​အတွက်+ ဘာ​သာ​စကား​မျိုး​စုံ ပြော​ပြီး ပရော​ဖက်​ပြု​ကြ​တယ်။+ ၇  အမျိုး​သား ၁၂ ယောက်​လောက် ရှိ​တယ်။ ၈  အဲဒီ​နောက် ပေါလု​က တ​ရား​ဇရပ်​ထဲ ဝင်​ပြီး+ သုံး​လ​လုံး​လုံး ဘု​ရား​သခင့် နိုင်ငံ​တော်​အကြောင်း  ရဲရဲရင့်ရင့် ဟော​ပြော​တယ်။ လူ​တွေ နား​လည်​လက်ခံ​လာ​အောင် ဆွေး​နွေး​တယ်။+ ၉  ခေါင်း​မာ​သူ​ တ​ချို့​က​တော့ မယုံ​ကြည်​ဘဲ လူ​အများ​ရှေ့​မှာ   သခင့်​လမ်း​စဉ်​အ​ကြောင်း+ ပုတ်​ခတ်​ပြော​ဆို​ကြ​တယ်။ ဒါ​ကြောင့် ပေါလု​က တ​ပည့်တွေ​ကို ခေါ်​ထုတ်​ပြီး အဲဒီ​က​နေ ထွက်​သွား​တယ်။+ ပြီး​တော့ တု​ရန္နုရဲ့ ကျောင်း​ခန်း​မမှာ နေ့​တိုင်း ဟော​ပြော​တယ်။ ၁၀  အဲဒီ​မှာ နှစ်​နှစ်​လုံး​လုံး ဟော​ပြော​တဲ့​အတွက် အာရှ​နယ်​မှာ​ရှိ​တဲ့  ဂျူး​နဲ့​ဂရိ​လူမျိုး​အားလုံး ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​ကို ကြား​နာ​ခွင့်​ရ​ကြ​တယ်။ ၁၁  ဘု​ရား​သခင်​က ပေါလု​ကို​သုံး​ပြီး အံ့​ဖွယ်​အမှု​တွေ တစ်​ခု​ပြီး​တစ်​ခု လုပ်​ဆောင်​တယ်။+ ၁၂  ပေါလု​ကိုင်​တွယ်​အသုံး​ပြု​တဲ့ ပဝါ​တွေ၊ ခါး​စည်း​တွေ​ကို လူ​နာ​တွေ​ဆီ ယူ​သွား​ပေး​တဲ့​အ​ခါ+ ရော​ဂါ​ပျောက်​ကင်း​သွား​တယ်။​ နတ်ဆိုးတွေ​လည်း ထွက်​သွား​တယ်။+ ၁၃  နယ်​တ​ကာ​လှည့်​ပြီး နတ်​ဆိုး​တွေ​ကို နှင်​ထုတ်​တဲ့ ဂျူး​တ​ချို့​က “ပေါလု​ပြော​တဲ့ ယေရှု​ကို တိုင်​တည်​ပြီး ငါ​ပြော​မယ်– မင်း​ထွက်​သွား​စမ်း” ဆို​ပြီး သခင်​ယေရှု​နာ​မည်​နဲ့ နတ်​ဆိုး​ကို နှင်​ထုတ်​ဖို့ ကြိုး​စား​ကြည့်​တယ်။+ ၁၄  သကေ​ဝ​လို့​ခေါ်​တဲ့ ဂျူး​လူမျိုး ပု​ရော​ဟိတ်​မင်း​ရဲ့ သား​ခု​နစ်​ယောက်​လည်း အဲဒီ​လို လုပ်​ကြ​တယ်။ ၁၅  ဒါ​ပေမဲ့ နတ်​ဆိုး​က “ယေရှု​ကို ငါ​သိ​တယ်။+ ပေါလု​ကို​လည်း သိ​တယ်။+ မင်း​တို့​က ဘယ်​သူ​တွေ​လဲ” လို့​ပြော​တယ်။ ၁၆  အဲဒီ​နောက် နတ်​ဆိုး​ပူး​သူ​က သူတို့​ကို ခုန်​အုပ်​ပြီး တစ်​ယောက်​ပြီး​တစ်​ယောက် အနိုင်​ယူ​လိုက်​တဲ့​အတွက် သူတို့ အဝတ်​မပါ​ဘဲ ဒဏ်​ရာတွေ​နဲ့ အဲဒီ​အိမ်​ထဲ​က​နေ ထွက်​ပြေး​ကြ​တယ်။ ၁၇  အဲဒီ​အကြောင်း​ကို ဧဖက်​မြို့​မှာ​နေ​တဲ့ ဂျူး​တွေရော ဂရိတွေ​ပါ ကြား​သိ​ပြီး ကြောက်​ရွံ့​သွား​ကြ​တယ်။ သခင်​ယေရှု​ရဲ့ နာ​မည်​လည်း ထင်​ရှား​သည်​ထက် ထင်​ရှား​လာ​တယ်။ ၁၈  ယုံ​ကြည်​သူ အတော်​များ​များ ရောက်​လာ​ပြီး သူတို့​ရဲ့​အကျင့်​တွေ​ကို ပွင့်​ပွင့်​လင်း​လင်း ဖော်​ပြပြီး​တဲ့​နောက် ဝန်​ချ​တောင်း​ပန်​ကြ​တယ်။ ၁၉  မှော်​အတတ်​လိုက်​စား​သူ များ​စွာ​လည်း သူတို့​ရဲ့​စာ​စောင်​တွေ ယူ​လာ​ပြီး လူ​အားလုံး​ရှေ့​မှာ မီး​ရှို့​လိုက်​တယ်။+ အဲဒီ​စာ​စောင်​တွေ​ကို တန်​ဖိုး​တွက်​ချက်​ကြည့်​လိုက်​တဲ့​အခါ ငွေ​စ ၅၀,၀၀၀ တန်​ဖိုး​ရှိ​မှန်း သိ​လိုက်​ရ​တယ်။ ၂၀  ဒီ​လို​နဲ့ ယေဟောဝါ​ရဲ့* တ​ရား​စကား​ဟာ အကြီး​အကျယ် လွှမ်း​မိုး​ပျံ့​နှံ့​သွား​တော့​တယ်။+ ၂၁  ဒါ​တွေ​ဖြစ်​ပျက်​ပြီး​တဲ့​နောက် ပေါလု​က မက်​ဆီ​ဒိုး​နီး​ယား​ပြည်​နဲ့+ အခါ​ယ​ပြည်​ကို သွား​ပြီး​ရင် ဂျေရု​ဆ​လင်​မြို့​ဆီ​လည်း+ သွား​မယ်​လို့ ဆုံး​ဖြတ်​ထား​တယ်။ “အဲဒီ​မြို့ သွား​ပြီး​ရင် ရော​မမြို့​ဆီ​လည်း+ သွား​ရ​မယ်” လို့​ ပြော​တယ်။ ၂၂  ဒါ​ကြောင့်   သူ့​ကို​ကူညီ​ပေး​တဲ့  တိမော​သေနဲ့+ ဧ​ရ​တု​တို့+ နှစ်​ယောက်​ကို မက်ဆီ​ဒိုး​နီး​ယား​ပြည်​ဆီ လွှတ်​လိုက်​တယ်။ သူ​က​တော့ အာ​ရှ​နယ်​မှာ အတန်​ကြာ​နေ​တယ်။ ၂၃  အဲဒီ​အချိန်​မှာ သခင့်​လမ်း​စဉ်​နဲ့+ ပတ်​သက်​ပြီး အကြီး​အကျယ် ရုန်း​ရင်း​ဆန်​ခတ် ဖြစ်​လာ​တယ်။+ ၂၄  ဒေမေ​တ​ရိလို့​ခေါ်​တဲ့ ငွေ​ပန်း​ထိမ်​သမား​တစ်​ယောက်​က အာ​တေ​မိ​ဘု​ရား​မရဲ့ ငွေ​နတ်ကွန်း​တွေ​ကို  ပြု​လုပ်​တဲ့​အတွက် ပန်းထိမ်​သမား​တွေ  စီး​ပွား​တက်​နေ​တယ်။+ ၂၅  သူ​က  ပန်း​ထိမ်​သမား​တွေ​နဲ့​ လုပ်​ငန်း​တူ​ပညာ​သည်​တွေ​ကို စုဝေး​ပြီး “မိတ်ဆွေ​တို့၊ ဒီ​လုပ်ငန်း​နဲ့ ငါ​တို့ကြီး​ပွား​နေ​တာ  မင်း​တို့​အသိ​ပဲ။ ၂၆  အခု ပေါလု​ဆို​တဲ့​လူ​က လူ့​လက်​နဲ့​လုပ်​တဲ့  ဘု​ရားတွေ​ဟာ  ဘု​ရား​စစ်​ဘုရား​မှန် မဟုတ်​ဘူး​ဆို​ပြီး ဧဖက်​မြို့​မှာ​သာ​မက+ အာ​ရှ​တစ်​နယ်​လုံး​မှာ​ရှိ​တဲ့ လူ​တွေကို အယုံ​သွင်း​တဲ့​အတွက် လူ​တွေ အယူ​ပြောင်း​ကုန်​ပြီ။ ဒါ​ကို မင်း​တို့ မြင်​နေ​ကြား​နေ​တာ​ပဲ။+ ၂၇  ငါ​တို့​လုပ်ငန်း ကဲ့​ရဲ့​ခံ​ရ​ရုံ​မက  အာတေ​မိ​ဘုရား​ကျောင်း​ကို​လည်း  လူ​တွေ အရေး​မလုပ်​တော့​မှာ​ကို စိုး​ရိမ်​မိ​တယ်။ အာ​ရှ​တစ်​နယ်​လုံး​မှာ​ရော  မြေတစ်​ပြင်​လုံး​မှာ​ရှိ​တဲ့ လူ​တွေ​ပါ ကြည်​ညို​ကိုးကွယ်​နေ​ကြ​တဲ့  ကြီးမြတ်​တဲ့​ဘု​ရား​မ အာ​တေ​မိ​ရဲ့ ဘုန်း​အသရေ ညှိုး​နွမ်း​တော့​မယ်” လို့​ပြော​တယ်။ ၂၈  ဒါ​ကို​ကြား​တော့ လူ​တွေ ဒေါ​သူပုန်​ထ​ပြီး “ဧဖက်​မြို့​သား​တွေ ကိုးကွယ်​တဲ့ အာ​တေ​မိ​ဟာ ကြီးမြတ်​တဲ့ ဘု​ရား​မပဲ” လို့အော်​ဟစ်​ကြ​တယ်။ ၂၉  ဒါ​နဲ့ တစ်​မြို့​လုံး ရုတ်​ရုတ်​သဲ​သဲ ဖြစ်​ကုန်​တယ်။ လူ​တွေ​က ပေါလု​ရဲ့​ခရီး​သွား​ဖော် မက်​ဆီ​ဒိုး​နီး​ယား​ပြည်​သားတွေ​ဖြစ်​တဲ့ ဂါ​ယု​နဲ့ အာ​ရိတ္တာ​ခု​ကို+ အတင်း​ဆွဲ​ခေါ်​ပြီး ဇာတ်​ရုံ​ထဲ တစ်​ဟုန်​ထိုး ပြေး​ဝင်​သွား​တယ်။ ၃၀  ပေါလု​လည်း  အဲဒီ​လူ​စု​ထဲ  ဝင်​သွား​ချင်​ပေမဲ့  တပည့်​တွေ  ခွင့်​မပြု​ကြ​ဘူး။ ၃၁  ပေါလု​ရဲ့​မိတ်ဆွေ ပွဲ​စီ​စဉ်​သူ တ​ချို့​က​တောင် ပေါလု​ကို ဇာတ်​ရုံ​ထဲ အရဲ​စွန့်​မဝင်​လာ​ဖို့ လူ​လွှတ်​ပြီး  တောင်း​ပန်​ကြ​တယ်။ ၃၂  လူ​အုပ်​က  တစ်​ယောက်​တစ်​ပေါက် အော်​ဟစ်​ပြီး ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​လာ​တော့ ဘာ​အတွက် စု​ဝေး​နေ​မှန်း​တောင် လူ​အများ​စု မသိ​ကြ​တော့​ဘူး။ ၃၃  လူ​တွေ​က အလက်​ဇန္ဒား​ကို လူ​အုပ်​ထဲ​က​နေ ဆွဲ​ထုတ်​ကြ​သလို ဂျူး​တွေ​လည်း သူ့​ကို ရှေ့​ရောက်​အောင် တွန်း​ပို့​ကြ​တယ်။ အဲဒီ​အခါ အလက်​ဇန္ဒား​က လက်​ရိပ်​ပြပြီး လူ​တွေ​ကို ချေ​ပ​ပြော​ဆို​ဖို့ လုပ်​တယ်။ ၃၄  ဒါ​ပေမဲ့ သူ့​ကို ဂျူး​လူမျိုး​ဖြစ်​မှန်း ရိပ်​မိ​သွား​တဲ့​အခါ လူ​အားလုံး​က “ဧဖက်​မြို့​သား​တွေ ကိုးကွယ်​တဲ့ အာ​တေ​မိ​ဟာ ကြီးမြတ်​တဲ့ ဘု​ရား​မပဲ” ဆို​ပြီး နှစ်​နာ​ရီ​လောက် သံ​ပြိုင်​ဟစ်​အော်​ကြ​တယ်။ ၃၅  နောက်​ဆုံး​မှာ မြို့​ဝန်​က လူ​အုပ်​ကို တိတ်​တိတ်​နေ​ခိုင်း​ပြီး “ဧဖက်​မြို့​သား​တို့၊ ဧဖက်​မြို့​ဟာ ကြီးမြတ်​တဲ့ အာ​တေ​မိ​ဘု​ရား​မရဲ့ ဗိမာန်​စောင့်​ဖြစ်​မှန်း၊ မိုး​ပေါ်​က​ကျ​လာ​တဲ့ ရုပ်​တု​ရဲ့ ဗိမာန်​စောင့်​ဖြစ်​မှန်း မသိ​တဲ့​လူ ရှိ​လို့​လား။ ၃၆  ဒါ​တွေ​ဟာ ငြင်း​ခုံ​နေ​စ​ရာ​မှ မဟုတ်​တာ။ ဒါ​ကြောင့် ခင်​ဗျား​တို့​အားလုံး စိတ်​အေး​အေး​ထား​ပါ။ စိတ်​လိုက်​မာန်​ပါ မလုပ်​ပါ​နဲ့။ ၃၇  ခင်​ဗျား​တို့​ခေါ်​လာ​တဲ့ ဒီ​လူ​တွေ​ဟာ အာ​တေ​မိ​ဗိမာန်​ကို လု​ယက်​တဲ့​လူ​တွေ၊ ကျုပ်​တို့​ရဲ့​ဘု​ရား​မကို စော်​ကား​ပြော​ဆို​တဲ့​လူ​တွေ​မှ မဟုတ်​တာ။ ၃၈  ဒါ​ကြောင့် ဒေ​မေတ​ရိ​နဲ့+ အပေါင်း​ပါ ငွေ​ပန်း​ထိမ်​သမား​တွေ​အနေ​နဲ့ တစ်​ယောက်​ယောက်​ကို တ​ရား​စွဲ​ချင်​တယ်​ဆို​ရင် တ​ရား​ရုံး​ဖွင့်​တဲ့​ရက်တွေ ရှိ​တာ​ပဲ။ နယ်​စား​မင်း​လည်း ရှိ​တယ်။ အဲဒီ​အခါ​ကျ​မှ အမှု​သည် အချင်း​ချင်း တ​ရားရင်​ဆိုင်​ကြ​ပေါ့။ ၃၉  တ​ခြား​အမှု​ရှိ​သေး​ရင်​လည်း တ​ရား​ဝင် အစည်း​အဝေး​မှာ စီ​ရင်​ဆုံး​ဖြတ်​ရ​မယ်။ ၄၀  ဒီ​နေ့​ကိစ္စ​မှာ ခိုင်လုံ​တဲ့ အကြောင်း​ပြချက်​မရှိ​ဘဲ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​တဲ့​အတွက် နိုင်​ငံ​တော် အကြည်​ညို​ပျက်​စေ​တဲ့​အမှု​နဲ့ ကျုပ်​တို့ စွပ်​စွဲ​ခံ​ရ​မယ့်​ကိ​န်း ဆိုက်​နေ​ပြီ” လို့​ပြော​ပြီး၊ ၄၁  လူ​အုပ်​ကို ထွက်​သွား​ခိုင်း​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ