မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတွေကို သွန်သင်ပေးပါ

အိမ်တွင်းရေး ပြဿနာတွေကြားထဲက ယောသံ ဆက်သစ္စာစောင့်သိ

အိမ်တွင်းရေး ပြဿနာတွေကြားထဲက ယောသံ ဆက်သစ္စာစောင့်သိ

မိဘတစ်ယောက်က စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါကို ဆက်ဝတ်မပြုတော့ဘူးဆိုရင် အဲဒါက ကလေးအတွက် ခက်ခဲစေနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ယောသံဆိုတဲ့ လူငယ်တစ်ယောက် ဘယ်လိုကြုံတွေ့ခဲ့ရသလဲ။ သူကြီးပြင်းလာနေချိန် သူ့အိမ်တွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာအကြောင်း လေ့လာကြည့်ကြရအောင်။

ယောသံရဲ့ခမည်းတော် ဩဇိဟာ ယုဒနိုင်ငံရဲ့ ဘုရင်ဖြစ်တယ်။ နိုင်ငံတစ်ဝန်းလုံးမှာ ဘုရင်သြဇိက တန်ခိုးအာဏာ အရှိဆုံးဖြစ်တယ်။ ဩဇိဟာ ယောသံမမွေးခင်ကတည်းက ဘုရင်ကောင်းတစ်ပါးအနေနဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တယ်။ ဒါပေမဲ့ ယောသံ ကလေးဘဝမှာပဲ ဩဇိဟာ မာနကြီးပြီး ဘုရားသခင့်ပညတ်ကို ချိုးဖောက်လိုက်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို အနူရောဂါစွဲစေလိုက်တယ်။ အဲဒီအချိန်မှာ ယောသံ ဘာလုပ်ခဲ့သလဲဆိုတာ ကလေးတို့ သိသလား။— *

ယောသံက ယေဟောဝါဘုရားသခင်ကို ဆက်ဝတ်ပြုခဲ့တယ်။ အဲဒီလိုဝတ်ပြုနိုင်ဖို့ သူ့ရဲ့မယ်တော် ယေရုရှာက ကူညီပေးခဲ့တာ ဖြစ်နိုင်တယ်။ ခမည်းတော်သြဇိကို ဘုရားသခင်ရဲ့ အိမ်တော်ကနေ မောင်းထုတ်လိုက်ပြီးတဲ့နောက် ဘုရားသခင်အပေါ် ယောသံ ဆက်သစ္စာစောင့်သိဖို့ ခက်ခဲမှာပဲ။

ကလေးတို့ရဲ့ အဖေ ဒါမှမဟုတ် အမေက ယေဟောဝါဘုရားသခင်ကို မကိုးကွယ်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒါက ကလေးတို့အတွက် အရမ်းခက်လိမ့်မယ် မဟုတ်ဘူးလား။— ဒါပေမဲ့ ကလေးတို့ရဲ့ အဖေ ဒါမှမဟုတ် အမေက ဘုရားသခင်ကို မကိုးကွယ်တော့ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားတာက မမှားပါဘူး။ ဒါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဒါဝိဒ် ဘာရေးခဲ့တယ်ဆိုတာကို ကြည့်ရအောင်။

ဒါဝိဒ်ရဲ့အဖေ ယေရှဲက လူကောင်းတစ်ယောက်ပါ။ သူဟာ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုသူဖြစ်ပါတယ်။ ဒါဝိဒ်ကလည်း သူ့အဖေကိုချစ်မယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ဒါဝိဒ်ဟာ သူ့အဖေထက် ဘုရားသခင်ကို ပိုချစ်ဖို့ သင်ယူခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတာကို ကြည့်ရအောင်။

ဆာလံ ၂၇:၁၀ ကို ဖတ်ကြည့်ရအောင်။ ဒါဝိဒ် ဒီလိုရေးခဲ့တယ်– ‘ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရားသခင်သည် အကျွန်ုပ်ကို ချီယူတော်မူမည်။’ ဒါဝိဒ်ရဲ့ အဖေ ဒါမှမဟုတ် အမေက ယေဟောဝါဘုရားသခင်ကို ဆက်ဝတ်မပြုတော့ဘူးဆိုရင်လည်း ဒါဝိဒ်ကတော့ ဆက်ဝတ်ပြုမယ်ဆိုတဲ့အကြောင်း သမ္မာကျမ်းစာက ဖော်ပြနေတာ ဖြစ်ပါတယ်။

ကလေးတို့ဆိုရင်ကော။ အဖေ ဒါမှမဟုတ် အမေက ယေဟောဝါဘုရားသခင်ကို မကိုးကွယ်တော့ဘူးဆိုရင်လည်း ကလေးတို့က ဆက်ကိုးကွယ်မှာလား။— အဲဒါက ကလေးတို့ ကိုယ့်ဘာသာကိုယ်မေးရမယ့် မေးခွန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ အရေးကြီးဆုံး ပညတ်ကြောင့်ပါ။ အဲဒီပညတ်ကတော့– “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။”

ဒီပညတ်ရဲ့အဓိပ္ပာယ်က ခက်ခဲတဲ့ အခြေအနေတွေမှာတောင် ယေဟောဝါဘုရားသခင်ကို ဆက်သစ္စာရှိသွားဖို့ ဖြစ်ပါတယ်။ ယေဟောဝါဘုရားသခင်ကို ဆက်ဝတ်မပြုဖို့ ဘယ်သူအလိုရှိသလဲဆိုတာကို ကလေးတို့ စဉ်းစားမိသလား။— ဘုရားသခင်ရဲ့ ရန်သူကြီး စာတန်ပဲပေါ့။ သူ့ကို “ဤလောကကို အစိုးရသောမင်း” ဆိုပြီး ယေရှု ခေါ်ဆိုခဲ့တယ်။ “ဤလောကစနစ်၏ ဘုရား” ဆိုပြီးတော့လည်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ တို့တတွေ စာတန်ကို ကြောက်ဖို့လိုသလား။—

ကြောက်စရာ မလိုပါဘူး။ တို့တတွေ မှတ်ထားရမှာက၊ ယေဟောဝါဘုရားသခင်ဟာ စာတန်ထက် ပိုပြီးတန်ခိုးကြီးတယ် ဆိုတာကိုပါပဲ။ ဘုရားသခင်ကို ယုံကြည်ကိုးစားမယ်ဆိုရင် ကိုယ်တော်က တို့တတွေကို ကာကွယ်ပေးမှာကွဲ့။ ကြောက်စရာကောင်းတဲ့ လူထွားကြီး ဂေါလျတ်ရန်ကနေ ဒါဝိဒ်ကို ဘုရားသခင် ဘယ်လို ကာကွယ်ပေးခဲ့သလဲဆိုတာ ကလေးတို့ရဲ့ ကျမ်းစာမှာ ဖတ်ကြည့်ပါလား။ ကလေးတို့လည်း ယေဟောဝါဘုရားသခင်ကို ဆက်သစ္စာစောင့်သိမယ်ဆိုရင် ကိုယ်တော်ကလည်း ကလေးတို့ကို ကာကွယ်ပေးမှာပါ။

^ အပိုဒ်၊ 4 ကလေးနဲ့အတူ ဖတ်နေတယ်ဆိုရင် မျဉ်းရှည် (—) က ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဆိုတဲ့ သတိပေးချက်ဖြစ်ပါတယ်။