မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်၏ မျက်နှာသာရသူတို့တွင် ငြိမ်သက်ခြင်းရှိပါစေ”

“ဘုရားသခင်၏ မျက်နှာသာရသူတို့တွင် ငြိမ်သက်ခြင်းရှိပါစေ”

“ကောင်းကင်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူ ပါစေ။ မြေကြီးပေါ်၌လည်း ဘုရားသခင်၏ မျက်နှာသာရသူတို့တွင် ငြိမ်သက်ခြင်းရှိပါစေ။” —လုကာ ၂:၁၄

လူတချို့ ခရစ္စမတ်ပွဲကျင်းပရတဲ့ အကြောင်းရင်းက ဘာလဲ။

ပုပ်ရဟန်းမင်းကြီးနဲ့ တခြားဘာသာရေးခေါင်းဆောင်တွေဟာ ခရစ္စမတ်ရာသီ ရောက်လာပြီဆိုရင် “မြေကြီးပေါ်၌လည်း ဘုရားသခင်၏ မျက်နှာသာရသူတို့တွင် ငြိမ်သက်ခြင်းရှိပါစေ” ဆိုတဲ့ ကောင်းကင်တမန်တွေရဲ့စကား ပြည့်စုံစေဖို့ မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေးတရား ဟောကြတယ်။ တချို့ဆိုရင် ခရစ္စမတ်ပွဲကျင်းပဖို့ မြင့်မြတ်တဲ့နေရာတွေဆီ သွားလည်ပတ်ကြတယ်။

လူတွေ ဘာကြောင့် ပျော်ရွှင်မှု မခံစားရတာလဲ။

ခရစ္စမတ်ရာသီ ကာလအတွင်းမှာ ငြိမ်းချမ်းမှုက တစ်ခဏပါပဲ။ ဥပမာ၊ ဥရောပမှာ ပထမကမ္ဘာစစ်မီး တောက်လောင်နေချိန် ၁၉၁၄ ခုနှစ် ဒီဇင်ဘာလမှာ အင်္ဂလိပ်နဲ့ဂျာမန် စစ်သားတွေဟာ ကတုတ်ကျင်းတွေထဲကနေ ထွက်လာပြီး ခရစ္စမတ်ပွဲကို အတူတူ ဆင်နွှဲခဲ့ကြတယ်။ အတူတူ သောက်စားကြတယ်၊ ဘောလုံးတောင် ကန်ခဲ့ကြသေးတယ်။ ဒါပေမဲ့ အတိုက်အခိုက်ရပ်စဲမှုက မကြာရှည်ခဲ့ပါဘူး။ ရှေ့တန်း စစ်မြေပြင်ကနေ ရောက်လာတဲ့ စာတစ်စောင်ထဲမှာ အင်္ဂလိပ်စစ်သားတစ်ယောက်က ဂျာမန်စစ်သားတစ်ယောက် ပြောခဲ့တဲ့စကားကို ဒီလိုရေးပို့ခဲ့တယ်– “ဒီနေ့တော့ ငါတို့ စစ်ပြေငြိမ်းကြမယ်။ မနက်ဖြန်ဆိုရင်တော့ ကိုယ့်တိုင်းပြည်အတွက်ကိုယ် စစ်တိုက်ကြတာပေါ့။”

ဘယ်ကျမ်းစာမူတွေက ကူညီပေးနိုင်သလဲ။

‘ငါတို့အား သူငယ်ကို ဖွားမြင်၏။ နာမတော်ကား ငြိမ်သက်ခြင်းမင်းဟု ခေါ်ဝေါ်သမုတ်ခြင်းရှိလိမ့်မည်။ အာဏာတော်နှင့် ငြိမ်သက်ခြင်းသည် မကုန်မဆုံး အမြဲ တိုးတက်လိမ့်မည်။’ (ဟေရှာယ ၉:၆၊ ၇သမ္မာ) ယေရှုခရစ်နဲ့ပတ်သက်တဲ့ အဲဒီကြိုဟောချက်က အားရှိစရာကောင်းပါတယ်။ ယေရှုဟာ တစ်နှစ်မှာ တစ်ရက်ပဲ ငြိမ်းချမ်းဖို့ ကမ္ဘာပေါ်မွေးဖွားလာခဲ့တာ မဟုတ်ပါဘူး။ တကယ်ဆိုရင် ကောင်းကင်အုပ်စိုးရှင်အနေနဲ့ ယေရှုဟာ စစ်မှန်တဲ့ ငြိမ်သက်ခြင်း ထာဝစဉ်တည်မြဲသွားအောင် လုပ်ပေးပါလိမ့်မယ်။

“သင်တို့သည် ငါ့ [ယေရှု] အားဖြင့် ငြိမ်သက်ခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခကို ခံရကြ၏။ သို့သော်လည်း အားယူကြလော့။ ငါသည် လောကကို အောင်ပြီ။” (ယောဟန် ၁၆:၃၃) ဒီနေ့ခေတ်မှာလည်း ယေရှုဟာ သူ့တပည့်တွေ အချင်းချင်းကြားမှာ ငြိမ်သက်ခြင်းရှိအောင် ကူညီပေးနေပါတယ်။ ခရစ်ယာန်စစ်တွေ ဆင်းရဲဒုက္ခခံရမှာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆင်းရဲဒုက္ခ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတွေကိုသာမက၊ ကြာရှည်တည်မြဲတဲ့ ငြိမ်သက်ခြင်းကို ယေရှု ဘယ်လိုဆောင်ကြဉ်းပေးမယ် ဆိုတာတွေကို သမ္မာကျမ်းစာကနေတစ်ဆင့် သူတို့ သိရှိလာကြတယ်။ ဒီလိုနဲ့ သူတို့ဟာ စိတ်ငြိမ်သက်မှု ခံစားရပါတယ်။

ယေဟောဝါသက်သေ ခရစ်ယာန်တွေဟာ ယေရှုရဲ့စကားကို လိုက်လျှောက်ကြတဲ့အတွက် လူမျိုး၊ အသားရောင်၊ ဘာသာစကားတွေ မတူကြပေမဲ့လည်း ငြိမ်သက်မှုရှိကြတယ်။ သူတို့ရဲ့ ဝတ်ပြုရာခန်းမမှာ စည်းဝေးတက်ရောက်ပြီး သင်ကိုယ်တိုင် လေ့လာကြည့်ပါ။ သူတို့အချင်းချင်းကြားမှာရှိတဲ့ ငြိမ်သက်ခြင်းက ခရစ္စမတ်ရာသီမှာရှိတဲ့ ငြိမ်သက်ခြင်းထက် ပိုသာတယ်ဆိုတာကို သင် သဘောတူပါလိမ့်မယ်။

ယေဟောဝါသက်သေ ခရစ်ယာန်တွေဟာ အသားရောင် ဒါမှမဟုတ် ဘာသာစကား မတူကြပေမဲ့ ငြိမ်သက်မှုရှိကြပါတယ်။ သူတို့ရဲ့ ဝတ်ပြုရာခန်းမမှာ စည်းဝေးတက်ရောက်ပြီး သင်ကိုယ်တိုင် လေ့လာကြည့်ပါ