မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တခြား​သူတွေရဲ့ အသက်အရွယ်၊ နိုင်ငံသား၊ ကိုးကွယ်​ရာ​ဘာသာ​ကို ထည့်​မတွက်​ဘဲ ကူညီ​ပေး​နိုင်​မလား

လိုအပ်​နေသူတွေကို ကူညီ​ပေး​သူတွေ ခံစား​ရမယ့် ကောင်းချီး​များ

လိုအပ်​နေသူတွေကို ကူညီ​ပေး​သူတွေ ခံစား​ရမယ့် ကောင်းချီး​များ

ကမ္ဘာ​တစ်ဝန်း​က လူတွေဟာ အစားအသောက်​နဲ့ နေစရာတွေ လိုအပ်​နေတယ်။ တချို့က​တော့ အနာဂတ်​ မျှော်လင့်ချက်​လောက်​ပဲ လိုအပ်​ကြတယ်။ အဲဒီလို​လူတွေကို ကူညီ​ပေး​တာ​က ဘာကြောင့် ဘုရားသခင့် ကောင်းချီး ခံစား​ရစေ​သလဲ။

သမ္မာကျမ်းစာ အဆို

“နိမ့်ကျ​သူကို မျက်နှာသာ​ပေး​တဲ့​သူဟာ ယေဟောဝါ​ကို ချေးငှား​ပေး​တဲ့​သူပဲ။ သူ့​လုပ်ရပ်​အတွက် ဘုရား ပြန်​ဆပ်ပေး​လိမ့်မယ်။”—ပညာအလိမ္မာ ၁၉:၁၇

လိုအပ်​နေသူတွေကို ကူညီ​ပေးခြင်း​ဆိုတာ

ဓားပြ​တိုက်ခံ​ရပြီး သေ​လု​မျောပါး​ ဖြစ်နေ​တဲ့ လူတစ်ယောက်​အကြောင်း ပုံ​ဥပမာ​ကို ယေရှု ပြောပြ​ခဲ့​တယ်။ (လုကာ ၁၀:၂၉-၃၇) ကူညီ​ပေး​တတ်​တဲ့ သူစိမ်း​တစ်ယောက်​က အဲဒီ​လူကို ဂရုစိုက် ကုသ​ပေး​ခဲ့​တယ်။ လူမျိုး​ မတူ​ပေမဲ့ အဲဒီလို​လုပ်ပေးခဲ့တယ်။

ကြင်နာ​တတ်​သူက ဒဏ်ရာ​ရ​နေသူကို အရေးပေါ်​ ကုသမှု​နဲ့ ရုပ်ပိုင်းဆိုင်ရာ​ ထောက်ပံ့မှု​ပဲ ပေး​ခဲ့​တာ မဟုတ်ဘူး။ စိတ်သက်သာရာ​ ရအောင် နှစ်သိမ့်​ပေး​ခဲ့​တယ်။

ဒီ​ပုံ​ဥပမာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ကျွန်တော်​တို့​ဟာ အကူအညီ လိုအပ်​နေသူတွေကို တတ်နိုင်​သလောက် ကူ​ညီ​ပေး​သင့်တယ်​ဆိုတာ သင်ယူ​ရ​ပါ​တယ်။ (ပညာအလိမ္မာ ၁၄:၃၁) မကြာခင် ဆင်းရဲ​ဒုက္ခတွေကို ဘုရားသခင် ဖယ်ရှား​ပေး​တော့​မယ်​လို့ သမ္မာကျမ်းစာ ပြော​ထား​တယ်။ ဒါဆိုရင် ဘယ်​အချိန်​မှာ ဘယ်လိုနည်းနဲ့ ဘုရား ဖယ်ရှား​ပေး​မလဲ​လို့ စဉ်းစားမိ​နိုင်တယ်။ မေတ္တာ​ရှိတဲ့ ဖန်ဆင်းရှင် ပြင်ဆင်​ထား​တဲ့ အနာဂတ်​ကောင်းချီး​တွေ​ကို နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။