မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန့်ရှင်းသော ဝိညာဉ်တော်—ယင်းကို လူတို့ အဘယ်ကြောင့် ရှင်းရှင်းလင်းလင်း နားမလည်ကြသနည်း

သန့်ရှင်းသော ဝိညာဉ်တော်—ယင်းကို လူတို့ အဘယ်ကြောင့် ရှင်းရှင်းလင်းလင်း နားမလည်ကြသနည်း

သန့်ရှင်းသော ဝိညာဉ်တော်—ယင်းကို လူတို့ အဘယ်ကြောင့် ရှင်းရှင်းလင်းလင်း နားမလည်ကြသနည်း

သန့်ရှင်းသောဝိညာဉ်တော်ဟူသည် အဘယ်နည်း။ ယင်းမေးခွန်းသည် ရိုးစင်းလွန်းပုံရသော်လည်း ရိုးရှင်းသောအဖြေရရန်မူ ခက်ခဲပေမည်။ ပုပ်ရဟန်းမင်း ဘင်နီဒစ် ၁၆ သည် ဩစတြေးလျရှိ လူအုပ်စုရှေ့တွင် ဤသို့ပြောခဲ့သည်– “ဝိညာဉ်တော်နှင့်ပတ်သက်၍ ကောင်းစွာနားလည်သဘောပေါက်ရန် လုံး၀နီးပါးမဖြစ်နိုင်ချေ။”

သန့်ရှင်းသောဝိညာဉ်တော်ဟူသည် အဘယ်နည်းဟု မေးသောအခါ ထင်မြင်ချက်များနှင့် မရေရာသောအဖြေများစွာ ထွက်ပေါ်လာမည်မှာ သေချာပါသည်။ အောက်ပါတို့မှာ အဖြေတချို့ ဖြစ်သည်– သန့်ရှင်းသောဝိညာဉ်တော်ဟူသည်

• ခရစ်တော်၏တပည့်များအတွင်းတွင် ရှိနေသော တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။

• လောကတွင် ဘုရားသခင်ရှိနေကြောင်းဖော်ပြသည့် နည်းလမ်းဖြစ်သည်။

• သုံးပါးပေါင်းတစ်ဆူတွင်ပါဝင်သော တတိယမြောက်ပုဂ္ဂိုလ်ဖြစ်သည်။

ယင်းကို လူတို့ အဘယ်ကြောင့် ဤမျှမရှင်းမလင်းဖြစ်နေရသနည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်နှင့် တစ်နည်းနည်းဖြင့် တန်းတူဖြစ်သော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်ဟု ကျမ်းပညာရှင်များ အဆိုပြုချိန်၊ အေဒီ စတုတ္ထရာစုမှ စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းသည် သမ္မာကျမ်းစာ၏သွန်သင်ချက် မဟုတ်သည့်အပြင် ခရစ်တော်၏ အစောပိုင်းနောက်လိုက်များလည်း ထိုသို့မသွန်သင်ခဲ့ပေ။ ကက်သလစ် စွယ်စုံကျမ်းသစ်က “ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင့်ဝိညာဉ်တော်ကို ပုဂ္ဂိုလ်အဖြစ် မဖော်ပြထားပေ . . . ဘုရားသခင့်ဝိညာဉ်တော်သည် ဘုရားသခင့်တန်ခိုးသာဖြစ်သည်” ဟုရှင်းပြသည်။ ထိုစွယ်စုံကျမ်းကပင် ဤသို့ထပ်ဆင့်ဆိုသည်– “ဓမ္မသစ်ကျမ်းမှ ကျမ်းချက်အများစုတွင် ဘုရားသခင့်ဝိညာဉ်တော်ကို ပုဂ္ဂိုလ်တစ်ဦးကဲ့သို့မဟုတ်၊ အရာတစ်ခုကဲ့သို့ ဖော်ပြထားသည်။ ယင်းသည် အထူးသဖြင့် ဝိညာဉ်တော်နှင့် ဘုရားသခင့်တန်ခိုးတော် ဆင်တူချက်များတွင် ထင်ရှားသည်။”

တန်ခိုးကို ပုဂ္ဂိုလ်တစ်ဦးအဖြစ် လူတို့ယူမှတ်ရန် ခက်ခဲသည်ကို သဘောပေါက်နိုင်ပါသည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် “သက်ရှိပုဂ္ဂိုလ်” တစ်ဦးဖြစ်သည်ဟူသော အယူအဆကို လူအများစု လက်မခံကြောင်း အမေရိကန်ပြည်ထောင်စုတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာဆန်းစစ်ချက်တစ်ခုက ဖော်ပြသည်။ သူတို့၏ယူဆချက် မှန်ပါသလော။ သို့မဟုတ် “သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော်၊ သားတော်နှင့် သီးခြားဖြစ်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်” ဟုအခိုင်အမာဆိုကြသော ကျမ်းပညာရှင်များကို ကျွန်ုပ်တို့ ယုံကြည်သင့်သလော။

ယုံကြည်စိတ်ချနိုင်သော အဖြေရရန် သန့်ရှင်းသောဝိညာဉ်တော်အကြောင်း အသေးစိတ်ဖော်ပြထားသည့် ဘုရားသခင့်စကားတော်၊ သမ္မာကျမ်းစာကို အသေအချာ ဆန်းစစ်ဖို့လိုသည်။ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “ကျမ်းစာတစ်အုပ်လုံးသည် ဘုရားသခင့်ဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် အမှန်တရားကိုသွန်သင်ခြင်း၊ အပြစ်ကိုဖော်ပြခြင်းတို့တွင် အကျိုးရှိ၏။”—၂ တိမောသေ ၃:၁၆Today’s English Version.

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်သည့် အမှန်တရားကို ရှာဖွေရန် သင် အဘယ်ကြောင့် ကြိုးစားသင့်သနည်း။ အကြောင်းမှာ ယင်းအမှန်တရားကိုသိရှိခြင်းက ဘုရားသခင်ထံမှ အကူအညီရရန် သင့်အတွက် လမ်းပွင့်သွားနိုင်သောကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံ သင့်အစွမ်းခွန်အားဖြင့် မတတ်နိုင်တော့ဟု ခံစားရပါသလော။ မိမိ၏တပည့်များကို ယေရှု ဤသို့ကတိပေးခဲ့သည်– “တောင်းကြလော့။ တောင်းလျှင်ရမည်။ . . . သင်တို့သည် . . . ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော။”—လုကာ ၁၁:၉၊ ၁၃သမ္မာကျမ်း။

သန့်ရှင်းသောဝိညာဉ်တော်ဟူသည် အဘယ်အရာဖြစ်ကြောင်း၊ ယင်းသည် ကျွန်ုပ်တို့၏အသက်တာကို မည်သို့အကျိုးပြုနိုင်ကြောင်း နောက်ဆောင်းပါးများတွင် ကျမ်းချက်များဖြင့် ရှင်းပြထားပါသည်။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

သမ္မာကျမ်းစာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ သဘောသဘာ၀ကို ရှင်းပြထား