မာတိကာဆီ ကျော်သွား

ဩဂုတ် ၃၊ ၂၀၁၇
အိန္ဒိယ

အိန္ဒိယမှာ ရေကြီး

အိန္ဒိယမှာ ရေကြီး

အထူးပြင်းထန်တဲ့ မုတ်သုန်ရာသီကြောင့် အိန္ဒိယနိုင်ငံရဲ့ တချို့ဒေသတွေမှာ

မိုးကြိုးမုန်တိုင်းတွေဖြစ်ပေါ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ပညာရှင်တွေက အဲဒါကို အနှစ်တစ်ရာကျော် ကာလအတွင်း မိုးရေချိန် အများဆုံးပဲလို့ ဆိုတယ်။ အဲဒါကြောင့် ပြည်နယ်တချို့မှာ ရေလွှမ်းမိုးပြီး မြေပြိုခဲ့လို့ လူ ၇၀၀ ခန့် သေဆုံးခဲ့ပြီး သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်။

၂၀၁၇၊ ဇူလိုင် ၃၁ ရက်အထိတော့ ယေဟောဝါသက်သေတွေထဲမှာ အသေအပျောက်နဲ့ အပြင်းအထန် ဒဏ်ရာရတဲ့ သတင်းတွေ မကြားရပါ။ ယေဟောဝါသက်သေတွေထဲက မိသားစုသုံးစုရဲ့ အိမ်တွေ ရေမြုပ် သွားပေမဲ့ အကြီးအကျယ် ပျက်စီးတာတော့ မရှိဘူး။ အိန္ဒိယက ယေဟောဝါသက်သေ အသင်းတော်တွေဟာ ယုံကြည်သူချင်းတွေကို လိုအပ်သလို ထောက်ပံ့ကူညီပေးနေကြတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

India: Tobias Dias, +91-9845476425