ဆာလံ ၁၂၆:၁-၆

  • ဇိ​အုန်​ရဲ့ ဝမ်း​မြောက်​ဖွယ် ပြန်​လည်​ထူ​ထောင်​ခြင်း

    • ‘ကြီးမြတ်​တဲ့​အမှု​တွေ​ကို ယေဟောဝါ လုပ်​ဆောင်​ပေး’ ()

    • မျက်​ရည်​ကျ​ခြင်း​မှ ရွှင်​လန်း​ခြင်း​သို့ (၅၊ ၆)

ချီ​တက်​သီချင်း။ ၁၂၆  ဇိ​အုန်​မြို့​ရဲ့ သုံ့​ပန်း​တွေ​ကို ယေဟောဝါ ပြန်​စု​သိမ်း​လိုက်​တဲ့​အခါ+အိပ်​မက်​များ​လားလို့ ငါ​တို့ ထင်​ခဲ့​တာ။ ၂  အဲဒီ​တုန်း​က ငါ​တို့ ရယ်​မော​ခဲ့ရ​တယ်။ ရွှင်​လန်း​စွာ ကြွေး​ကြော်ခဲ့ရ​တယ်။+ “ယေဟောဝါ​က သူတို့​အတွက် ကြီးမြတ်​တဲ့​အမှု​တွေ လုပ်​ဆောင်​ပေး​ပြီ”+ လို့တ​ခြား​လူမျိုး​တွေ ပြော​ခဲ့​ကြတာ။ ၃  ယေဟောဝါ​က ငါ​တို့​အတွက် ကြီးမြတ်​တဲ့​အမှု​တွေ လုပ်​ဆောင်​ပေး​ပြီ။+ ဒါ​ကြောင့် ငါ​တို့ သိပ်​ပျော်​တယ်။ ၄  အို ယေဟောဝါ၊ နေ​ဂပ်​သဲ​ချောင်း​တွေ​မှာ ရေတွေ​ပြန်​စီးဆင်း​လာ​သလိုကျွန်​တော်​တို့​ရဲ့ သုံ့​ပန်း​တွေ​ကို ပြန်​စု​သိမ်း​ပေး​ပါ။ ၅  မျက်​ရည်​ကျ​ရင်း မျိုး​စေ့​ကြဲ​သူ​တွေ​ဟာရွှင်​လန်း​စွာ ကြွေး​ကြော်ရင်း ရိတ်​သိမ်း​ရ​လိမ့်​မယ်။ ၆  ငို​နေ​ရ​ပေမဲ့​လည်း မျိုး​စေ့​အိတ်​ကို သယ်​ပြီးလယ်​ထဲ သွား​ဖြစ်​အောင်​သွား​တဲ့​သူ​ဟာကောက်​လှိုင်း​စည်း​တွေ သယ်​ပြီး+ရွှင်​လန်း​စွာ ကြွေး​ကြော်ရင်း ပြန်​လာရ​မှာ ကျိန်း​သေပဲ။+

အောက်ခြေမှတ်ချက်များ