မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

ဘဝအခြေအနေနောက် ရေစုန်မျောလိုက်တာ ဖြေရှင်းနည်းလား

ဘဝအခြေအနေနောက် ရေစုန်မျောလိုက်တာ ဖြေရှင်းနည်းလား

လူငယ်ဘဝတုန်းက ဘယ်လိုပန်းတိုင်မျိုးရှိခဲ့သလဲ။ အိမ်ထောင်ပြုမယ်၊ ထူးချွန်တဲ့သူဖြစ်အောင် လုပ်မယ်၊ အလုပ်ကောင်းကောင်းရှာမယ်လို့ ရည်မှန်းထားခဲ့နိုင်တယ်။ ရည်မှန်းထားတဲ့အတိုင်း အမြဲတော့ဖြစ်မလာဘူး။ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ရည်မှန်းချက်ပျက်သွားနိုင်တယ်။ အန်ယာ၊ ဒယ်လီနာ၊ ဂရယ်ဂရီတို့ အဲဒီလိုဖြစ်ခဲ့ကြတယ်။

  • အန်ယာဟာ ဂျာမနီနိုင်ငံကဖြစ်ပြီး အသက် ၂၁ နှစ်မှာ ကင်ဆာရောဂါရှိလာတာကြောင့် အခုဆိုရင် အိမ်ထဲမှာပဲ ခြေချုပ်မိနေတယ်။

  • ဒယ်လီနာကတော့ အမေရိကန်ကဖြစ်ပြီး အာရုံကြောနဲ့ကြွက်သား ရောဂါဝေဒနာ ခံစားနေရတယ်။ ပြုစုစောင့်ရှောက်ဖို့ အကူအညီလိုအပ်နေတဲ့ အစ်ကိုသုံးယောက်ကိုလည်း ကြည့်ရှုပေးနေရတယ်။

  • ဂရယ်ဂရီက ကနေဒါကဖြစ်ပြီး စိုးရိမ်ပူပန်စိတ်လွန်ကဲတဲ့ ဝေဒနာ ခံစားနေရသူဖြစ်တယ်။

အန်ယာ၊ ဒယ်လီနာနဲ့ ဂရယ်ဂရီတို့ဟာ သူတို့ရဲ့ ဘဝအခြေအနေနဲ့ အလိုက်သင့် နေနိုင်ခဲ့ကြတယ်။ ဘယ်လိုနည်းနဲ့လဲ။

‘သင်က ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျရင် အားလျော့သွားလိမ့်မယ်’ ဆိုပြီး သမ္မာကျမ်းစာက ဆိုတယ်။ (သုတ္တံ ၂၄:၁၀ကဘ) စိတ်သဘောထားအပေါ် အများကြီးမူတည်တယ်ဆိုတာ ရှင်းနေပါတယ်။ ကိုယ်ထိန်းချုပ်လို့မရတဲ့အရာကို အပျက်သဘောမြင်တဲ့သူတွေဟာ မပျော်ကြဘူး၊ ဆုံးဖြတ်ချက်ကောင်းတွေလည်း မချနိုင်ကြဘူး။ အပြုသဘောရှိသူတွေကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်ပြီး ပျော်ရွှင်ကြတယ်။

အန်ယာ၊ ဒယ်လီနာ၊ ဂရယ်ဂရီတို့ ဘယ်လို လုပ်ဆောင်ခဲ့ကြသလဲဆိုတာ လေ့လာကြည့်ပါ။