မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“မြေကြီး​ဟာ အသီးအပွင့်​တွေ​ကို ထုတ်ပေး​လိမ့်မယ်။ ငါ​တို့ကို ဘုရားသခင် ကောင်းချီး​ပေး​လိမ့်မယ်။”—ဆာလံ ၆၇:၆

မေတ္တာရှင် ဖန်ဆင်း​ရှင်​ရဲ့ ကောင်းချီး​တွေ​ကို ထာဝစဉ် ခံစား​ပါ

မေတ္တာရှင် ဖန်ဆင်း​ရှင်​ရဲ့ ကောင်းချီး​တွေ​ကို ထာဝစဉ် ခံစား​ပါ

ပရောဖက်​ အာဗြဟံရဲ့ အမျိုးအနွယ်​ကနေ “လူမျိုး​အားလုံး” ကောင်းချီး​ခံစား​ရမယ်​လို့ ဘုရားသခင် ကတိပေး​ထား​တယ်။ (ကမ္ဘာဦး ၂၂:၁၈) အဲဒီ​အမျိုးအနွယ်​က ဘယ်သူလဲ။

ဘုရားသခင်​ဟာ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ လောက်​က အာဗြဟံရဲ့ အမျိုးအနွယ်​ဖြစ်​တဲ့ ယေရှုကို အံ့ဩစရာ​ကောင်း​တာ​တွေ​ လုပ်ဖို့ တန်ခိုး​ပေး​ခဲ့​တယ်။ အဲဒီ အံ့ဩစရာ​ အဖြစ်အပျက်​တွေ​က လူသား​အားလုံး​ဟာ ယေရှု​အားဖြင့် ကောင်းချီး​ခံစား​ရမယ်ဆိုတာ ဖော်ပြ​တယ်။—ဂလာတိ ၃:၁၄

အဲဒီ​အံ့ဖွယ်​အမှုတွေက လူသားတွေကို ကောင်းချီး​ပေးဖို့ ယေရှုကို ဘုရား ရွေးချယ်​ထား​တယ်​ဆိုတာ သိရှိစေတယ်။ လူသား​တွေကို ထာဝစဉ်​ ကောင်းချီး​ပေး​ဖို့ ယေရှုကို ဘုရား ဘယ်လို အသုံးပြုမယ်​ဆိုတာ​ကိုလည်း ဖော်ပြ​တယ်။ ယေရှု ပြုလုပ်​ခဲ့​တဲ့ အံ့ဩစရာ​ အဖြစ်အပျက်​တွေ​က ယေရှုရဲ့ အောက်ပါ​အရည်အသွေးတွေကို ဘယ်လို ဖော်ပြ​သလဲ​ဆိုတာ သတိပြုကြည့်​ပါ။

သနား​ညှာတာမှု—ဖျားနာ​သူတွေကို ကုသ​ပေး​ခဲ့​တယ်။

တစ်ခါ​မှာ အနာကြီး​ရောဂါ​သည် တစ်ယောက်​က ကုသ​ပေး​ဖို့ ယေရှုကို အသနား​ခံ​ခဲ့​တယ်။ ယေရှု​က သူ့ကို လှမ်း​ကိုင်​ပြီး “ဆန္ဒ​ရှိတာပေါ့” လို့ ပြောလိုက်​တော့ ချက်ချင်းပဲ အနာကြီး​ရောဂါ ပျောက်​သွားတယ်။—မာကု ၁:၄၀-၄၂

ရက်ရောမှု—ဆာလောင်​နေသူတွေကို ယေရှု ကျွေးမွေးခဲ့​တယ်။

လူတွေ ဆာလောင်​နေတာကို ယေရှု အလို​မရှိဘူး။ ယေရှုဟာ မုန့်နည်းနည်း၊ ငါး​နည်းနည်း​ကို အံ့ဖွယ်​နည်းနဲ့ ပွား​အောင်​ လုပ်ပြီး ထောင်နဲ့​ချီ​တဲ့ လူတွေကို တစ်ကြိမ်​ထက်မက ကျွေးမွေး​ခဲ့​တယ်။ (မဿဲ ၁၄:၁၇-၂၁။ ၁၅:၃၂-၃၈) အားလုံး ဝဝလင်လင် စား​ပြီး​နောက်မှာ​တောင် အများကြီး ကျန်​သေး​တယ်။

သနား​ကြင်နာ​မှု—လူသေတွေကို ယေရှု ပြန်ရှင်​အောင် လုပ်ပေးခဲ့တယ်။​

လုပ်ကျွေး​မယ့်​သူ မရှိတော့လို့ ဝမ်းနည်း​ကြေကွဲ​နေတဲ့ မုဆိုးမရဲ့ တစ်ဦးတည်း​သော​သားကို အသက်ပြန်ရှင်​အောင် ယေရှု လုပ်ပေးခဲ့တာ “သနားစိတ်” ကြောင့်​ပဲ။—လုကာ ၇:၁၂-၁၅