မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာရင် ကျွန်တော်လည်း ယေဟောဝါသက်သေ ဖြစ်ရမှာလား

ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာရင် ကျွန်တော်လည်း ယေဟောဝါသက်သေ ဖြစ်ရမှာလား

 မလိုပါဘူး။ ယေဟောဝါသက်သေ မဟုတ်တဲ့သူ သန်းနဲ့ချီ ကျမ်းစာလေ့လာနေကြတယ်။ a ကျမ်းစာက ဘာတွေ သင်ပေးသလဲဆိုတာ သိအောင် လေ့လာကြတာပါ။ သိလာတဲ့အရာနဲ့ပတ်သက်ပြီး ဘာလုပ်မယ်ဆိုတာတော့ ကိုယ့်သဘောပါပဲ။ ယုံကြည်ခြင်းဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်မှန်း အသိအမှတ်ပြုပါတယ်။—ယောရှု ၂၄:၁၅

လေ့လာတဲ့အချိန်မှာ ကိုယ့်ကျမ်းစာအုပ်ကို သုံးလို့ ရမလား

 ရပါတယ်။ လေ့လာချိန်မှာ သင့်ကိုယ်ပိုင် ကျမ်းစာအုပ်ကို အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ခေတ်သုံးဘာသာစကားနဲ့ ဘာသာပြန်ထားတဲ့ ကမ္ဘာသစ် ဘာသာပြန်ကျမ်းကို သုံးကြပါတယ်။ လိုချင်ရင်လည်း အခမဲ့ ရနိုင်ပါတယ်။ မျှော်လင့်ခြင်းနဲ့ ကယ်တင်ခြင်းအကြောင်းကို ဘယ်ဘာသာပြန်ကျမ်းကမဆို သိနိုင်ပါတယ်။

ယုံကြည်ခြင်း မတူသူတွေနဲ့ ဘာကြောင့် ကျမ်းစာ လေ့လာကြသလဲ

  •   အဓိက,ကတော့ ယေဟောဝါ ဘုရားသခင်ကို ချစ်လို့ပါ။ ဘုရားက ကျွန်တော်တို့ သိလာတာတွေကို တခြားသူတွေလည်း သိအောင် သင်ပေးစေချင်တယ်။ (မဿဲ ၂၂:၃၇၊ ၃၈။ ၂၈:၁၉၊ ၂၀) “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ” အနေနဲ့ တခြားသူတွေကို တရားစကား သင်ပေးရတာ အခွင့်ထူးကြီးလို့ ယူမှတ်ကြတယ်။—၁ ကောရိန္သု ၃:၆-၉

  •   လူသားချင်းတွေကိုလည်း ချစ်လို့ပါ။ (မဿဲ ၂၂:၃၉) ကိုယ်သိထားတဲ့ တကယ်ကောင်းတဲ့ အကြောင်းတွေကို ပြန်ပြောပြရတာ ပျော်တယ်။—တမန်တော် ၂၀:၃၅

a ၂၀၂၃ တုန်းက လစဉ် ကျမ်းစာသင်အံမှု ၇,၂၈၁,၂၁၂ ကျင်းပခဲ့တယ်။ သင်အံမှုတစ်ခုမှာ တစ်ယောက်ထက်မက ပါဝင်တယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ ၂၆၉,၅၁၇ ယောက်ပဲ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံခဲ့ကြတယ်။