ဆာလံ ၃၃:၁-၂၂

  • ဖန်​ဆင်း​ရှင်​ကို ချီး​မွမ်း​ပါ

    • “ဘုရား​အတွက် သီချင်း​အသစ် သီ​ဆို​ကြ” ()

    • ယေဟောဝါ​က နှုတ်​ထွက်​စကား၊ နှုတ်​တော်​ထွက်​လေ​နဲ့ ဖန်​ဆင်း ()

    • ယေဟောဝါ​ရဲ့​လူမျိုး ပျော်​ရွှင်​ချမ်း​မြေ့ (၁၂)

    • ယေဟောဝါ ကြည့်​ရှု​နေ (၁၈)

၃၃  ဖြောင့်​မတ်​သူတို့၊ ယေဟောဝါ​ကြောင့် ရွှင်​လန်း​စွာ သီချင်း​ဆို​ကြ။+ စိတ်​ရိုး​ဖြောင့်​သူ​တွေ ဘု​ရား​ကို ချီး​မွမ်း​သင့်​တယ်။ ၂  စောင်း​တီး​ပြီး ယေဟောဝါ​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​ကြ​ပါ။ ဆယ်​ကြိုး​တပ်​တူ​ရိ​ယာ တီး​ခတ်​ပြီး ချီး​မွမ်း​သီချင်း​ဆို​ကြ​ပါ။ ၃  ဘု​ရား​အတွက် သီချင်း​သစ် သီ​ဆို​ကြ​ပါ။+ စောင်း​ကြိုး​တွေ​ကို ကျ​ကျ​န​န တီးခတ်​ပြီး ရွှင်​လန်း​စွာ သီချင်း​ဆို​ကြ​ပါ။ ၄  ယေဟောဝါ​ရဲ့ နှုတ်​ထွက်​စကား​ဟာ ဖြောင့်​မှန်​တယ်။+ ဘု​ရား​လုပ်​ဆောင်​သမျှ ယုံ​ကြည်​စိတ်​ချ​ထိုက်​တယ်။ ၅  ဖြောင့်​မတ်​ခြင်း​နဲ့ တ​ရား​မျှ​တ​ခြင်း​ကို ဘု​ရားမြတ်​နိုး​တယ်။+ ကမ္ဘာ​မြေဟာ ယေဟောဝါ​ရဲ့ ခိုင်​မြဲတဲ့​မေတ္တာ​နဲ့ ပြည့်​ဝ​နေ​တယ်။+ ၆  ယေဟောဝါ​က ကောင်း​ကင်​ကို နှုတ်​တော်​ထွက်​စကား​နဲ့၊ကောင်း​ကင်​မှာ​ရှိ​တဲ့ အရာ​အားလုံး​ကို နှုတ်​တော်​ထွက်​လေ​နဲ့ ဖန်ဆင်း​တယ်။+ ၇  ပင်လယ်​ရေ​ကို ဆည်​ထဲ​မှာ စု​သလို စု​စည်း​ထား​တယ်။+ လှိုင်း​ထန်​တဲ့​ရေ​ကို​လည်း သိုလှောင်​ခန်း​တွေ​မှာ သိမ်းထားတယ်။ ၈  ကမ္ဘာ​မြေတစ်​ခွင်​လုံး ယေဟောဝါ​ကို ကြောက်​ရွံ့​ပါ​စေ။+ ကမ္ဘာ​သူ​ကမ္ဘာ​သား​အားလုံး ဘုရား​ကို ရို​သေကိုင်း​ရှိုင်း​ကြ​ပါစေ။ ၉  ဘု​ရား​ပြော​ရင် ပြော​တဲ့​အတိုင်း ဖြစ်​လာ​တယ်။+ အမိန့်​ပေး​ရင် ပေး​တဲ့​အတိုင်း တည်တယ်။+ ၁၀  ယေဟောဝါ​က လူမျိုး​တွေရဲ့ အကြံအစည်​ကို ပျက်​ပြား​စေ​တယ်။+ လူ​တွေရဲ့ အစီ​အစဉ်​ကို ဖျက်​ဆီး​တယ်။+ ၁၁  ယေဟောဝါ​ရဲ့ ဆုံး​ဖြတ်​ချက်​တွေ​က​တော့ ထာ​ဝ​စဉ်​တည်​လိမ့်​မယ်။+ ဘု​ရားရဲ့ စိတ်​ကူး​ကြံ​စည်​မှု​တွေ​လည်း လူမျိုး​အဆက်​ဆက်​တိုင်​အောင် တည်​လိမ့်​မယ်။ ၁၂  ယေဟောဝါ​ကို ဘု​ရား​သခင်​အဖြစ် ကိုးကွယ်​တဲ့​လူမျိုး၊+ပိုင်​ဆိုင်​ရာ​အဖြစ် ဘု​ရား​ရွေး​ချယ်​ထား​တဲ့ လူ​တွေ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+ ၁၃  ယေဟောဝါ​က ကောင်း​ကင်​ပေါ်​က​နေ ငုံ့​ကြည့်​ပြီးလူ​သား​အားလုံး​ကို မြင်​တယ်။+ ၁၄  ကမ္ဘာ​သူ​ကမ္ဘာ​သား​တွေ​ကိုစံ​မြန်း​ရာ​နေ​ရာ​က​နေ ကြည့်​နေ​တယ်။ ၁၅  လူ​အားလုံး​ရဲ့ စိတ်​နှလုံး​ကို ဖန်ဆင်း​တာ ဘု​ရား​သခင်​ပဲ။ သူတို့​လုပ်​ဆောင်​သမျှ​ကို ဘု​ရား စစ်​ဆေး​တယ်။+ ၁၆  တပ်​မဟာ​ကြီး​က ဘု​ရင်​ကို မကယ်​နိုင်​ဘူး။+ တန်ခိုး​အာ​ဏာ​ကြီး​မား​မှု​က ခွန်အား​ကြီး​သူ​ကို မကယ်​နိုင်​ဘူး။+ ၁၇  တိုက်​ပွဲ​နိုင်​ဖို့ မြင်း​ကို အား​ကိုး​ရင် မှား​လိမ့်​မယ်။+ မြင်း​က ခွန်​အား​ဘယ်​လောက်​ကြီး​ကြီး လွတ်​မြောက်​ဖို့ အာ​မမခံ​နိုင်​ဘူး။ ၁၈  ယေဟောဝါ​က မိမိ​ကို ကြောက်​ရွံ့​သူ​တွေ၊ခိုင်​မြဲတဲ့​မေတ္တာ​တော်​ကို စောင့်​မျှော်​နေ​သူ​တွေ​ကို ကြည့်​ရှု​နေ​တယ်။+ ၁၉  သေဘေး​က​နေ သူတို့​ကို ကယ်​တင်​ဖို့၊အငတ်​ဘေး​ကြုံ​ရ​ချိန်​မှာ အသက်​ဆက်​ရှင်​စေ​ဖို့​ပဲ။+ ၂၀  ယေဟောဝါ​ကို ငါ​တို့ မျှော်​လင့်​စောင့်​စား​နေ​တယ်။ ဘု​ရား​ဟာ ငါ​တို့​ရဲ့​ကူညီ​မစ​ရှင်၊ ငါတို့ရဲ့​ဒိုင်း​လွှား​ပဲ။+ ၂၁  သန့်​ရှင်း​တဲ့ နာ​မတော်​ကို ငါ​တို့ ယုံကြည်​ကိုး​စား​တယ်။+ ဘု​ရား​ကြောင့် စိတ်​ရွှင်​လန်း​ရ​တယ်။ ၂၂  အို ယေဟောဝါ၊ ကိုယ်​တော့်​ကို စောင့်​မျှော်​နေ​ကြ​တဲ့+ကျွန်​တော်​တို့​အပေါ် ခိုင်​မြဲတဲ့​မေတ္တာ​တော် သက်​ရောက်​ပါ​စေ။+

အောက်ခြေမှတ်ချက်များ