ဆာလံ ၉၄:၁-၂၃

  • လက်​စား​ချေ​ပေး​ဖို့ ဘုရား​သခင်​ဆီ ဆုတောင်း

    • “လူ​ဆိုး​တွေ ဘယ်​လောက်​ကြာ​ကြာ ရွှင်​မြူး​နေ​မှာလဲ” ()

    • ဘုရား​သခင့် ဆုံးမ​မှု​ဟာ ပျော်​ရွှင်​စေ (၁၂)

    • လူမျိုး​တော်​ကို ဘုရား မပစ်​ပယ် (၁၄)

    • “ဥ​ပဒေ​ကို အသုံး​ချ​ပြီး ဒုက္ခ​ပေး​ဖို့ ကြံ​စည်” (၂၀)

၉၄  လူ​ဆိုး​တွေ​ကို လက်​စား​ချေ​တဲ့ ဘု​ရား​သခင်၊+ လူ​ဆိုး​တွေ​ကို လက်​စား​ချေ​တဲ့​ ဘု​ရား ယေဟောဝါ၊ အလင်း ထွန်း​လင်း​လှည့်​ပါ။ ၂  ကမ္ဘာ​မြေရဲ့ တ​ရား​သူ​ကြီး၊ ထတော်​မူ​ပါ။+ မောက်​မာ​သူ​တွေ​ကို ထိုက်​သင့်​သလို ပြန်​ဆပ်​ပေး​လှည့်​ပါ။+ ၃  ယေဟောဝါ​ဘု​ရား၊ လူ​ဆိုး​တွေ ဘယ်​လောက်​ကြာ​ကြာ ရွှင်​မြူး​နေ​မှာ​လဲ။+ ဘယ်​လောက်​တောင် ကြာ​ဦး​မှာ​လဲ။ ၄  သူတို့​က မောက်​မာ​တဲ့​စကား​တွေ တ​ရ​စပ် ပြော​နေ​တယ်။ အမှား​လုပ်​သူ​တွေ ကိုယ့်​ဂုဏ်​ကိုယ်​ဖော်​ပြီး ပြော​နေ​တယ်။ ၅  အို ယေဟောဝါ၊ ကိုယ်​တော့်​လူ​တွေ​ကို သူတို့ နင်း​ခြေ​တယ်။+ ကိုယ်​တော့်​အမွေ​ကို ဖိ​နှိပ်​တယ်။ ၆  မု​ဆိုး​မတွေ၊ တိုင်း​တစ်ပါး​သား​တွေ​ကို သတ်​ပစ်​တယ်။ ဖတ​ဆိုး​လေး​တွေ​ကို​လည်း သတ်​ဖြတ်​တယ်။ ၇  “ယေဟောဝါ မမြင်​ပါ​ဘူး။+ ယာကုပ်​ရဲ့ ဘု​ရား​သခင်​က သတိ​မထား​မိ​ပါ​ဘူး”+ လို့ ပြော​နေ​တယ်။ ၈  စဉ်း​စား​ဉာဏ်​မဲ့​သူတို့၊ နား​လည်​ကြ​စမ်း​ပါ။ လူ​မိုက်​တို့၊ ဘယ်​အခါ​မှ ထိုး​ထွင်း​ဉာဏ် ရှိ​လာ​မှာ​လဲ။+  ၉  နား​ကို​ဖန်​ဆင်း​တဲ့​အရှင်​က မကြား​ဘဲ​နေ​မလား။ မျက်​စိ​ကို​ပြု​လုပ်​တဲ့​အရှင်​က မမြင်​ဘဲ​နေ​မလား။+ ၁၀  လူမျိုး​တွေ​ကို တည့်​မတ်​ပေး​တဲ့​အရှင်​က မပဲ့​ပြင်​ဘဲ​နေ​မလား။+ ကိုယ်​တော်​ဟာ လူ​တွေ​ကို အသိ​ပညာ​ပေး​တဲ့ အရှင်​ပဲ။+ ၁၁  လူ​တွေရဲ့ အကြံ​အစည်​တွေ​ဟာ ပင့်​သက်​တစ်​ရှိုက်​စာ​ပဲ​ဆို​တာယေဟောဝါ​သိ​တယ်။+ ၁၂  အို ယေဟောဝါ၊ ကိုယ်​တော် တည့်​မတ်​ပေး​တာ​ကို ခံ​ရ​တဲ့​သူ၊ပညတ်​တ​ရား​အကြောင်း ကိုယ်​တော် သွန်သင်​ပေး​တာ​ကို ခံ​ရ​တဲ့​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+ ၁၃  ဘေး​ဆိုး​ကြုံ​ရ​ချိန်​မှာ၊ လူ​ဆိုး​တွေ တွင်း​ထဲ​မကျ​ခင်​မှာ+ကိုယ်​တော်​က သူ့​ကို စိတ်​ငြိမ်သက်​မှု​ပေး​တယ်။ ၁၄  ယေဟောဝါ​က မိမိ​ရဲ့​လူ​တွေ​ကို ပစ်​ထား​မှာ မဟုတ်​ဘူး။+ မိမိ​ရဲ့​အမွေ​ကို စွန့်​ပစ်​မှာ မဟုတ်​ဘူး။+ ၁၅  တ​ရား​စီ​ရင်​ချက်​တွေ ပြန်​ပြီး ဖြောင့်​မတ်​လာ​တဲ့​အခါစိတ်​ရိုး​ဖြောင့်​သူ​အားလုံး လိုက်​နာ​ကြ​လိမ့်​မယ်။ ၁၆  ဘယ်​သူ​က ငါ့​ဘက်​မှာ​နေ​ပြီး လူဆိုး​ကို​တိုက်​ခိုက်​မလဲ။ ဘယ်​သူ​က ငါ့​ဘက်​မှာ ရပ်​တည်​ပြီး​ အမှား​လုပ်​သူ​တွေ​ကို ဆန့်​ကျင်​မလဲ။ ၁၇  ယေဟောဝါ​သာ မကူညီ​ခဲ့ရင်ငါ​သေတာ ကြာ​လှ​ပြီ။+ ၁၈  အို ယေဟောဝါ၊ “ကျွန်​တော် ခြေ​ချော်​နေ​ပြီ” လို့ ပြော​တဲ့​အခါခိုင်​မြဲတဲ့​မေတ္တာ​ဟာ အမြဲထောက်မ​ပေး​တယ်။+ ၁၉  စိုး​ရိမ်​စိတ်​တွေ သိပ်​များ​နေ​တဲ့​အခါကိုယ်​တော် နှစ်​သိမ့်​ပေး​ပြီး စိတ်​သက်​သာ​ရာ ရ​စေ​တယ်။+ ၂၀  ဥ​ပဒေ​ကို အသုံး​ချ​ပြီး ဒုက္ခ​ပေး​ဖို့ ကြံ​စည်​ရုံ​မက အကျင့်​ပျက် ခြစား​နေ​တဲ့ အုပ်​စိုး​ရှင်​တွေ​ဟာ ကိုယ်​တော်​နဲ့ မိတ်​ဖွဲ့​နိုင်​ပါ့​မလား။+ ၂၁  သူတို့​က ဖြောင့်​မတ်​သူ​ကို ရက်ရက်​စက်​စက် တိုက်​ခိုက်​တယ်။+ အပြစ်​မဲ့​သူ​ကို သေဒဏ်​ပေး​တယ်။+ ၂၂  ယေဟောဝါ​က​တော့ ငါ့​ရဲ့ လုံ​ခြုံ​တဲ့​ခိုလှုံ​ရာ​ပဲ။ ဘု​ရား​သခင်​ဟာ ငါ့​ရဲ့ ခိုလှုံ​ရာ​ကျောက်​ဆောင်​ပဲ။+ ၂၃  ဘု​ရား​က လူ​ဆိုး​တွေ​ကို သူတို့​လုပ်​ရပ်​အတိုင်း ပြန်​ခံ​စေ​မယ်။+ သူတို့​ရဲ့ ယုတ်​မာ​မှု​နဲ့​အညီ သူတို့​ကို ပယ်​ရှင်း​မယ်။ ငါ​တို့​ရဲ့​ဘု​ရား ယေဟောဝါ​က သူတို့​ကို ပယ်​ရှင်း​မယ်။+

အောက်ခြေမှတ်ချက်များ