မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာမျက်နှာ ၂

စာမျက်နှာ ၂

စာမျက်နှာ ၂

တာဝန်သိတတ်တဲ့ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ခြင်း

မိဘတွေဟာ ရတနာအလား အဖိုးတန်လှတဲ့ မွေးကင်းစကလေးငယ်ကိုကြည့်တဲ့အခါ သူတို့မစဉ်းစားချင်တဲ့အရာတစ်ခုရှိတယ်။ ဒါပေမဲ့ အဲဒါက အမှန်တရားတစ်ခုပါ၊ အဲဒါကတော့ ဒီကလေးလေးဟာ တဖြည်းဖြည်းကြီးလာပြီး နောက်ပိုင်း အရွယ်ရောက်လာတဲ့အခါ သူ့ခြေထောက်ပေါ်သူ ရပ်တည်သွားမယ်ဆိုတဲ့အချက်ပဲ။ ဒီလိုပဲဖြစ်လာရမှာဖြစ်တယ်၊ အကြောင်းက ကျမ်းစာမှာ “ယောက်ျားသည် ကိုယ်မိဘကိုစွန့်” မယ်လို့ဖော်ပြထားတဲ့အတွက်ပဲ။ (ကမ္ဘာဦး ၂:၂၄) မိန်းကလေးဆိုရင်လည်း အလားတူပဲဖြစ်တယ်။

ဒါပေမဲ့ အရွယ်ရောက်တဲ့ကိုယ့်သားသမီး အိမ်ကနေခွဲထွက်သွားချိန်မှာ မိဘတွေဟာ ပျော်သလိုလို၊ ဝမ်းနည်းသလိုလိုနဲ့ကျန်ရစ်ခဲ့ရပြီး ဒီလိုတွေးမိတတ်ကြတယ်– ‘ငါ့ကလေးကို ငါ ကောင်းကောင်းကြည့်ရှုစောင့်ရှောက်ခဲ့ရဲ့လား။ သူ အလုပ်မြဲပါ့မလား၊ နေစရာရောရှိပါ့မလား၊ ကိုယ်ရဲ့ဝင်ငွေနဲ့ အဆင်ပြေပြေရပ်တည်နိုင်ပါ့မလား။’ မိဘတွေ အစိုးရိမ်ဆုံးကတော့ ‘ငါတို့သင်ပေးထားတဲ့စံနှုန်းတွေနဲ့အညီ သူတို့တွေနေသွားပါ့မလား’ ဆိုတာပဲ။—သု. ၂၂:၆; ၂ တိမောသေ ၃:၁၅

ကလေးတွေကို အသက်အရွယ်အလိုက် ကောင်းစွာသွန်သင်ဆုံးမဖို့ ကျမ်းစာမှာပါတဲ့အကြံပေးချက်တွေက မိဘတွေကို ဘယ်လိုကူညီနိုင်သလဲဆိုတာ ဒီအထူးထုတ် နိုးလော့! က ဖော်ပြပေးပါလိမ့်မယ်။