မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှတ်ချက် ပေးတတ်ရန် သင့်ကလေးကို သင်ပေးပါ

မှတ်ချက် ပေးတတ်ရန် သင့်ကလေးကို သင်ပေးပါ

မှတ်ချက် ပေး​တတ်​ရန် သင့်​ကလေး​ကို သင်ပေးပါ

မက္ကဆီကို​နိုင်ငံ​မှ ပါ​လာ​ဆို​သော​အမျိုးသမီး​သည် သူငယ်​စဉ်​က ကင်းမျှော်စင်​သင်တန်း​တွင် မှတ်ချက်တို​လေး​ပေး​ဖို့ ပြင်ဆင်​ရာ​တွင် သူ့​အမေ သူ့ကို​ကူညီ​ပေး​ခဲ့​သည်ကို မှတ်မိ​သည်။ ယခု ပါ​လာ​တွင် ငါး​နှစ်အရွယ် သားလေး​တစ်ယောက်​ရှိနေပြီ။ သားလေး​ကို သူ​မည်သို့​ကူညီ​ပေး​သနည်း။ “ဦးဆုံး​ကျွန်မ​ပြင်ဆင်​ရတယ်။ အဲဒီလို​ပြင်ဆင်​တဲ့​အခါ သားလေး​ကိုယ်ပိုင်​စကား​နဲ့​ရှင်းပြ​နိုင်​မယ့် နားလည်​ရလွယ်​ကူ​တဲ့ စာပိုဒ်​ကို​လိုက်ရှာတယ်။ အဲဒီနောက် ‘ကျွန်တော့်​စာပိုဒ်’ လို့ သား​ခေါ်​တဲ့ စာပိုဒ်​ကိုပဲ ကျွန်မ​တို့​အာရုံစိုက်​တော့​တယ်။ သူ​နားလည်​တဲ့ ဥပမာ​ရိုးရိုးလေး​သုံးပြီး အဲဒီ​စာပိုဒ်​ကို သူ့ကို ရှင်းပြ​ခိုင်းတယ်။ ပြီး​တော့ ပြင်ဆင်​ထား​တဲ့​မှတ်ချက်​ကို အထပ်ထပ်​အခါခါ ကျွန်မ​တို့​ပြန်​ပြော​ကြတယ်။ သားလေး​မှတ်ချက်​ပေး​တဲ့​အခါ မိုက်​ကို ဘယ်လို​ကိုင်​ရမယ်ဆိုတာ​သိဖို့ မိုက်​အတု​လုပ်ပြီး လေ့ကျင့်​ကြတယ်။ သားလေး​မှတ်ချက်​မပေးတဲ့ ဒါမှ​မဟုတ် လက်မ​ထောင်​တဲ့​အစည်းအဝေး​နေ့​ရ​ယ်​လို့ တစ်ခါ​မှ​မရှိတဲ့​အတွက် ကျွန်မ​အရမ်းပျော်​တယ်။ အများအားဖြင့် သားလေး​ဟာ စည်းဝေး​မစ​ခင် ဘယ်​စာပိုဒ်​ကို သူ​မှတ်ချက်​ပေး​ချင်​တယ်​ဆိုတာ​ကို သင်တန်း​ကိုင်​သူ​ဆီ​သွားပြီး ပြောပြ​တတ်​ပါ​တယ်။”

ဟင်ဒီ​စကားပြော​အုပ်စု​တွင် အကြီးအကဲ​တစ်ဦး​ဖြစ်သူ ယန်း​တွင် အသက်​နှစ်,နှစ်​နှင့် လေးနှစ်​အရွယ် သား​နှစ်ယောက်​ရှိသည်။ သူနှင့် သူ့​ဇနီးသည် ကလေး​များနှင့်​အတူ အစည်းအဝေး​အတွက် ပြင်ဆင်​ရာ​တွင် ယန်း​ကိုယ်တိုင် သူ့​မိဘများ​ထံ​မှ​ရရှိခဲ့​သည့်​နည်းကို သူတို့​အသုံးပြု​ခဲ့​ကြသည်။ သူ​ဤသို့​ပြော​သည်– “အကြောင်းအရာရဲ့ ဘယ်​အပိုင်း​တွေ​ဟာ ကလေး​တွေ​နားလည်​နိုင်​မလဲ​ဆိုတာ​ကို ကျွန်တော်​တို့​ဆုံးဖြတ်​ကြတယ်။ ပြီး​တော့ လေ့လာ​မယ့်​အကြောင်းအရာရဲ့​အကျဉ်း​ချုံး ဒါမှ​မဟုတ် ဆောင်းပါး​ရဲ့​အဓိက​အချက်​တွေ​ကို သူတို့ကို ကျွန်တော်​တို့​ကြိုးစား​ရှင်းပြတယ်၊ ပြီး​တဲ့​နောက် အစည်းအဝေး​မှာ သူတို့ကို ကျွန်တော်​တို့​ဖြေဆို​စေ​လို​တဲ့ မေးခွန်းတွေကို ကျွန်တော်​တို့​မေးတယ်။ ကိုယ်ပိုင်​စကား​နဲ့ ကောင်းကောင်း​မှတ်ချက်​ပေး​နိုင်​တဲ့​အတွက် ကျွန်တော်​တို့​အံ့သြ​ရတာ မကြာခဏ​ပဲ။ သူတို့​အဖြေပေး​လိုက်​ပုံ​က အကြောင်းအရာကို သူတို့​တကယ်​နားလည်တယ်​ဆိုတာ ပြ​တယ်။ ဒါ​ကြောင့် သူတို့ရဲ့​မှတ်ချက်​တွေ​ဟာ ယေဟောဝါ​ကို အမှန်တကယ်​ချီးမွမ်း​တာ​ဖြစ်​ပြီး သူတို့ရဲ့​ယုံကြည်ခြင်းကို ကိုယ်တိုင်​ကိုယ်​ကျ​ဖော်ပြ​ရာ​လည်း ရောက်တယ်။”